ဘာစီလိုနာနှင့် ပွဲစဉ်အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ အက်သလက်တီကို အက်သလက်တီကိုအသင်းသည် စပို့တင်း ဂီဂျွန် အသင်းအား ငါးဂိုးပြတ်ဖြင့် အနိုင်ကစားနိုင်ခဲ့ ပြီးနောက် စက်တင်ဘာ၂၁ရက်တွင် ယှဉ်ပြိုင်မည့် ဘာစီလိုနာနှင့်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း အက်သလက်တီကို တိုက်စစ်မှူး တောရက်စ်က ထုတ်ဖော်ပြောကြားလိုက်သည်။ အက်သလက်တီကို အသင်းသည် စပို့တင်းဂီဂျွန် ကဲ့သို့ ကစားအားမာသော အသင်းကိုပင် ငါးဂိုး ပြတ်အနိုင်ကစားနိုင်ခဲ့ပြီး ''အက်သလက် ပြန်လာ ပြီဟူသော အချက်ကို လာလီဂါနှင့် ဥရောပ ပြိုင်ဘက်များကို သတိပေးလိုက်သည်။ အက်သလက်တီကိုသည် ရာသီအစ လာလီဂါ နှစ်ပွဲဆက် သရေရလဒ်သာ ကစားနိုင်ခဲ့ရာ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်မှစတင်ကာ သုံးပွဲဆက် အနိုင်ရရှိခဲ့သည်။ တောရက်စ်မှာ ဂီဂျွန်နှင့်ပွဲစဉ် တွင် ပွဲချိန်၆၉မိနစ်၌ ဂရစ်ဇ်မန်းနေရာတွင် လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်လာခဲ့ပြီး နောက် သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့သည်။ တောရက်စ်က အက်သလက်မှာ ဘာစီလိုနာ၏ နျူးကမ့်ကွင်းတွင် ရလဒ်ကောင်းလေ့ မရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ပိုပြီးကောင်းမွန်အောင် စွမ်းဆောင်နိုင်လိမ့်မည် ဖြစ်ကြောင်း ဆိုခဲ့သည်။ (မေလဲ့သင်း)
Source : http://ift.tt/2d4Va4X
via IFTTT
No comments:
Post a Comment