ထိုင်းဘုရင်မင်းမြတ် သွေးဆိပ်တက် ရောဂါကြောင့် ကုသမှု ခံယူ၊ အခြေအနေ တိုးတက်လျက်ရှိဟုဆို ကမ္ဘာပေါ်တွင် နန်းသက် အကြာဆုံးသော ဘုရင်ဖြစ်သည့် ထိုင်းဘုရင်ဘူမီဘော အဒူရာဂျစ်သည် ယခုအခါ သွေးဆိပ်တက်သည့် ရောဂါကြောင့် ဆေးကုသမှု ခံယူနေရသည်ဟု ထိုင်းဘုရင့် နန်းတော်က သတင်း ထုတ်ပြန်ကြောင်း VOA သတင်းဌာနက ရေးသား ဖော်ပြသည်။ ဘုရင်မင်းမြတ်သည် သွေးဆိပ်တက် ရောဂါအတွက် ကုသမှု ခံယူခဲ့ရသော်လည်း ယခုအခါ သူ၏ အခြေအနေမှာ တဖြည်းဖြည်းချင်း တိုးတက် ကောင်းမွန်လာပြီဖြစ်ကြောင်း၊ သွေးအစားထိုး လဲလှယ်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့ခြင်းကြောင့် ကောင်းမွန်လာခြင်း ဖြစ်ကြောင်း နန်းတော်က ကြေညာချက် ထုတ်ပြန်သည်။ ထို့ပြင် အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်သော ထိုင်းဘုရင်မင်းမြတ်၏ အဆုတ်ထဲတွင် ရေဝင်နေပြီး သူ၏ ကျောက်ကပ်မှာလည်း စွမ်းဆောင်ရည် ကျဆင်းလျက်ရှိကြောင်း ကြေညာချက်က ဆိုသည်။ ဘုရင်မင်းမြတ်သည် အသက်ရှူ မြန်လာပြီး ချွဲကျပ် ဝေဒနာ ဖြစ်ပေါ်ခဲ့ရာမှ ၎င်းအား စမ်းသပ် စစ်ဆေးကြည့်ရာ ပြင်းထန်သည့် သွေးဆိပ်တက် ရောဂါဝေဒနာ ခံစားနေရခြင်း ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်ဟု နန်းတော်က တာဝန်ရှိသူများက ဆိုသည်။ သို့အတွက်ကြောင့် ကိုယ်အပူရှိန် တက်ပြီး သွေးပေါင်ချိန်ကျဆင်းခဲ့ကြောင်း၊ သို့သော် ယခုအခါ တဖြည်းဖြည်းချင်း ကောင်းမွန်လာပြီဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။ ဘုရင်ဘူမီဘောသည် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်မှစ၍ ကျန်းမာရေး ချို့ယွင်းမှု မကြာခဏ ဖြစ်ပေါ်ခဲ့ရာ ဘန်ကောက်ရှိ ဆရီဂျစ် ဆေးရုံ၌ မကြာခဏ ကုသမှု ခံယူခဲ့ရသည်။ ၎င်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဘန်ကောက်ရှိ နန်းတော်သို့ သွားရောက် လည်ပတ်ခဲ့စဉ် ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။ ထိုင်းနိုင်ငံတွင် ပြည်သူ အားလုံး နီးပါးက ဘုရင်မင်းမြတ်ကို ချစ်မြတ်နိုးကြရာ ၎င်း၏ ကျန်းမာရေး အခြေအနေကို အနီးကပ် စောင့်ကြည့်လျက် ရှိသည်။
Source : http://goo.gl/Z83rkA
via IFTTT
No comments:
Post a Comment