တသက်တာအောင်မြင်မှုဂုဏ်ထူးဆောင်အကယ်ဒမီဆု သရုပ်ဆောင် ဂျက်ကီချန်းရရှိ ကမ္ဘာကျော် ဟောလီးဝုဒ် ကွန်ဖူးမင်းသားကြီးတဦး ဖြစ်တဲ့ ဂျက်ကီချန်းဟာ Governors Awards 2016 မှ တသက်တာ အောင်မြင်မှု ဂုဏ်ထူးဆောင် အကယ်ဒမီဆုကို လက်ခံရရှိဖို့ရှိတယ်လို့ Academy of Motion Picture Arts and Sciences က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။ ဟောင်ကောင်နိုင်ငံသား အသက် ၆၂ နှစ်အရွယ် ဟောလီးဝုဒ်သရုပ်ဆောင်မင်းသား ဂျက်ကီချန်းဟာ Kung Fu Panda ၊ The Karate Kid ၊ Rush Hour စတဲ့ ဇာတ်ကားတွေနဲ့ ရရှိခဲ့တာဖြစ်ပြီး Documentary ဖန်တီးသူ Frederick Wiseman ၊ ဗြိတိန်ရုပ်ရှင်တည်းဖြတ်သူ Anne V. Coates နဲ့ ဒါရိုက်တာ Lynn Stalmaster တို့လည်း အဆိုပါ Governors Awards 2016 မှာ အသီးသီး ရရှိကြမှာဖြစ်ပါတယ်။ ဒီဆုကို လာမယ့် နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ပေးအပ်သွားမှာပါ။ စစ်မှန်တဲ့တီထွင်ဆန်းသစ်မှုများနှင့် သူတို့ရဲ့ အတတ်ပညာတွေထဲမှာ ဒဏ္ဍာရီဆန်တာတွေ ရှိနေတယ်လို့ အကယ်ဒမီ အကဲဖြတ်ဒိုင်တဦးဖြစ်တဲ့ Cheryl Boone Isaacs က ထုတ်ပြန် ကြေညာချက်မှာ ပြောဆိုထားပါတယ်။ အသက် ၈ နှစ်အရွယ်ကတည်း စတင် သရုပ်ဆောင်လာခဲ့တဲ့ ဂျက်ကီချန်းဟာ သရုပ်ဆောင်အပြင် တခါတလေမှာ စာရေးသားခြင်းနှင့် ဖိုက်တင်းဇာတ်ကားပေါင်း ၃၀ ကျော်ကို ဒါရိုက်တာအဖြစ် ဟောင်ကောင်နိုင်ငံမှာ ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။ Ref : reuters.com
Source : http://ift.tt/2bLQsFQ
via IFTTT
No comments:
Post a Comment