Saturday, September 3, 2016

Eleven Broadcasting

အစိုးရကို ၀န်ကြီးချုပ်က ဦးဆောင်ပြီး လက်နက်ကိုင် အဖွဲ့များကို အရပ်သားက ဦးဆောင်စေမည့် UNFC ၏ ဖက်ဒရယ် အခြေခံမူများကို ၂၁ ပင်လုံသို့ တင်သွင်း (ရုပ်သံ) အစိုးရကို ၀န်ကြီးချုပ်က ဦးဆောင်စေပြီး လက်နက်ကိုင်အဖွဲ့အားလုံးကို အရပ်သား အုပ်ချုပ်မှု အောက်မှာ ထားရှိရမယ်ဆိုတဲ့ UNFC ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ အခြေခံမူ၀ါဒတွေပါတဲ့ စာတမ်းကို ၂၁ ရာစု ပင်လုံ ညီလာခံမှာ တင်သွင်းခဲ့ပါတယ်။ အဲ့ဒီစာတမ်းကို အပိုင်းလေးပိုင်း ခွဲတင်ပြခဲ့ပြီး UNFC ကိုယ်စားပြု တက်ရောက်လာတဲ့ နိုင်ဟံသာ၊ ခူဦးရယ်၊ ဒုဗိုလ်မှူးကြီး ဆင်၀ါးနဲ့ ဦးထွန်းဇော်တို့က ဖတ်ကြား တင်သွင်းခဲ့ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အစိုးရကို ၀န်ကြီးချုပ် ဦးဆောင်တဲ့စနစ်နဲ့ ဖွဲ့စည်းစေသင့်တယ် ဆိုတဲ့ အချက်နဲ့ လက်နက်ကိုင်အဖွဲ့တွေ အားလုံးကို အရပ်သား အုပ်ချုပ်မှုအောက်မှာ ထားရမယ်ဆိုတဲ့ အချက်တွေကို ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
Source : http://ift.tt/2c0d2eI
via IFTTT

No comments:

Post a Comment