National Trade Portal and Repository Website မိတ်ဆက် မန္တလေး စက်တင်ဘာ ၁၈ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနနှင့် USAIDတို့ ပူးပေါင်း၍ ပုဂ္ဂလိကစီးပွား ရေးလုပ်ငန်းရှင်များအား National Trde Portal and Trade Repository Website မိတ်ဆက်သည့် အခမ်းအနားကို စက်တင်ဘာ ၁၄ ရက်က မန္တလေးမြို့ ဆီဒိုးနားဟိုတယ် အမရပူရ ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် ကုန်သွယ် ရေးဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကNational Trade Portal and Trade Repository website ကို မေ ၂၆ ရက်က ဒုတိယ သမ္မတ တက်ရောက်ပြီး တရားဝင် လွှင့်တင်ပွဲ အခမ်းအနားဖြင့် စတင်ထုတ်ဝေ ခဲ့ပြီဖြစ်ကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် မိတ်ဆက်သည့် အခမ်းအနားအား ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ် ၌ ဇူလိုင် ၁၄ ရက်က ကျင်းပခဲ့ပြီး ဖြစ်ကြောင်း၊ Website တည်ထောင်ရသည့် ရည်ရွယ်ချက်မှာ ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် ကုန်သွယ်မှုဆိုင်ရာ သတင်း အချက်အလက်များကို လွယ်လွယ်ကူကူ သိရှိစေရန်နှင့် ကုန်သွယ်မှု လျင်မြန် ချောမွေ့စေရေးကို အထောက်အကူ ဖြစ်စေရန် အချိန်နှင့် ကုန်ကျစရိတ်တို့ကို သက်သာစေရန်တို့ ဖြစ်ကြောင်း၊ ကုန်စည်များ တင်သွင်း၊ တင်ပို့လိုသည့် လုပ်ငန်းရှင်များအတွက် လွယ်လွယ်ကူကူ သတင်းအချက်အလက်များ ရရှိနိုင်မှာ ဖြစ်ကြောင်း၊ ဒီ Websiteကို အောင်မြင်စွာ လွှင့်တင်နိုင်ခဲ့ခြင်းကြောင့် ကုန်သွယ်မှု ပြုလုပ်သူများ သာမက ရင်းနှီး မြှုပ်နှံသူတွေ၊ သုတေသန ပညာရှင်တွေ စတဲ့ နယ်ပယ်စုံက လူတွေအနေနဲ့ ကုန်သွယ်မှု အချက်အလက်တွေကို အချိန်တိုအတွင်းမှာ ရှာဖွေသိရှိနိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍမှာ နိုင်ငံတကာနှင့်ချိတ်ဆက် ဆောင်ရွက်နိုင် မည်ဖြစ်သည့် အတွက် နိုင်ငံတော်အတွက် ကုန်သည်လုပ်ငန်း ရှင်များအတွက် များစွာ အကျိုးဖြစ်ထွန်း စေမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ တင်မောင်-မန်းကိုယ်ပွား
Source : http://ift.tt/2cxddM0
via IFTTT
No comments:
Post a Comment