Wednesday, September 21, 2016


ကက်ရှ်မီးယားတွင် အိန္ဒိယနှင့် ပါကစ္စတန် နယ်ခြားစောင့်တပ်များ အပြန်အလှန်ပစ်ခတ် ကက်ရှ်မီးယားတွင် အိန္ဒိယနှင့် ပါကစ္စတန် နယ်ခြားစောင့်တပ်များကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်ခဲ့ကြောင်း သိရသည်။ နှစ်ဖက်စစ်တပ်များ အပြန်အလှန်ပစ်ခတ်မှုသည် နယ်ခြားဒေသရှိ အိန္ဒိယစစ်စခန်းတစ်ခုကို စီးနင်းခံရမှုအပြီး ၂ ရက်အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်တွင် အိန္ဒိယစစ်သား ၁၈ ဦး သေဆုံးပြီး ပါကစ္စတန် အခြေစိုက် စစ်သွေးကြွများလက်ချက်ဟု အိန္ဒိယက စွပ်စွဲခဲ့သည်။ ပါကစ္စတန်ကမူ အိန္ဒိယ၏ စွပ်စွဲမှုသည် အခြေအမြစ်မရှိဟု တုံ့ပြန်ခဲ့သည်။ စက်တင်ဘာ ၂၀ က ကက်ရှ်မီးယားတွင် နှစ်ဖက်စစ်တပ်များ အပြန်အလှန် ပစ်ခတ်ခဲ့သည် ဆိုသော်လည်း အထိအခိုက် အသေအပျောက်ရှိမရှိ အတိအကျ မသိရသေးချေ။ ထိုအတောအတွင်း အိန္ဒိယထိန်းချုပ်ထားရာ ကက်ရှ်မီးယားဘက်ခြမ်းတွင် စစ်သွေးကြွများနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ရာ စစ်သည် ၁ ဦးနှင့် စစ်သွေးကြွ ၁၀ ဦးတို့ သေဆုံးကြောင်းလည်း အိန္ဒိယစစ်တပ်က ကြေညာခဲ့သည်။ ကက်ရှ်မီးယားကို အိန္ဒိယနှင့် ပါကစ္စတန်တို့က ခွဲခြမ်း အုပ်ချုပ်နေခြင်း ဖြစ်သည်။ ပါကစ္စတန် စစ်တပ်မှ ဗိုလ်မှူးကြီး ရာဂျက်ရှ် ကာလီယာက နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုသည် ကက်ရှ်မီးယားရှိ အူရီဒေသအနီးတွင် ဖောက်ဖျက်မှု ရှိခဲ့ကြောင်းဆိုသော်လည်း အသေးစိတ်အချက်အလက်များကို မပြောကြားခဲ့ချေ။ အူရီသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်ခြားစည်းမျဉ်းအနီး တည်ရှိပြီး အတိုက်ခိုက်ခံရသည့် အိန္ဒိယစစ်စခန်းနှင့်လည်း နီးကပ်လျက်ရှိသည်။ အိန္ဒိယသည် နယ်ခြားအနီး လှုပ်ရှားနေသည့် အစ္စလာမ်မစ်စစ်သွေးကြွများကို ၎င်းတို့၏ ဒေသတွင်းပြိုင်ဘက် ပါကစ္စတန်က လက်နက်တပ်ဆင်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်းတို့ဖြင့် ပံ့ပိုးကူညီနေကြောင်း အစဉ်တစိုက် စွပ်စွဲခဲ့သည်။ ဆယ်စုနှစ်များစွာအတွင်း နှစ်နိုင်ငံကြားပဋိပက္ခများ ရှိခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သော်လည်း ပြဿနာများ ရံဖန်ရံခါ ပေါ်ပေါက်နေဆဲ ဖြစ်သည်။ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာမိုဒီက စက်တင်ဘာ ၁၈ ရက်တွင် အိန္ဒိယစစ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သူများကို ရှာဖွေဖော်ထုတ်ပြီး ထိုက်တန်စွာ ပေးဆပ်စေမည်ဟု ကြွေးကြော်ထားသည်။ ဟိမဝန္တာနှင့် ဆက်စပ်နေသည့် ကက်ရှ်မီးယားသည် ဗြိတိသျှ ကိုလိုနီဘဝမှ လွတ်မြောက်ပြီး ၁၉၄၇ ကတည်းက အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ပိုင်ဆိုင်ခွင့် အငြင်းပွားနေခဲ့ရာ ထိုဒေသကို ရရှိရေးအတွက် နှစ်နိုင်ငံကြား နှစ်ကြိမ်တိုင် စစ်ဖြစ်ခဲ့ကြသည်။ အဆိုပါ စစ်ပွဲများအတွင်း အရပ်သား အများစု အပါအဝင် လူပေါင်းသောင်းနှင့်ချီ သေဆုံးခဲ့ကြောင်းလည်း သိရသည်။ Ref: AFP
Source : http://ift.tt/2cGzJnJ
via IFTTT

No comments:

Post a Comment