Saturday, September 3, 2016


ဆလိုဗက်ကီးယားကွင်းမှာ နာမည်ကြီး အင်္ဂလန် ရုန်းကန်ရနိုင်ပြီး ဂျာမနီ၊ အီတလီ၊ စပိန်တို့ တာထွက်လှနိုင်တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲတွေကို ဒီတစ်ပတ် စတင် ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ အင်္ဂလန်က ယူရို-၂၀၁၆ မှာ အနိုင် မရခဲ့တဲ့ ဆလိုဗက်ကီးယားကွင်းမှာ ကစားရမှာဖြစ်လို့ ရုန်းကန်ရနိုင်ခြေ ရှိနေပါတယ်။ ဂျာမနီနဲ့ အီတလီတို့လည်း အ၀ေးကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့် အင်္ဂလန်လောက် ပွဲမကျပ်ပါဘူး။ အိမ်ကွင်းမှာ လက်ချင်စတိန်းနဲ့ ကစားရမယ့် စပိန်အသင်းကတော့ အနိုင်နဲ့ တာထွက်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။ ■ ဒိန်းမတ် နှင့် အာမေးနီးယား (၄-၉-၂၀၁၆ တနင်္ဂနွေ ည ၁၀း၃၀) ဒိန်းမတ်က ခြေစမ်းပွဲတွေမှာ ကောင်းပေမယ့် ပြိုင်ပွဲအဆင့်ရောက်ရင် ရုန်းကန်ရတတ်ပါတယ်။ အသင်းကလည်း ထိပ်တန်း အဆင့်မှာ မရှိတော့ဘဲ ကွင်းလယ်လူ အဲရစ်ဆင်ရဲ့ ရုန်းကန်အားကိုပဲ အဓိက မှီခိုနေရပါတယ်။ အာမေနီးယားနဲ့ ယူရိုခြေစစ်ပွဲတုန်းက ဆုံခဲ့ဖူးပြီး အိမ်ကွင်းမှာနိုင်၊ အ၀ေးကွင်းမှာ သရေကျခဲ့တယ်။ နိုင်တဲ့ပွဲမှာ ဂိုးမပြတ်ပါဘူး။ ဒီပွဲမှာလည်း ဂိုးမပြတ်ဘဲ နိုင်ဖို့များတယ်။ ■ ကာဇက်စတန် နှင့် ပိုလန် (၄-၉-၂၀၁၆ တနင်္ဂနွေ ည ၁၀း၃၀) ကာဇက်စတန်က ပြိုင်ပွဲအဆင့်မှာ နိုင်ပွဲရဖို့ ခက်ခဲနေဆဲပါ။ ပြီးခဲ့တဲ့ ယူရို ခြေစစ်ပွဲမှာတော့ နိုင်ပွဲ တစ်ပွဲ ရခဲ့တယ်။ ဒါပေမဲ့ ပြိုင်ဘက်က လတ်ဗီးယား ဖြစ်သလို၊ ပွဲကလည်း အရေးမပါတော့တဲ့ နောက်ဆုံးပွဲစဉ် ဖြစ်နေပါတယ်။ ပိုလန်ကတော့ ဥရောပ အသင်းကြီး စာရင်းထဲကို တိုး၀င်နေပြီး ဥရောပအဆင့် ကစားသမား များစွာကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ပိုလန်ကိုပဲ ရွေးချယ်ချင်ပါတယ်။ ■ ဆလိုဗက်ကီးယား နှင့် အင်္ဂလန် (၄-၉-၂၀၁၆ တနင်္ဂနွေ ည ၁၀း၃၀) ဆလိုဗက်ကီးယား လူစာရင်းက အင်္ဂလန်လောက် မတောင့်တင်းပေမယ့် ကွင်းထဲမှာ အလုပ်ဖြစ်အောင် ကစားတတ်တယ်။ ပူပူနွေးနွေး ယူရို-၂၀၁၆ ပြိုင်ပွဲ အုပ်စုအဆင့်မှာ ဆုံခဲ့ဖူးပြီး ဂိုးမရှိ သရေကျခဲ့တာပါ။ အင်္ဂလန်က နည်းပြသစ် ဆမ်အလာဒိုက်စ်ရဲ့ ကစားကွက်နဲ့ ပထမဆုံး ကစားရမယ့်ပွဲ ဖြစ်နေတယ်။ အင်္ဂလန် အချိန်ယူရဦးမယ်လို့ ယူဆတယ်။ ဆလိုဗက်ကီးယား မရှုံးနိုင်ဘူးလို့ ထင်တယ်။ ■ နော်၀ေ နှင့် ဂျာမနီ (၅-၉-၂၀၁၆ တနင်္လာ နံနက် ၁း၁၅) ယူရို-၂၀၁၆ ခြေစစ်ပွဲမှာတုန်းက ဂျာမနီရဲ့ အားထုတ်မှုက မေးခွန်းထုတ်စရာ ဖြစ်ခဲ့တယ်။ ယူရိုပြိုင်ပွဲကို အသင်းတိုးချဲ့ပြီး ခြေစစ်ပွဲမှာ အတိမ်းအစောင်း ခံနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ အခုက ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဖြစ်ပြီး ဂျာမနီက လက်ရှိချန်ပီယံဖြစ်လို့ ဂုဏ်သိက္ခာ အပွန်းအပဲ့ ခံမယ် မထင်ဘူး။ နော်၀ေက အိမ်ကွင်း မာကျောတဲ့ အသင်း ဖြစ်ပေမယ့် ဂျာမနီ အနိုင်ကစားလိမ့်မယ်။ ■ ချက် နှင့် မြောက်အိုင်ယာလန် (၅-၉-၂၀၁၆ တနင်္လာ နံနက် ၁း၁၅) ချက်ရဲ့ ဘောလုံး အဆင့်အတန်းက တအိအိနဲ့ ကျဆင်းလာတယ်။ တိုက်စစ်အားပြု အသင်းဖြစ်ပေမယ့် အရည်အသွေးမြင့် တိုက်စစ်ကစားသမားတွေ ပျောက်ဆုံးလာတယ်။ မာကျောတဲ့ အသင်းတွေနဲ့ တွေ့ရင် ရုန်းကန်ရတတ်တယ်။ မြောက်အိုင်ယာလန်က ခံစစ် အလုံပိတ်ပြီး တန်ပြန်တိုက်စစ်နဲ့ ချောင်းကစားတတ်တဲ့ အသင်းပါ။ ချက် အနိုင်ရဖို့ ခက်ခဲနိုင်ပြီး သရေကျသွားနိုင်ပါတယ်။ ■ ဆားဘီးယား နှင့် အိုင်ယာလန် (၆-၉-၂၀၁၆ အင်္ဂါ နံနက် ၁း၁၅) ဆားဘီးယား ခံစစ်မှာ နာမည်ကြီးတွေ အရွယ်လွန်လာပြီး အရင်လို မာကျောမှု မရှိတော့ပါဘူး။ တိုက်စစ်ကတော့ တိုးတက်မှု ရှိပါတယ်။ ဒါပေမဲ့ မီထရိုဗစ်နဲ့ တာဒစ် အတွဲ အပေါ်မှာ မှှီခိုမှု များတယ်။ အိုင်ယာလန်ကလည်း ရော်ဘီကင်း အနားယူသွားလို့ တိုက်စစ်မှာ ပုံမှန်ဂိုးသွင်းနိုင်တဲ့သူ မရှိတော့ဘူး။ ခြေညီတဲ့နှစ်သင်းလို့ ဆိုနိုင်ပြီး သရေဆိုရင် နှစ်သင်းစလုံးအတွက် မျှပါတယ်။ ■ ၀ေးလ်စ် နှင့် မော်လ်ဒိုဗာ (၆-၉-၂၀၁၆ အင်္ဂါ နံနက် ၁း၁၅) ၀ေးလ်စ် အသင်းမှာ ဂါရတ်ဘေးလ်က အဓိကမဏ္ဍိုင် ဖြစ်ပေမယ့် ကွင်းလယ်လူ ရမ်ဆေးရဲ့ အခန်းကဏ္ဍလည်း ကြီးမားတာကို ပြီးခဲ့တဲ့ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ တွေ့ခဲ့ရတယ်။ ရမ်ဆေး ဒဏ်ရာရနေတာကြောင့် ၀ေးလ်စ် ကွင်းလယ် ကစားကွက်မြိုင်ဖို့ ခက်ခဲနိုင်တယ်။ ဒါပေမဲ့ ပြိုင်ဘက်က မော်လ်ဒိုဗာ ဖြစ်နေပါတယ်။ ၀ေးလ်စ် နှစ်ဂိုးပြတ်လောက်နဲ့ နိုင်ဖို့ များတယ်။ ■ အစ္စရေး နှင့် အီတလီ (၆-၉-၂၀၁၆ အင်္ဂါ နံနက် ၁း၁၅) ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အထင်ကြီးစရာ ခြေစွမ်းပြသခဲ့တဲ့ အစ္စရေးက ယူရို-၂၀၁၆ ခြေစစ်ပွဲမှာတော့ ပြန်လည် ကျဆင်းသွားခဲ့တယ်။ အလယ်အလတ်အသင်းချင်း တွေ့ရင် ကစားပုံ မဆိုးပေမယ့် ထိပ်သီးအသင်းတွေကိုတော့ ခုခံပြီး မကစားနိုင်တော့တာ တွေ့ရတယ်။ အီတလီက နည်းပြ ပြောင်းသွားပေမယ့် လူစာရင်း အပြောင်းအလဲ ကြီးကြီးမားမား မရှိပါဘူး။ အီတလီကိုပဲ ရွေးချယ်ချင်ပါတယ်။ ■ စပိန် နှင့် လက်ချင်စတိန်း (၆-၉-၂၀၁၆ အင်္ဂါ နံနက် ၁း၁၅) စပိန်က ပြိုင်ပွဲကြီးတွေမှာ ဆက်တိုက် ကျရှုံးပြီး အရှိန်အ၀ါ ကျဆင်းလာတယ်။ လူအင်အား အရတော့ ထိပ်သီး အဆင့်မှာ ရှိနေဆဲပါ။ စပိန်ကွင်းလယ်မှာ အင်နီယေစတာ မပါ၀င်နိုင်တာက လက်ချင်စတိန်းနဲ့ ကစားရမယ့်ပွဲမှာ အားနည်းချက် ဖြစ်လာမှာ မဟုတ်ပါဘူး။ ကစားသမားသစ်၊ ကစားကွက်သစ်ကို စမ်းသပ်ဖို့ အခွင့်အရေး တစ်ခုလို့ ဆိုနိုင်ပါတယ်။ လက်ချင်စတိန်း ပုံမှန်အတိုင်း ဂိုးပြတ် ရှုံးပါဦးမယ်။ ■ ခရိုအေးရှား နှင့် တူရကီ (၆-၉-၂၀၁၆ အင်္ဂါ နံနက် ၁း၁၅) ခြေစွမ်းပြနေတဲ့ တူရန် မပါ၀င်တာက တူရကီကို အားနည်းစေပါတယ်။ အမ်မရီမော်အပြင် အခြား အရည်အချင်းရှိတဲ့ လူငယ်တွေကို ပိုင်ဆိုင်ထားပေမယ့် အတွေ့အကြုံပိုင်း နုနယ်ပါတယ်။ ခရိုအေးရှားက စဉ်ဆက်မပြတ် တည်ဆောက်ထားတဲ့အသင်း ဖြစ်သလို၊ ယူရို-၂၀၁၆ ပြိုင်ပွဲမှာလည်း တူရကီကို အနိုင် ကစားထားတာပါ။ အိမ်ကွင်းမာတဲ့ ခရိုအေးရှားဆီက တူရကီ တစ်မှတ်ရဖို့တောင် မလွယ်ပါဘူး။ ▬ ကမ္ဘာ့ဖလား (ဥရောပဇုန်) ခြေစစ်ပွဲစဉ်များ (၄/၅-၉-၂၀၁၆) ဆန်မာရီနို - အဇာဘိုင်ဂျန် ဒိန်းမတ် - အာမေးနီးယား ကာဇက်စတန် - ပိုလန် လစ်သူယေးနီးယား - ဆလိုဗေးနီးယား ဆလိုဗက်ကီးယား - အင်္ဂလန် ချက် - မြောက်အိုင်ယာလန် နော်၀ေ - ဂျာမနီ ရိုမေးနီးယား - မွန်တီနီဂရိုး မော်လ်တာ - စကော့တလန် ဂျော်ဂျီယာ - ဩစတြီးယား ဆားဘီးယား - အိုင်ယာလန် ၀ေးလ်စ် - မော်လ်ဒိုဗာ အယ်လ်ဘေးနီးယား - မက်ဆီဒိုးနီးယား အစ္စရေး - အီတလီ စပိန် - လက်ချင်စတိန်း ခရိုအေးရှား - တူရကီ ယူကရိန်း - အိုက်စလန် ဖင်လန် - ကိုဆိုဗို ▬ အာဖရိကနိုင်ငံများ ဖလား ခြေစစ်ပွဲ အချို့ (၃/၄-၁၂-၂၀၁၅) ကင်မရွန်း - ဂမ်ဘီယာ အန်ဂိုလာ - မာဒါဂါစကာ ဆီနီဂေါ - နမီးဘီးယား ဂါနာ - ရ၀မ်ဒါ အိုင်ဗရီကို့စ် - ဆီအာရာလီယွန် ယူဂန္ဓာ - ကိုမိုရော့စ် ဇမ်ဘီယာ - ကင်ညာ ကွန်ဂို - ဂီနီဘစ်ဆော ဂီနီ - ဇင်ဘာဘွေ မာလီ - ဘီနင် တူနီးရှား - လိုင်ဘေးရီးယား DR ကွန်ဂို - ဗဟိုအာဖရိက နိုင်ဂျား - ဘူရွန်ဒီ Website link -----> http://ift.tt/2cnIzrE
Source : http://ift.tt/2cnIzrE
via IFTTT

No comments:

Post a Comment