Sunday, September 18, 2016


လူငယ်များ မူယစ်နွံအတွင်း မကျရောက်စေရန် အားကစားကဏ္ဍ တိုးမြှင့်ဆောင်ရွက်မည်ဟု ဦးဖြိုးမင်းသိန်း ပြော ရန်ကုန်၊ စက်တင်ဘာ ၁၅ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူငယ်များ မူးယစ်ဆေးနွံအတွင်း မကျရောက်စေရန် အားကစားကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားတွင် ၎င်းင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ “ကျွန်တော့်အနေနဲ့ အားကစားကဏ္ဍ တိုးတက်စေချင်တယ်။ ရန်ကုန်တိုင်းအတွင်းမှာ မူးယစ်ဆေး အန္တရာယ် ရှိနေတယ်။ ဒါ့ကြောင့် အားကစားနဲ့ ထိန်းဖို့လိုတယ်။ လူငယ်တွေကို အားကစား လှုပ်ရှားနိုင်တဲ့ အခြေအနေတစ်ခုပေးဖို့ လိုတယ်။ သူတို့ဟာ အားကစား လှုပ်ရှားနေရင်းနဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ ဖြစ်ပေါ်လာနိုင်တယ်။ အားကစားဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်စေတယ်။ ဘောလုံးဆိုရင်လည်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံး ကြိုက်တဲ့ အားကစားတစ်ခု ဖြစ်တယ်။ အမျိုးသားတွေ သာမက အမျိုးသမီးတွေပါ အားပေးကြတာကို တွေ့ရတယ်။ အရင်ကဆိုရင် ကျွန်တော်တို့နိုင်ငံက ဘောလုံးသမားကောင်းတွေ မွေးထုတ်ပေးနိုင်ခဲ့တယ်။ အဲ့ဒီတုန်းက ပရိသတ်တွေဟာ အခုပရီးမီးယားလိဂ်ကို အားပေးသလို အားပေးခဲ့ကြတယ်။ ကျွန်တော့်အနေနဲ့ အားကစားကဏ္ဍမှာ အရင်လို အခြေအနေမျိုး ပြန်ရောက်ချင်တယ်။ ဒါ့ကြောင့် ရန်ကုန်တိုင်း အတွင်းမှာ ဘောလုံးအားကစားနည်း တိုးတက်အောင် ဆောင်ရွက်သွားမယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။ ပရိသတ်များအနေနှင့် ဘောလုံးပွဲများ အားပေးရာတွင် အရှုံး၊ အနိုင် ရလဒ်ကို လက်ခံနိုင်သည့် အနေအထားမျိုးဖြင့် အားပေးသင့်ကြောင်း၊ အရှုံးအနိုင် ရလဒ်ကို လက်မခံနိုင်ပါက ဘောလုံးပွဲမှတစ်ဆင့် အဓိကရုဏ်းများ ဖြစ်ပေါ်စေနိုင်ကြောင်းလည်း ၎င်းက သတိပေးပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်း အမျိုးသား ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၂၄ ရက်မှ အောက်တိုဘာ လ ၃၀ ရက်အထိ အသင်းပေါင်း ၄၄ သင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။
Source : http://ift.tt/2cJ0mWz
via IFTTT

No comments:

Post a Comment