Tuesday, September 20, 2016


တက္ကသိုလ်ကျောင်းသူကို ရည်းစားဖြစ်သူက လက်ပြန်ကြိုးတုပ်ပြီး တံတားပေါ်မှ ပစ်ချ ထားဝယ်၊ စက်တင်ဘာ ၁၉ ပထမနှစ် တက္ကသိုလ်ကျောင်းသူအား ရည်းစားဖြစ်သူက လက်ပြန်ကြိုးတုပ်ပြီး ကမြောကင်းတံတားပေါ်မှ ထားဝယ်မြစ်အတွင်း ပစ်ချမှုတစ်ခု စက်တင်ဘာ ၁၇ ရက် ညဦးပိုင်းက ဖြစ်ပွားခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။ အသက် ၁၉ နှစ်အရွယ်၊ ပထဝီဘာသာရပ် ပထမနှစ် ကျောင်းသူကို ရည်းစားဖြစ်သူ လောင်းလုံးမြို့နယ် သဗျာရွာနေ အသက် ၁၉ နှစ်အရွယ် အမျိုးသားက ကမြောကင်းတံတားပေါ်တွင် ချိန်းတွေ့ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ချိန်းတွေ့စဉ် ရည်းစားဖြစ်သူက ကျောင်းသူ ဝတ်ဆင်ထားသည့် နားကပ်ကို ဓားမြှောင်ပြကာ ချွတ်ခိုင်းပြီး ဖုန်းအားသွင်းသည့် ကြိုးဖြင့် လက်နောက်ပြန်ချည်ကာ ကမြောကင်းတံတားပေါ်မှ ရေထဲသို့ ပစ်ချခဲ့ကြောင်း ရဲစခန်း ထံမှသိရသည်။ မြစ်ထဲ ပစ်ချခံရသည့် အမျိုးသမီးအား ချည်နှောင်ထားသည့် ကြိုးမှာ ပြုတ်ထွက်သွားခဲ့ပြီး ရေကူးနေစဉ် ထားဝယ်မြစ်တွင်း ခုတ်မောင်းနေသည့် သဲစုပ်လှေတစ်စီးမှ ကယ်ဆယ်သွားခဲ့ပြီး ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်ရှိ သဲဆိပ်သို့ ပို့ဆောင်ပေးကာ မိဘများနှင့် ဆက်သွယ်ပေးခဲ့ကြောင်း ခြင်းဖြစ်သည်။ ကျူးလွန်သည့် အသက် ၁၉ နှစ်အရွယ်အမျိုးသားကို လောင်းလုံးမြို့နယ် အင်းဇောက်ရွာတွင် စက်တင်ဘာလ ၁၈ ရက်တက ဖမ်းဆီးရမိခဲ့ကြောင်း ထားဝယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ အမျိုးသားကို(ပ)၁၀၈၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၄(ခြောက်လှန့်တောင်းယူမှု)/၃၀၇ (လူသတ်ရန် ကြံစည်မှု) ဖြင့် ထားဝယ်မြို့ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။
Source : https://goo.gl/9sPZRb
via IFTTT

No comments:

Post a Comment