Saturday, September 3, 2016


ညီလာခံ တင်ပြချက်များ အားလုံး စုစည်း၍ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်မည် နေပြည်တော်၊ စက်တင်ဘာ ၂ ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား အစုအဖွဲ့ အားလုံးမှ တင်ပြထားသော စာတမ်း မူဘောင်များကို စုစည်း၍ ပြည်နယ်ဒေသ အသီးသီးတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ယနေ့ ပြုလုပ်သော ညီလာခံ ဒုတိယနေ့ အပြီးတွင် ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ဦးစိုင်းလင်း၊ ဒေါက်တာ ဆလိုင်းလျန်မုန်း ဆာခေါင်းနှင့် ဦးခင်ဇော်ဦး (ဒုတိယဗိုလ်ချုပ် ကြီး-ငြိမ်း) တို့က သတင်းစာ ရှင်းလင်းပွဲပြုလုပ် ၍ အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ ယခုကျင်းပနေသော ညီလာခံကို စက်တင်ဘာ ၃ ရက်တွင် ရပ်နားထားမည် ဖြစ်ပြီး တင်ပြချက်များကို တစ်စုတစ်စည်းတည်း စုစည်း၍ ကဏ္ဍအလိုက် စာအုပ်ပြုစုသွား မည်ဖြစ်ကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍများအလိုက် အမျိုးသား အဆင့် ဆွေးနွေးပွဲများတွင် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဦးခင်ဇော်ဦးက ပြောကြားသည်။ ''မပြေလည်ရင် ပြန်လည် ဆွေးနွေးမယ်။ ကော်မတီကနေ အမျိုးသားအဆင့် ပြည်နယ် ဆွေးနွေးပွဲတွေမှာ အကြေအလည် ဆွေးနွေးရမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ဆိုသည်။ ယင်းဆွေးနွေးပွဲများမှ ဘုံသဘော တူညီချက်များကိုရရှိရန် အချိန်ငါးလခန့် ယူရမည်ဖြစ်သောကြောင့် အပစ်အခတ် လက်မှတ်ရေးထိုးထားထားခြင်း မရှိသေး သော အဖွဲ့ဝင်များ ပါဝင်ဆွေးနွေးနိုင်ရန် အချိန်ရနေသည့် သဘောရှိကြောင်း၊ NCA တွင် လက်မှတ်ရေးထိုးခြင်း မရှိသူများ အနေနှင့် ဦးဆောင်ပါဝင်ဆွေးနွေးခွင့် ရရှိ မည်မဟုတ်ကြောင်း ဒေါက်တာဆလိုင်း လျန်မုန်းဆာခေါင်းက ပြောသည်။ ညီလာခံကို ခြောက်လလျှင် တစ်ကြိမ် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်ရေး ရနိုင်ရေးအတွက် ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် ငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုထားကြောင်း ဦးဇော်ဌေးက ဆိုသည်။ လက်ရှိညီလာခံ ကျင်းပနေချိန်တွင် NCA လက်မှတ် ရေးထိုးခြင်း မပြုရသေးသော KIA၊ MNDA တို့နှင့် နားလည်မှု ရရှိထားသော်လည်း TNLA အဖွဲ့အနေနှင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပယ်မည် မဟုတ်ကြောင်း ကြေညာချက်ထုတ်ထားသည်။
Source : http://goo.gl/Cydaeg
via IFTTT

No comments:

Post a Comment