ပူတာအိုမြို့အနီး ဗဟိုပြု၍ မြေငလျင်လှုပ်ခတ် ကချင်ပြည်နယ် ပူတာအိုမြို့အနီးကို ဗဟိုပြု၍ ယနေ့နံနက် ၄ နာရီကျော် ဝန်းကျင်က အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလေဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါမြေငလျင်သည် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက်အရှေ့မြောက်ဘက် မိုင် ၃၉၀ ခန့်အကွာ ပူတာအိုမြို့ မြောက်ဘက်၊ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အင်အား ရစ်ခ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိကြောင်း မြေငလျင်ဌာနခွဲထံမှ သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က တောင်ငူမြို့ အနီး ဗဟိုပြု၍ ၂ ဒသမ ၈ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်တွင် ကျိုင်းတုံမြို့ အနောက်တောင်ဘက် ၆၉ မိုင်ခန့်အကွာ ကုန်းတွင်းပိုင်း တစ်နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၂ ဒသမ ၄ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရသည်။
Source : http://goo.gl/dJlke4
via IFTTT
No comments:
Post a Comment