Friday, September 2, 2016

7Day News Journal

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ယာဉ်တွေကို စက်တင်ဘာ ၁ ရက်ကစပြီး စတင်ဖမ်းဆီးနေပါပြီ။ရန်ကုန်-မန္တလေး အမြန်လမ်းတွင် သတ်မှတ်မိုင်နှုန်း ထက် ပိုမိုမောင်းနှင်သည့် ယာဉ်များကို စက်တင်ဘာ ၁ ရက်မှ စတင်ဖမ်းဆီးခဲ့ရာ ဖမ်းဆီးသည့် နေ့တွင်ပင် ယာဉ်အစီးရေ ၃၇ စီးကို အရေးယူထားကြောင်း သတင်းရရှိသည်။ ‘‘ဖမ်းဆီးအရေးယူဖြစ်တဲ့ အ ဓိကရည်ရွယ်ချက်ကတော့ အမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေ အဓိက ဖြစ်ရတဲ့အကြောင်းရင်းက သတ် မှတ်မိုင်နှုန်းထက် ကျော်လွန် မောင်းနှင်မှု၊ အရှိန်ပြင်းမောင်းနှင် မှုကြောင့် ဖြစ်တယ်ဆိုတာ ကျွန် တော်တို့စိစစ်တွေ့ရှိရတဲ့အတွက် အရှိန်နှုန်းတိုင်းကိရိယာနဲ့ ဖမ်းဆီး အရေးယူဆောင်ရွက်ခြင်း ဖြစ်ပါ တယ်’’ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ဒုရဲမှူးကြီးစိုးမြင့်ဦး ကပြောသည်။ စက်တင်ဘာ ၁ ရက်ကစ၍ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် မိုဘိုင်းရွေ့လျားစနစ်ဖြင့် သတ်မှတ်မိုင်နှုန်း တစ်နာရီ မိုင် ၆၀၊ ကီလို ၁၀၀ အထက် မောင်းနှင်သည့် ယာဉ်များကို ဖမ်းဆီး၍ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ယာဉ်စည်းကမ်းထိန်းသိမ်းရေးတရားရုံးတွင် ဒဏ်ငွေ ကျပ်ငါးသောင်းဖြင့် ချက်ချင်းဒဏ်တပ်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သတ်မှတ်မိုင်နှုန်းထက် ပိုမို မောင်းနှင်သည့်ယာဉ်များကို ဖမ်း ဆီးရာတွင် ယာဉ်အစီးရေ ၃၇ စီး ဖမ်းဆီးရရှိထားပြီး ၁၃ စီးမှာ ဒဏ် ငွေဆောင်ပြီးဖြစ်၍ ၂၁ စီး ကျန်ရှိ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။ ‘‘ဖမ်းဆီးရမိတဲ့ ကားတွေ အားလုံးက အိမ်စီးကားတွေချည်း ပဲ ဖြစ်ပါတယ်။ သူတို့ကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က ထုတ်တဲ့ မော်တော်ယာဉ်ဥပဒေ အတိုင်း အရေးယူပြီး နေပြည် တော်မှာ ဒဏ်ရိုက်တယ်’’ဟု အ မြန်လမ်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စိုး မြင့်ဦးကပြောသည်။ အဆိုပါ သတ်မှတ်မိုင်နှုန်း ထက် အရှိန်ပိုမောင်းနှင်သည့် ယာဉ်များကို အရှိန်နှုန်းတိုင်းကိရိ ယာဖြင့် သာဂရအမြန်လမ်းမကြီး ရဲစခန်း၊ ပန်းတင်အမြန်လမ်းမ ကြီးရဲစခန်း၊ သီးကုန်း၊ ပြင်စည်၊ ဘောနက်ကြီး၊ မြို့ချောင်း ၊ ဘောနီအမြန်လမ်းမကြီးရဲစခန်း စသည့် နေရာခုနစ်နေရာတွင် ဖမ်းဆီးအ ရေးယူခဲ့ခြင်းဖြစ်သည်။ တစ်ဆက်တည်းမှာပင် အ မြန်လမ်းမကြီးပေါ်၌ မောင်းနှင် လျက်ရှိသော ယာဉ်မောင်းများကို အရက်သေစာသောက်စားမှု ရှိ၊ မရှိ၊ ခွင့်ပြုထားသည့် ကုန်စည် တင်ဆောင်သည့်ယာဉ်၊ ကိုယ်ပိုင် ယာဉ်များကို စစ်ဆေးမည်ဖြစ် ကြောင်း သိရသည်။ ရန်ကုန်-နေပြည်တော်-မန္တ လေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်း နှင်သည့် ခရီးသည်တင်ယာဉ်များကို ဖုန်းခေါ်ဆိုသတိပေးမှုမှာ ပြီးခဲ့သည့် ဇွန်လတွင် အကြိမ်ရေ ၁,၇၀၀ ကျော် ရှိခဲ့သည်။ @LH
Source : http://ift.tt/2bOiuO9
via IFTTT

No comments:

Post a Comment