Saturday, September 3, 2016


ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များ တိုးမြှင့်ပြင်ဆင်မည် ရန်ကုန်မြို့လယ်ရှိ ဆိုင်တစ်ဆိုင်တွင် ရောင်းချနေသော စီးကရက်ဘူးများကို တွေ့ရစဉ် ခေတ်ကာလနှင့်အညီ အရေးယူနိုင်ရန် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များ တိုးမြှင့်သတ်မှတ်ရန် စီစဉ်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ “ပြစ်မှုပြစ်ဒဏ်မှာ ၂၀၀၆ ခုနှစ်က ထုတ်ထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက် ပြစ်ဒဏ်တွေက တော်တော် နည်းပါတယ်။ ဒဏ်ငွေဆိုရင် ဆေးလိပ်သောက်တဲ့ သူမှ နှစ်ထောင်၊ သုံးထောင်ပဲ ရှိတယ်။ ဆေးလိပ်ထုတ်တဲ့သူတွေ မလိုက်နာဘူး ဆိုရင်လည်း အလွန်ဆုံးမှ ကျပ်နှစ်သောင်း၊ သုံးသောင်းတို့က အရမ်း နည်းနေတာပေါ့။ ပြစ်ဒဏ်တွေကို နည်းနည်း တိုးမြှင့်ဖို့ အဲဒီ အချက်တွေကို အဓိက ပြင်မှာ ဖြစ်ပါတယ်” ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသူဇာချစ်တင်က ပြောကြားသည်။ အဆိုပါ ဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များ တိုးမြှင့်ပြင်ဆင်ရာတွင် ငွေဒဏ်နှင့် ထောင်ဒဏ် နှစ်ရပ်လုံးကို တိုးမြှင့်သွားမည် ဖြစ်ပြီး တိုးမြှင့်မည့် ပမာဏကိုမူ အသေးစိတ် ညှိနှိုင်း ပြင်ဆင်မည် ဖြစ်သည်။ အဆိုပါ ဥပဒေအရ ဆေးလိပ်ထုပ်တွင် ဖော်ပြရမည့် ‘ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း’ မြန်မာဘာသာဖြင့် ရေးသားရမည့် သတိပေး စာတန်းနှင့် အခြား သတိပေး စာတန်းများကို သတ်မှတ်ချက်နှင့်အညီ ဖော်ပြခြင်း မရှိဘဲ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းတွင် ဗဟိုအဖွဲ့က သတ်မှတ်သော အဆိပ်အတောက် ဖြစ်စေသည့် ဓာတ်အာနိသင်ထက် လျော့ပါး ပါဝင်သည်ဟု မမှန်မကန် ဖော်ပြပြီး ထုတ်လုပ်ခြင်း၊ ယင်းသို့ ဖော်ပြထားသည်ကို သိလျက်နှင့် ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း၊ စီးပွားရေး အလို့ငှာ အမှတ်တံဆိပ် မပါရှိဘဲ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း တစ်ခုခု၏ အမှတ်တံဆိပ် ဖော်ပြထားသော အခြား ကုန်ပစ္စည်း တစ်ခုခုကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း၊ ဆေးလိပ်ပုံသဏ္ဌာန် ပြုလုပ်ထားသော ကစားစရာ ပစ္စည်း၊ စားသောက်ဖွယ်ရာ သို့မဟုတ် အသုံးအဆောင် ပစ္စည်းကို ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်းတို့ ပြုလုပ်ပါက ပြစ်မှုထင်ရှား စီရင်ခံရလျှင် ပထမအကြိမ် ကျူးလွန်ခြင်း ဖြစ်ပါက ထိုသူအား ငွေဒဏ်အနည်းဆုံး ကျပ် ၁၀၀၀၀ မှ အများဆုံး ကျပ် ၃၀၀၀၀ အထိ၊ ဒုတိယအကြိမ်နှင့်အထက် ကျူးလွန်ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်အနည်းဆုံး ကျပ် ၃၀၀၀၀ မှ အများဆုံး ကျပ် ၁၀၀၀၀၀ အထိ ချမှတ်ရမည် ဖြစ်ကြောင်း သိရသည်။ မည်သူမဆို ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းကို တွင်ကျယ်စွာ ရောင်းချနိုင်ရန် အတွက် လူအများ သိရှိစေရန် ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်း၊ စာနယ်ဇင်းနှင့် ရေဒီယို ရုပ်မြင်သံကြားတို့တွင် ကြော်ငြာခြင်း၊ လက်ကမ်းကြော်ငြာ ဝေငှခြင်း၊ ပွဲတစ်ခုခု ကျင်းပနိုင်ရန် အထောက်အပံ့ ပေးခြင်းနှင့် အခြားနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းတို့ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ပထမအကြိမ် ကျူးလွန်ခြင်းဖြစ်လျှင် ထိုသူအား ငွေဒဏ် အနည်းဆုံး ကျပ် ၂၀၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀၀ အထိ၊ ဒုတိယအကြိမ်နှင့်အထက် ကျူးလွန်ခြင်း ဖြစ်ပါက နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် အနည်းဆုံး ကျပ် ၅၀၀၀၀ မှ အများဆုံး ကျပ်နှစ်သိန်းအထိ ချမှတ်နိုင်ကြောင်း အဆိုပါ ဥပဒေတွင် ဖော်ပြထားသည်။ “စာသင်ကျောင်းတွေ အနားမှာ ဆေးလိပ်နဲ့ ကွမ်းယာ လုံးဝ မရောင်းချဖို့ ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ နောက်ပြီး လက်ဖက်ရည်ဆိုင်တွေမှာလည်း ဆေးလိပ် ကုမ္ပဏီတွေက လာရောင်းနေတာတွေ ရှိပါတယ်။ ဒါတွေက ဥပဒေနဲ့ ညီ မညီတော့ မသိပေမယ့် မရှိသင့်ပါဘူး” ဟု ပျဉ်းမနားမြို့ခံ လူငယ်တစ်ဦးက ပြောကြားသည်။ ကျန်းမာရေး ဦးစီးဌာန အနေဖြင့် အဆိုပါ ဥပဒေနှင့် အညီ စီးကရက်ဘူးနှင့် ဆေးလိပ်ထုပ်များတွင် ကျန်းမာရေး သတိပေး ရုပ်ပုံစာသားများ ဖော်ပြရန် အမိန့်ကြော်ငြာစာကိုလည်း ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၁ ရက်မှ စတင် အသက်ဝင်ပြီ ဖြစ်ကြောင်း သိရသည်။ Writer: ကျော်မျိုး
Source : http://ift.tt/2c1Mw3t
via IFTTT

No comments:

Post a Comment