အမိမြေသို့ ပြန်လာ၍ နိုင်ငံထူထောင်ရေး ဝိုင်းဝန်းကူညီကြရန် အမေရိကန်ရောက် မြန်မာများကို ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ် မြန်မာနိုင်ငံသို့ ပြန်လာ နေသူများ နိုင်ငံရေးမလုပ်ပါဆို သည့် ခံဝန်လက်မှတ်ရေးထိုးရ သော ယခင်စနစ်ကို ဖျက်သိမ်း မည်ဖြစ်သကဲ့သို့ ဗီဇာသတ်မှတ် ချက်များ ဖြေလျှော့မည်ဖြစ်၍ အမိမြေသို့ပြန်လာကာ နိုင်ငံထူ ထောင်ရေး ဝိုင်းဝန်းကူညီကြရန် ဒေါ်အောင်ဆန်းစုကြည်က အမေ ရိကန်ရောက် မြန်မာများအား စက်တင်ဘာ ၁၇ ရက်တွင် ဖိတ် ခေါ်လိုက်သည်။ စနေနေ့က နယူးယောက်မြို့ ရှိ မြန်မာသံရုံး၌ အမေရိကန် ရောက် မြန်မာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံလိုအပ်နေသည့်အချိန်တွင် ကူညီကြရန် အမေရိကန်နှင့်ကနေ ဒါရောက် မြန်မာပညာရှင်များ ပြန်လာကြရေး အသားပေး ပြော ကြားခဲ့သည်။ အဆိုပါတွေ့ဆုံမှု ကို VOA သတင်းဌာနက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာ တစ်ဝန်းရှိ မြန်မာများ ထောင်နှင့် ချီ၍ စောင့်ကြည့်ခဲ့ကြသည်။ ‘‘အခု ဒီမှာ အမေရိကန်ပြည် ထောင်စုမှာ ရောက်နေတဲ့ ကျွန်မတို့ မြန်မာနိုင်ငံအပေါ်မှာ စေတနာထားတဲ့ ပုဂ္ဂိုလ်တွေအားလုံး မြန်မာနိုင်ငံသားဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကျွန်မတို့နိုင်ငံရဲ့ အခု သိပ်ပြီးတော့ လိုအပ်နေတဲ့အချိန်မှာ ဝိုင်းဝန်းပြီးတော့ ကူညီစေချင်တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ‘‘ကူညီနိုင်တဲ့ နည်းတွေအမျိုးမျိုးရှိပါတယ်။ ကျွန်မတို့ အခု ဒီနိုင်ငံမှာ ဆိုလို့ရှိရင် ပညာတတ်တွေ အများကြီးရောက်နေတယ်။ အဲဒီတော့ တက်ထားတဲ့ ပညာတွေကို နိုင်ငံအတွက် ဘယ်လိုပြန်ပြီးတော့ သုံးနိုင်မလဲဆိုတာ စဉ်းစားစေချင်ပါတယ်။ ကျွန်မတို့ အနေနဲ့လည်း တစ်ဖက်ကနေ အစိုးရကနေ နိုင်ငံ ပြင်ပရောက် သွားတဲ့ပုဂ္ဂိုလ်များ ပြန်ပြီးတော့ ကူညီနိုင်အောင်လို့ အခြေအနေ တွေလည်း ဖန်တီးပေးရမယ်’’ဟု ၎င်းက ပြောကြားသည်။ ဗီဇာကန့်သတ်ချက်များကို ပြန်လည်စိစစ်မည်ဖြစ်ပြီး နာမည် ပျက်စာရင်း၌လည်း နိုင်ငံတကာ ရဲတပ်ဖွဲ့ စာရင်းဝင်သူများကိုသာ ထားရှိတော့မည်ဟု ဆိုသည်။ ဗီဇာသက်တမ်းကိုလည်း လက်ရှိ သတ်မှတ်ချက် ၂၈ ရက်ထက် ရက်ကြာကြာပိုပေးခြင်း၊ Multi- entry ပေးခြင်းများလည်း ဆောင် ရွက်မည်ဟုဆိုသည်။ နိုင်ငံသား ဖြစ်မှုနှင့် နှစ်နိုင်ငံသားဖြစ်မှု အ ရေးကိစ္စကို လေးလေးနက်နက် စဉ်းစားဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်စေ၊ အခြား နိုင်ငံသား ခံယူထားသူ ဖြစ်စေ မြန်မာနိုင်ငံက ပေါက်ဖွားလာသူ များအဖြစ် အားလုံးကို ဆက်ဆံ ရန် သံရုံးများအား မှာကြားထား သည်ဟု ပြောသည်။ ‘‘ကျွန်မကို တစ်ယောက်နှစ် ယောက်က ပြောတယ်။ လက် မှတ်ထိုးခိုင်းတယ်ဆို၊ နိုင်ငံရေးမ လုပ်ပါဘူးဆိုတာ၊ ဒီကိစ္စတော့ ကျွန်မတို့ ရပ်ရလိမ့်မယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်မတို့ ကိုယ် တိုင်က နိုင်ငံရေးလုပ်နေပြီးတော့ ကျွန်မတို့ဆီကို နိုင်ငံရေးလုပ်သူ မလာရဘူူးဆိုရင်တော့ သိပ်တော့ မဟုတ်ဘူး။ အဲဒါလည်း ကျွန်မနား မလည်ဘူး။ အရင်တုန်းကလည်း အစိုးရအဖွဲ့ဝင်တွေက နိုင်ငံရေး လုပ်လို့ အစိုးရအဖွဲ့ဝင်ဖြစ်နေတာ ပေါ့။ အဲဒီတော့ တခြားလူတွေကျ တော့ နိုင်ငံရေး မလုပ်ရဘူးဆို တော့ ဒါက သိပ်ပြီးတော့ ရှေ့ နောက်မညီဘူးလို့ မြင်တယ်။ အဲ ဒါတော့ ကျွန်မတို့ အမြန်ဆုံး ပြောင်းလဲလိုက်ရပါ လိမ့်မယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။ ကနေဒါရောက် မြန်မာသိပ္ပံ နှင့် ရူပဗေဒပညာရှင်များကလည်း မြန်မာနိုင်ငံ၏စွမ်းအင်နှင့် လျှပ်စစ်လိုအပ်ချက်ကို ဖြေရှင်းရန် နျူကလီးယားလျှပ်စစ်ထုတ်ရန်၊ ၂ နှစ်လုပ်ခွင့်ပေးရန်နှင့် ပြည်ပရောက်သိပ္ပံပညာရှင်များအား ပြန်လည်ဖိတ်ခေါ်တာဝန်ပေးခဲ့၍ ယနေ့မြင်ရသည့် အနေအထားအထိ တိုး တက်ခဲ့သော တောင်ကိုရီးယား ဥပမာကို တင်ပြခဲ့ကြသည်။ ယင်း အပေါ် ဒေါ်အောင်ဆန်းစုကြည် က ပြန်လည်ဆွေးနွေးရာတွင်‘‘ကျွန်မတို့ Energy Policy အောက်မှာ Nuclear Energy ကို ဘယ်လိုကဏ္ဍနဲ့ သတ်မှတ်မလဲ၊ ဘယ်လောက်အထိ ကျွန်မတို့ဟာ နံပါတ်(၁) နိုင်ငံရေးအရ၊ နံပါတ် (၂) ကျွန်မတို့ရဲ့ကျွမ်းကျင်မှုအရ၊ နံပါတ်(၃)ကတော့ ကျွန်မတို့ရဲ့ ငွေရေးကြေးရေးတတ်နိုင်မှုအင် အားအရ ကျွန်မတို့ စွမ်းဆောင်နိုင် မလဲဆိုတာကိုတော့ သုံးသပ်ရမှာ ပေါ့။ ဒါပေမဲ့ဒီလိုစေတနာနဲ့အကြံ ပြုတာကို ကျွန်မတို့ ကျေးဇူးတင် ပါတယ်။ ကျွန်မတို့စွမ်းအင်ဝန် ကြီးဌာနကလည်း ဒါကို လေးလေးနက်နက် စဉ်းစားမှာပါ။ ကျွန်မတို့ က စွမ်းအင်နဲ့ပတ်သက်ရင် အမျိုးမျိုး စဉ်းစားရတယ်လေ။ တစ်မျိုး တည်းနဲ့ပဲ အားကိုးနေလို့ မဖြစ် ဘူး။ အမျိုးမျိုး အားကိုးပြီးတော့ ကျွန်မတို့လိုအပ်နေတဲ့ စွမ်းအင် တွေကို အမြန်ဆုံး ဖြည့်ဆည်းပေး ဖို့ ကျွန်မတို့က ကြိုးစားရမှာပဲ’’ဟု ဖြေကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စု တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ကြ သော အဆင့်မြင့်ပညာရှင် ဆရာ ဝန်အများအပြားရှိနေကြောင်း၊ ထိုဆရာဝန်များ၏ လုပ်အားကို မြန်မာနိုင်ငံအတွက် လိုချင်ကြောင်းလည်း တောင်းဆိုခဲ့သည်။ နိုင်ငံ ခြားရောက်ဆရာဝန်များက မြန် မာနိုင်ငံတွင် ပြန်လည်ပေးနိုင် သည့် လုပ်အားနှင့် မြန်မာနိုင်ငံက လိုအပ်သည့်လုပ်အားကို ညှိနှိုင်း ယူမည့် အစီအစဉ်တစ်ခုပြုလုပ်ရန်လည်း ဆွေးနွေးထားသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကဆိုသည်။ အဆင့်မြင့် ဆေးပညာ များတတ်ကျွမ်းသော ဆရာဝန် များအနေဖြင့် တစ်လဖြစ်စေ၊ သုံး လဖြစ်စေ စသဖြင့် လုပ်အားပေး နိုင်မည့် အချိန်ကာလအတွင်း တောနယ်များ၌ လုပ်အားပေးခြင်း ဖြင့် ဒေသကို ကူညီရာရောက်သ ကဲ့သို့ ထိုဒေသတွင် တာဝန်ထမ်း ဆောင်နေသော ဆရာဝန်များအ တွက် ပညာလက်ဆင့်ကမ်းရာ ရောက်မည်ဟုလည်း အကြံပြု သည်။ မြန်မာနိုင်ငံ၏ ဆေးတက္က သိုလ်အားလုံးကို နိုင်ငံတကာ စံ ချိန်နှင့် ကိုက်ညီ၍ နိုင်ငံတကာအ သိအမှတ်ပြုသော တက္ကသိုလ်များ အဖြစ် ပြုပြင်ပြောင်းလဲရန်၊ ဆေး ဝါးအတုများ ဝင်ရောက်နေခြင်းကို ကာကွယ်ရေးအတွက် နိုင်ငံတကာ တရားဝင် အသိအမှတ်ပြု ဆေးကုမ္ပဏီများ မှတစ်ဆင့် တိုက်ရိုက်တင်သွင်းရန် စသည်တို့ အပါအဝင် အချက်များကိုလည်း မြန်မာ- အမေရိကန် ဆေးပညာအသင်းက ဒေါ်အောင်ဆန်းစု ကြည်အား အကြံပြုခဲ့သည်။ အမေရိကန်နှင့် ကနေဒါ ရောက် မြန်မာများနှင့်တွေ့ဆုံရာ တွင် အစိုးရအနေဖြင့် ပညာရေး ကဏ္ဍ မြှင့်တင်ရေး၊ လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကဏ္ဍမြှင့်တင်ရေးတို့ကို ဦးစား ပေးဆောင်ရွက်နေမှု၊ ငြိမ်းချမ်း ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး အတွက် ဆောင်ရွက်နေမှုများကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောကြားပြီး အမိနိုင်ငံအ တွက် ဝိုင်းဝန်းကူညီကြရန် ထပ် တလဲလဲ ဖိတ်ခေါ်ခဲ့သည်။ ဒီချုပ်အစိုးရ တက်ချိန်က စ၍ နိုင်ငံခြားရေး ဝန်ကြီးဌာန သည် ယခင်အစိုးရအဆက်ဆက် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပြည်ပရောက်သွားပြီး ပြည်တွင်း သို့ ပြန်လာခွင့် ပိတ်ပင်ခံထားရသော မြန်မာနိုင်ငံသားဟောင်း များ ပြန်လာနိုင်ရန် ရက် ၁၀၀ အတွင်း ဆောင်ရွက်မည်ဟု ကြေ ညာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ရောက်မြန်မာများ နယူးယောက်မြို့ရှိ မြန်မာသံရုံးတွင် တွေ့ဆုံနေကြစဉ် (ဓာတ်ပုံ − နိုင်ငံခြားရေးဝန်ကြီးဌာန)
Source : http://ift.tt/2czkCw7
via IFTTT
No comments:
Post a Comment