နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တွင် အထွေထွေမူ၀ါဒရေးရာ မိန့်ခွန်းပြောကြား မည် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ နိုင်ငံအကြီး အကဲ/အစိုးရ အဖွဲ့အကြီးအကဲများမှ အထွေထွေ မူ၀ါဒရေးရာ မိန့်ခွန်း ပြောကြားမှု အစီအစဉ်ကို ၂၀-၉-၂၀၁၆ ရက်နေ့ ဒေသစံတော်ချိန် ၀၉း၀၀ နာရီတွင် စတင်ဖွင့်လှစ် မည်ဖြစ်ပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက် ရန်ရောက် ရှိနေသည့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၁-၉-၂၀၁၆ ရက်နေ့တွင် အထွေထွေ မူ၀ါဒရေးရာ မိန့်ခွန်းပြောကြားမည် ဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်၂၁-၉-၂၀၁၆ ရက်နေ့ နံနက်ပိုင်းအတွက် အထွေထွေမူ၀ါဒရေးရာ မိန့်ခွန်းမည့် ပုဂ္ဂိုလ်များ စာရင်းအရ (၁၄) ဦးမြောက် မိန့်ခွန်း ပြောကြားမည့်သူ ဖြစ်ပါသည်။ အထွေထွေမူ၀ါဒရေးရာ မိန့်ခွန်းပြောကြားမှုများကို နေ့စဉ် ဒေသစံတော်ချိန် ၀၉း၀၀ နာရီမှ စတင်ပြီး နိုင်ငံအကြီးအကဲ/ အစိုးရအဖွဲ့ အကြီးအကဲ တစ်ဦးအတွက် မိန့်ခွန်းပြောကြားချိန်(၁၅) မိနစ်ကန့်သတ်ထားပါသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံကို နှစ်စဉ် စက်တင်ဘာလ ၊ တတိယရက်သတ္တပတ်၏ အင်္ဂါနေ့တွင် စတင်ကျင်းပလေ့ရှိပါသည်။ အထွေထွေမူ၀ါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်ကို အထွေထွေညီလာခံ ဖွင့်လှစ််သည့် ရက်သတ္တပတ်ပြီးနောက် ကျရောက်သည့် အင်္ဂါနေ့တွင်စတင်ပြီး (၉)ရက်ကြာ (9 working days)ကျင်းပပါသည်။ နိုင်ငံအကြီးအကဲ/ အစိုးရအဖွဲ့အကြီးအကဲများမှ နိုင်ငံတကာတွင်ဖြစ်ပေါ်နေသည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး မိန့်ခွန်းပြောကြားခြင်း ဖြစ်သည့်အတွက် အလေးပေးဆွေးနွေးမည့် ဘာသာရပ်ခေါင်းစဉ်ကို နှစ်စဉ်ရွေးချယ်သတ်မှတ်လေ့ရှိပါသည်။ ယခုနှစ်အတွက် ဘာသာရပ်ခေါင်းစဉ်မှာ “The Sustainable Development Goals: a universal push to transform our world” ဖြစ်ပါသည်။ အထွေထွေမူ၀ါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်၏ တိုက်ရိုက် ထုတ်လွှင့်မှုကို http://ift.tt/2cPsZBu တွင်ကြည့်ရှု နိုင်ကြောင်း နှင့် ဒေသစံတော်ချိန်(နယူးယောက်မြို့)သည် မြန်မာစံတော်ချိန်(ရန်ကုန်မြို့) ထက် ၁၀ နာရီနှှင့် ၃၀ မိနစ် နောက်ကျ ပါကြောင်း ဖော်ပြအပ်ပါသည်။ Ref; Ministry of Foreign Affairs Myanmar
Source : http://ift.tt/2d0lBrJ
via IFTTT
No comments:
Post a Comment