ကျောင်းသူနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့်ကျိုတ်လတ်မှ ကျောင်းဆရာအား ထောင်ဒဏ် နှစ် ၄၀ ပြစ်ဒဏ်ချမှတ် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ အဋ္ဌမတန်း ကျောင်းသူနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းဆရာကို အလုပ်နှင့် ထောင်ဒဏ် အနှစ် ၄ဝ ပြစ်ဒဏ်ကျခံစေရန် ဖျာပုံခရိုင် တရားရုံးမှ မေ ၃၁ တွင် အမိန် ့ချမှတ်ခဲ့သည်။ ( သတင်းအကျယ် ဆက်လက်ဖော်ပြပါမည်) The Ladies News
Source : http://ift.tt/2smR7D6
via IFTTT
Wednesday, May 31, 2017
လူပြောများနေတဲ့ ကလေးလမ်းလျှောက်တဲ့ဗီဒီိယိုရဲ့ လျှို့ဝှက်ချက်
လူပြောများနေတဲ့ ကလေးလမ်းလျှောက်တဲ့ဗီဒီယိုရဲ့ လျှို့ဝှက်ချက် ဘရားဇီးနိုင်ငံက ဆေးရုံတစ်ခုမှာ ဝမ်းဆွဲလက်သည်ရဲ့ လက်ထဲကနေ ရှေ့ကို တစ်လှမ်းချင်းတိုးကာ တိုးကာ လမ်းလျှောက် သွားတဲ့ မွေးကင်းစကလေးငယ်ရဲ့ ဗွီဒီယိုဖိုင်ဟာ ကြည့်ရှုသူ သန်း 75 သန်းကျော်အထိ ရခဲ့ပါတယ်။ အဆိုပါ ဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်နဲ့ အငြင်းပွားမှုတွေလည်း ရှိလာခဲ့ပြီးနောက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦး ရဲ့ ရှင်းလင်းချက်ကလည်း စိတ်ဝင်စားဖွယ်ရာ ကောင်းပါတယ်။ နယူးဇီလန်နိုင်ငံ Auckland မှာ တာဝန်ထမ်းဆောင်နေတဲ့ ကလေးအထူးကုဆရာဝန် Anne Tait ရဲ့ ပြောကြားချက်မှာ တော့ ဒီဖြစ်ရပ်ဟာ ထူးထူးဆန်းဆန်း အဖြစ်အပျက်မဟုတ်ပဲ၊ သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်ကြောင်း ဆိုပါတယ်။ သူမက ” ဒါကို Stepping reflex လို့ ခေါ်ပါတယ် … အလွယ်ပြောရရင် ကြွက်သားစနစ်ရဲ့ အလိုအလျှောက် တုန့်ပြန်ခြင်းပေါ့ … ဒါက ကြွက်သားနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိတိုင်း ဖြစ်တတ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒေါက်တာ Anne က ဆက်လက်ပြီး ” ကျွန်မကတော့ ဒီလိုအဖြစ်အပျက်မျိုး ခဏခဏ မြင်နေကျပါ … ဒီထက် ထူးဆန်းတဲ့ အမြင်မျိုးတောင် မြင်ခဲ့ရသေးတယ် .. အဲဒီ ကလေးကတော့ မိခင်ဝမ်းဗိုက်ပေါ်အထိကို တွားသွားပြီး တက်သွားတာပါ .. “လို့ ပြောခဲ့ပါတယ်။ ယခုဗွီဒီယိုထဲမှာ ဝမ်းဆွဲသူနာပြုဆရာမဟာ ခွဲစိတ်ခန်းအဝတ်အစားပြည့် ဝတ်ဆင်ထားပြီး ဘက်ဘက်လက်က ကလေးကို ထိန်းမက်ထားတာကို တွေ့ရပါတယ်။ ကလေး လမ်းလျှောက်တာကို တွေ့တော့ သူမက ” အို ဘုရားသခင် ဒီကောင်မလေး လမ်းလျှောက်တယ်ဟေ့ … ချစ်စရာလေး “လို့ ဘရားဇီးဘာသာနဲ့ အော်ခဲ့ပါတယ်။ Stepping reflex အဖြစ်အပျက်ဟာ မွေးကင်းစ ကလေးမှာ 10 ယောက်မှာ တစ်ယောက် ဖြစ်တတ်တယ်လို့ ဆေး ဘက်ဆိုင်ရာ မှတ်တမ်းကလည်း ဆိုပါတယ်။ ချိုင်းအုံကနေ မချီခံထားရတဲ့ ကလေးဆယ်ယောက်မှာ တစ်ယောက်ကတော့ ဒီလို Stepping reflex (အလိုလျှောက်တုန့်ပြန်လမ်းလျှောက်ခြင်း) ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကိုလမ်းလျှောက် ခြင်းလို့ သတ်မှတ်လို့ မရဘူးလို့လည်း ရှင်းပြထားပါတယ်။ ဗွီဒီယိုထဲမှာ ပါဝင်တဲ့ သူနာပြုဆရာမကတော့ ” သူ့ကို ရေးချိုးပေးမလို့ပါဘဲ သူက လမ်းဆက်လျှောက်တယ်လေ …. (နေရာကို တိုင်းထွာပြလျှက်) ဒီလောက်ကနေ ဒီလောက်အထိ လျှောက်ခဲ့တာပါ တော်တော်လေးကို သိသာပါတယ် .. “လို့ ပြောဆိုခဲ့ပါတယ်။ နတ်စည်တော် (Shwemom) source : thesun.co.uk
Source : http://ift.tt/2qAVApo
via IFTTT
Source : http://ift.tt/2qAVApo
via IFTTT
7Day News Journal
နိုင်ငံတကာကျောင်းများအတွက် ဥပဒေလိုအပ်နေခြင်း မီးမောင်းထိုးပြသော Horizon ကျောင်းအရေး ပြီးခဲ့သည့်နှစ် ဇူလိုင်က ရန်ကုန်မြို့ရှိ တူရကီနိုင်ငံသားပိုင် Horizon International School ကို ပညာရေး၀န်ကြီးဌာနနှင့် ပြည်ထဲရေး၀န်ကြီးဌာနမှ တာ၀န်ရှိသူများ ၀င်ရောက်စစ်ဆေးခဲ့သည်။ တူရကီနိုင်ငံတွင် မအောင်မြင်သော အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် အာဏာသိမ်းရန် ကြံစည်သည်ဟု စွပ်စွဲခံရသောအဖွဲ့နှင့် ဆက်စပ်နေသည််ဟု သံသယရှိခဲ့ သောကြောင့်ဖြစ်၏။ တူရကီနိုင်ငံသံရုံး၏ ဖိအားပေးမှုအရ မြန်မာအာဏာပိုင်များက အဆိုပါကျောင်းကို ၀င်ရောက်စစ်ဆေးခဲ့သော်လည်း လုပ်ငန်းသဘောအရ ဆောင်ရွက်ရန် မေးခွန်းများ ပေါ်ထွက်လာခဲ့သည်။ ပြည်တွင်း၌ ဈေးကွက်ကျယ် ပြန့်လာသော အင်တာနေရှင်နယ် ကျောင်းများသည် မည်သည့်စည်းမျဉ်း၊ ဥပဒေများနှင့် ဆောင်ရွက်နေသနည်း၊ အခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့ပါက မည်သို့ ကိုင်တွယ်စီမံဆောင်ရွက်မည်နည်း ဆိုသည့် မေးခွန်းနှစ်ရပ်ဖြစ်သည်။ Horizon ကျောင်းကို ၀င်ရောက်စစ်ဆေးပြီး တစ်နှစ်ခန့်အကြာ ယခုနှစ် ဧပြီ ၂၈ ရက်တွင် ပညာရေး၀န်ကြီးဌာနက အဆိုပါကျောင်းကို ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။ ယခင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ပတ်သက်သည်ဆိုသည့် စွပ်စွဲချက် မဟုတ်တော့ဘဲ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် မရှိဘဲ ဖွင့်လှစ်ထားကြောင်း စစ်ဆေးတွေ့ရှိရသည် ဆိုကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ တစ်နှစ်ကျော်မှ ကိုယ်ပိုင် ကျောင်းမှတ်ပုံတင်ဥပဒေဖြင့် အမှုဖွင့်မှုသည် တူရကီသံရုံး၏ ထပ်မံဖိအားပေးမှုအရ ဖြစ်နိုင်သည်ဟု Horizon ကျောင်းမှ တာ၀န်ရှိသူများက ထင်မြင်နေကြသည်။ ထို့အပြင် Horizon ကျောင်းသည် နိုင်ငံတကာကျောင်း ဖြစ်နေ၍ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေနှင့် လုံး၀သက်ဆိုင်ခြင်း မရှိကြောင်း ကျောင်းတာ၀န်ရှိသူများက ငြင်းဆိုထားသည်။ ပညာရေး၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Horizon ကျောင်းသည် ပညာရေး၀န်ကြီးဌာနလက်အောက်မှ မဟုတ်သည့် International School ဖြစ်နေသောကြောင့် တရားစွဲဆိုရန် အချိန်ယူခဲ့ခြင်းဖြစ်ကာ နောက်ဆုံး မှတ်ပုံတင်မထားသဖြင့် ကိုယ်ပိုင် ကျောင်းဥပဒေဖြင့်သာ ကျိန်းသေ တရားရင်ဆိုင်ရမည် ဖြစ်ကြောင်း ပြောကြားထားသည်။ Horizon International School သည် မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်၌ ကျောင်းစတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇ အထိ ကျောင်း ခွဲပေါင်း ခြောက်ကျောင်း ဖွင့်လှစ်ထားသည်။ ၂၀၁၇ မေလ ၈ ရက် တွင် ကျောင်း၏ ထုတ်ပြန်ချက်အ ရ ကျောင်းသား ၁,၄၀၀ ကျော်ရှိပြီး ၀န်ထမ်းပေါင်း ၄၀၀ ကျော်ရှိသည် ဟုဆိုသည်။ ‘‘International School တွေ စလုပ်ကတည်းက ပညာရေး၀န်ကြီးဌာနနဲ့ မဆိုင်ပါဘူး။ ကုမ္ပဏီမှတ်ပုံတင်ပြီး လုပ်နေကြတာပါ’’ဟု ပညာရေး၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲက ဆိုသည်။ အင်တာနေရှင်နယ်ကျောင်းများ ကုမ္ပဏီမှတ်ပုံတင်၍ လုပ်ကိုင်နေကြသောကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်း ဆောင်ရွက်နေသည်လား ဆိုသည့် မေးခွန်းကို ယင်းဌာန ညွှန် ကြားရေးမှူး ဒေါ်နီလာမူက ငြင်းချက်ထုတ်ထားသည်။ ‘‘ကုမ္ပဏီမှတ်ပုံတင်ပေးတာတော့ မှတ်ပုံတင်ပေးတယ်။ ကုမ္ပဏီဖွဲ့ပြီးလို့ လုပ်ငန်းလုပ်ချင်ရင် သက်ဆိုင်ရာ၀န်ကြီးဌာနခွင့် ပြုချက်ယူရပါတယ်။ ကျွန်မတို့ ဌာနက ကုမ္ပဏီကိုသာ မှတ်ပုံတင်ပေးတာပါ။ လုပ်ငန်းခွင့်ပြုခြင်း မဟုတ်ပါဘူး’’ဟု ဒေါ်နီလာမူက ဆို သည်။ အကယ်၍ ပြည်တွင်းရှိ နိုင်ငံတကာကျောင်းများကို ကိုယ်ပိုင် ကျောင်းများ မှတ်ပုံတင်မရှိခြင်း ကြောင့် တရားစွဲမည် ဆိုလျှင် Horizon ကျောင်းတစ်ခုတည်းမဟုတ်ပါ။ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်မရှိဘဲ ဆောင်ရွက်နေသော နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့် သင်ကြားသည့် အင်တာနေရှင်နယ် ကျောင်းများ၊ အစိုးရသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသည့် ဘော်ဒါ ကျောင်းများ အမြောက်အမြားရှိ နေသည်။ ပြည်တွင်းရှိ နိုင်ငံတကာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့်ပတ်သက်သော ဥပဒေ၊ နည်းဥပဒေများအပါအ၀င် ပညာရေးဥပဒေများ လိုအပ်နေမှုကို Horizon ကျောင်း စစ်ဆေးခံရသည့် ဖြစ်စဉ်က မီးမောင်းထိုးပြနေသည်။ နိုင်ငံတကာ ကျောင်းများကလည်း လက်ရှိအခြေအနေကို သဘောမကျပါဟု ထုတ်ဖော်ပြောလာသည်။ အစိုးရက တိကျသော သတ်မှတ်ချက်နှင့် ဥပဒေများ မရှိသောကြောင့် လက်ရှိအခြေအနေအတိုင်း ရှိနေခြင်းဖြစ်ပြီး အကယ်၍ တရား၀င်စာရင်းပေးသွင်း မှတ်ပုံတင်ခွင့်ရပါက ချက်ချင်းမှတ်ပုံတင်မည် ဖြစ်ကြောင်း Horizon ကျောင်း၏ ကုမ္ပဏီအမည်နှင့် ကျောင်းအမည် ပြောင်းလဲဖွင့်လှစ်ရန် ကြေညာထားသည့် BFI ပညာရေး၀န်ဆောင်မှုလုပ်ငန်း ဥက္ကဋ္ဌ ဦးအောင်နိုင်ထွန်းက ပြောသည်။ ‘‘မှတ်ပုံတင်ခွင့် ရမယ်ဆို ကျောင်းတော်တော်များများက ချက်ချင်း လုပ်ကြမှာပါပဲ။ အကုန်လုံးက တရား၀င် ဖြစ်ချင်ကြတယ်လေ’’ဟု ၎င်းက ဆိုသည်။ သမ္မတ ဦးသိန်းစိန်လက်ထက်က ကန့်ကွက်ဆန္ဒပြမှုများ၊ ပဋိပက္ခများဖြင့် အမျိုးသားပညာရေးဥပဒေကို အတည်ပြုပြဋ္ဌာန်း ခဲ့ပြီးနောက် ယင်းဥပဒေ၏ နောက်ဆက်တွဲ ပညာရေးဥပဒေများ ဆက်လက်ထွက်ပေါ်လာရန် ကြန့် ကြာလျက်ရှိသည်။ အစိုးရ၏ ပညာရေး ၀န်ဆောင်မှုစနစ်ကို အားမလို အားမရ ဖြစ်လာသော ငွေကြေးတတ်နိုင်သည့် မိသားစုများအတွက် နိုင်ငံတကာကျောင်းများ၊ နိုင်ငံတကာ ကောလိပ်များ၏ အခန်းကဏ္ဍ သိသိသာသာ မြင့်မားလာနေသည်။ သက်ဆိုင်ရာ ဥပဒေလစ်လပ် နေသဖြင့် ပြည်တွင်းလုပ်ငန်းရှင် များသာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ငန်းလည်ပတ်နေသော ပုဂ္ဂလိကကျောင်းများနှင့် ပတ်သက်သည့် အချက်အလက်များ စီမံခန့်ခွဲရန်နှင့် ကျောင်းသားများ ထိခိုက်နစ်နာစေမည့် အခြေအနေ ဖြစ်ပေါ်ပါက ဥပဒေနှင့်အညီ ဖြေ ရှင်းရန် လိုအပ်ချက်များ ရှိနေခြင်း ဖြစ်သည်။ အဆိုပါကျောင်းများသည် ငွေကြေးပြည့်စုံသူများကို ဈေးကွက်ဦးတည်ထား၍ ကျောင်းလခစရိတ်သည် အစိုးရကျောင်းနှင့် အဆမတန် ကွာခြားလျက်ရှိသည်။ ကျောင်းသားတစ်ဦး တစ်လပညာသင်စရိတ်သည် အမေရိကန်ဒေါ် လာ ထောင်နှင့်ချီ၍ သက်ဆိုင်ရာကျောင်း၏ နာမည်ကျော်ကြားမှု အလိုက်ရှိသည်။ ‘‘ကျွန်မသားက အလယ်တန်း တက်နေတာ၊ တစ်နှစ်စာကို သိန်းတစ်ရာကျော်လောက်ကျပါတယ်။ ဖယ်ရီစရိတ်တွေ ဘာတွေအပြီး။ အဓိကကတော့ စိတ်ချရတယ်။ ပြီးတော့ ပေးရတဲ့ ငွေကြေးနဲ့တန်တဲ့ ပညာရေးလည်းရမယ် ထင်တယ်’’ ဟု အထူးကုဆရာ၀န် ဒေါ်ခင်ဆင့်က ပြောသည်။ နိုင်ငံတကာကျောင်းများသည် နိုင်ငံတကာရှိတက္ကသိုလ်၊ ကောလိပ်များနှင့် ချိတ်ဆက်ရန် အဓိကအရေးပါလှပြီး သက်ဆိုင်ရာ နိုင်ငံတကာတက္ကသိုလ်၊ ကောလိပ်များတွင် ကျောင်း၀င်ခွင့်ရရှိရန် အခွင့်အလမ်း ပိုမိုကောင်းမွန်နေခြင်း ဖြစ်သည်။ ‘‘ကျောင်းသားတွေအတွက် အခုက အခွင့်အလမ်းပိုများလာတယ်။ အမေရိကန်နဲ့ UK ပညာရေးစနစ်တွေကို ပိုမိုစိတ်၀င်စား လာကြတယ်။ မြန်မာနိုင်ငံမှာတက် လို့မရတဲ့ နိုင်ငံခြားတက္ကသိုလ်တွေ ကို တက်ခွင့်ရအောင်လို့ ရွေးချယ် လာကြတာပါ’’ဟု Connect Institute ပူးတွဲတည်ထောင်သူ ဦးအောင်ဖုန်းမြင့်က ပြောသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ ၂၀၁၀ က ရန်ကုန်မြို့တွင် နိုင်ငံတကာကျောင်း ၂၀ ခန့်သာရှိရာမှ ယခုအချိန်၌ ကျောင်းပေါင်း ၁၀၀ ခန့် ရှိနေသည်။ နိုင်ငံတကာအဆင့်မီ ပညာရေးလိုအပ်ချက် မြင့်မားလာနေသဖြင့် လာမည့်နှစ်များအတွင်း နိုင်ငံတကာကျောင်းများ အရေးပါမှု သည်လည်း ပိုမိုမြင့်တက်လာဖွယ် ရှိနေပြီး ပညာရေးဆိုင်ရာ နည်းဥပဒေများ အလျင်အမြန်လိုအပ် နေပြီဖြစ်သည်။ ဈေးကွက်တောင်းဆိုမှုအရ အင်အားကြီးမားလာသော နိုင်ငံ တကာကျောင်းများနှင့်ပတ်သက်၍ ဥပဒေကျိန်းသေလိုအပ်နေ ကြောင်း ပြည်သူ့လွှတ်တော် ပညာရေးမြင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က သုံးသပ်သည်။ ‘‘ဒီကျောင်းတွေအတွက် ဥပဒေတွေက မဖြစ်မနေလုပ်သင့်တဲ့ ဥပဒေတစ်ခုပါ။ လုပ်ဖို့လည်း တိုင်ပင်ဆွေးနွေးပါဦးမယ်။ ကျွန်တော်တို့ဆီမှာလည်း ပညာရေးနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းဖို့ ဥပဒေတွေ အများကြီးရှိနေတယ်’’ဟု ပြည်သူ့ လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောသည်။ နိုင်ငံတကာကျောင်းများသည် ဈေးကွက်ကျယ်ပြန့်ပြီး ငွေကြေးပမာဏ အမြောက်အမြား စီးဆင်းရာနေရာဖြစ်သည်။ အဆိုပါ ကျောင်းများသည် ပညာရေး၀န်ဆောင်မှု ကုမ္ပဏီပုံစံသာ ဖွင့်လှစ်ထားသောကြောင့် အခွန်အခအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနက ၀င်ငွေခွန်သာ ရရှိ ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။ မြန်မာနိုင်ငံနှင့် မိုင်ပေါင်းများစွာ ၀ေးကွာသည့် တူရကီနိုင်ငံရေး ဂယက်သည် Horizon ကျောင်းအပေါ် ရိုက်ခတ်မှု ရှိနေပြီး ယင်းကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသားများထံ သက်ရောက်လာနိုင်ဖွယ် ရှိနေသည်။ ‘‘ကျွန်တော့်သမီးလေးက မနှစ်ကအထိ Horizon မှာတက်တာ ခုနစ်တန်းပေါ့။ ဖေဖော်၀ါရီက စပြီး ကျောင်းအပ်လက်ခံနေတော့ အပ်လိုက်တယ်။ အခုလတွေ တရားစွဲတယ်၊ ဘာတယ်ကြားတော့ ကျောင်းပြန်နုတ်ချင်တယ်။ ဒါပေမဲ့ မနုတ်ဖြစ်ခဲ့ဘူး။ ကျောင်းလခသွင်းထားတာက ဒေါ်လာရာဂဏန်းဆိုတော့ မိန်းမကလည်း ကျောင်းရဲ့ Mother Club ထဲမှာပါတယ်။ နောက်တော့ ကျောင်းက ခေါ်ပြီး ရှင်းပြတယ်။ ဘာပြဿနာ မှ မရှိနိုင်ပါဘူးပေါ့။ အကုန်လုံး လည်း ဒီလိုလုပ်နေကြတာပဲ။ပညာ ရေးနဲ့ လုံခြုံရေးစိတ်ချပါဆိုပြီး တော့ အဖွဲ့လိုက် ခေါ်ရှင်းပြတယ်’’ ဟု Horizon ကျောင်းတွင် သတ္တမ တန်းတက်နေသော ကျောင်းသူတစ်ဦး၏ ဖခင်က ပြောသည်။ ‘‘ပညာရေး၀န်ဆောင်မှုကတော့ သမီးအခြေအနေကြည့်ရတော့ ကောင်းတယ်ထင်ပါတယ်။ ကျောင်းက Activity တွေကတော့ အတော်ကောင်းတယ်။ အခုမှတော့ အစိုးရကျောင်း ပြောင်းဖို့က မလွယ်တော့ဘူး။ ဒီမှာပဲ အတန်း ပြီးတဲ့အထိ ဆက်ထားသွားမှာပါ’’ ဟု ၎င်းက ဆိုသည်။ Horizon ကျောင်းကဲ့သို့ ဖြစ် စဉ်မျိုး ထပ်မံရင်ဆိုင်ကြုံတွေ့ရပါက ဥပဒေနှင့်အညီ ဖြေရှင်းဆုံး ဖြတ်ဆောင်ရွက်နိုင်ရန် ပြည်သူ့ အစိုးရလက်ထက်တွင် ပညာရေး ၀န်ကြီးဌာနအနေဖြင့် အမျိုးသား ပညာရေးဥပဒေ၏ နောက်ဆက်တွဲ ပညာရေးဥပဒေများ ဆက်လက် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်နေသည်။
Source : http://ift.tt/2rkvYdH
via IFTTT
Source : http://ift.tt/2rkvYdH
via IFTTT
The Irrawaddy - Burmese Edition
ဧရာဝတီတိုင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အရှုပ်တော်ပုံ ဘယ်လို အဆုံးသတ်မှာလဲ ပုံ - ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ဦးဆောင်တဲ့ ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း ဖွင့်ပွဲ အခမ်းအနား ၂၀၁၆ ခုနှစ် ဇွန်လ အတွင်းက ပြုလုပ်ခဲ့ပါတယ်။ / ဆလိုင်းသန့်စင် / ဧရာဝတီ ဧရာဝတီတိုင်းမှာလည်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ဦးဆောင်တဲ့ တိုင်းအစိုးရအဖွဲ့ ဟောင်းက အစိုးရသစ်ကို ရန်ပုံငွေ ကျပ် ၅ ဘီလီယံကျော် လွှဲပြောင်းမပေးမှု ဖြစ်ပွားနေပါတယ်။ တိုင်းအစိုးရ အဖွဲ့ဟောင်းအနေနဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၅ ဘီလီယံ ကျော် (ကျပ်သိန်း ၅ သောင်းကျော်) ကို လက်ရှိ အစိုးရသစ်ကို လွဲှပြောင်းပေးခဲ့ခြင်း မရှိဘူးဆိုပြီး လက်ရှိ ဧရာဝတီတိုင်း အစိုးရအဖွဲ့သစ် လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက မေလအတွင်းမှာ ထုတ်ဖော် ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ကျပ်သိန်း ၅ သောင်းကျော် ပမာဏရှိတဲ့ ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို ပုသိမ်မြို့ အခြေစိုက် ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့ တယ်လို့ ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဝင်ဟောင်း ဦးဝင်းကိုကိုက ဝန်ခံပြောဆိုပါတယ်။ ကျပ်သိန်း ၅ သောင်းကျော် ကို လှူဒါန်းခဲ့တယ်ဆိုတဲ့ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဆိုတာ က ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တဲ့ ဖောင်ဒေးရှင်းဖြစ်ပြီး တိုင်းအစိုးရ အဖွဲ့ဝင်ဟောင်းတွေ အများအပြား ပါဝင်ခဲ့တာပါ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) က မဲအပြတ်အသတ် ရှုံးနိမ့်ပြီးတဲ့ နောက်ပိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်တဲ့ တိုင်းအစိုးရ အဖွဲ့ ရာထူးကနေ ဆင်းပေးခါနီးအချိန်မှာ သူတို့အစိုးရ တာဝန်ယူစဉ်က လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ ဧရာဝတီ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်ရဲ့ ဧရာဝတီတိုင်း အစိုးရ အဖွဲ့ မှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း ဦးမောင်မောင်ဝင်းနဲ့ ဝန်ကြီးချုပ်ရဲ့လက်ရင်းလူယုံ တဦးအဖြစ် နာမည်ကြီးတဲ့ ဧရာဝတီတိုင်း ပညာရေးမှူးဟောင်း ဦးကြည်အောင်တို့ ဦးဆောင်ပြီး ဧရာဝတီတိုင်း ဒေသကြီး ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း အဖြစ် အသစ် ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။ ဝန်ကြီးချုပ် ဦးသိန်းအောင်ရဲ့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟာ ဖောင်ဒေးရှင်းအဟောင်းဆီက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် သိန်း ၅ သောင်းကျော် (၅ ဘီလီယံကျော်) ကို အဆိုပါ ဖောင်ဒေးရှင်း အသစ်ထံ အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လက်မှတ်ထိုး လွဲှပြောင်းလှူဒါန်း ပေးခဲ့ပြီး ဦးသိန်းအောင် အပါအဝင် ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဝင် ဟောင်းတွေက အဆိုပါ ဖောင်ဒေးရှင်း နာယကများ အဖြစ် ပါဝင်လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရပါတယ်။ ဖောင်ဒေးရှင်းကို ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်း လှူဒါန်းခဲ့တဲ့ ငွေပမာဏဟာ ကျပ် ၅ ဒသမ ၂ ဘီလီယံ (ကျပ်သိန်း ၅ သောင်း ၂ ထောင်ကျော်) ဖြစ်တယ်လို့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေ လက်ခံရယူခဲ့တဲ့ ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ပုသိမ်မြို့မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ လှူဒါန်းငွေကျပ် သိန်း ၅ သောင်း ၂ ထောင်ကျော်အနက် သိန်း ၄၂၂၀ ကျော်ကို ဧရာဝတီတိုင်းထဲမှာရှိတဲ့ မြို့နယ် ၂၀ က ကျေးလက်မီးလင်းရေး လုပ်ငန်းတွေ အတွက် ချေးငှားထားခဲ့ပြီး ကျပ်သိန်း ၈၀၀၀ ကျော်ကို ယုံကြည် စိတ်ချရတဲ့ လုပ်ငန်းရှင်တွေနဲ့ အကျိုးတူ စီးပွားရေး လုပ်ကိုင်ထားကြောင်း၊ ကျန်ငွေ ကျပ် သိန်း ၄ သောင်း ကျော်ကို ပုသိမ်မြို့မှာ ရှိတဲ့ ဘဏ် ၄ ခုမှာ ခွဲပြီးအပ်နှံထားတယ်လို့ ပညာ၊ ကျန်းမာ ဖောင်ဒေးရှင်းက ဆိုပါတယ်။ “ငွေတွေကို မဆုံးရှုံးအောင် စာချုပ်စာတမ်းနဲ့ လုပ်ကိုင်ထားပြီး အကျိုးအမြတ်ကိုလည်း ဘဏ်တိုးထက် ပိုရအောင် လုပ် ထားပါတယ်”လို့ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဗိုလ်မှူးကြီးဟောင်း ဦးမောင်မောင်ဝင်းက ရှင်းပြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အာဏာရယူ အုပ်ချုပ်ခဲ့တဲ့ ၁ နှစ်ကျော် ကာလအတွင်းမှာ ပထမဆုံး အနေနဲ့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းရဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စ ပေါ်ပေါက်ခဲ့ပါတယ်။ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက မကွေးတိုင်းထဲက တနိုင်တပိုင် ရေနံ လက်ယက်တွင်း တူးသူတွေဆီက ကောက်ခံထားတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၂ သောင်း ၈ ထောင် ကျော် ကို အစိုးရဟောင်းက လွဲှပေးခြင်း ရှိ မရှိ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။ အဲဒီမေးမြန်းမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအမိန့်နဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ဦးဆောင်တဲ့ တိုင်း အစိုးရ အဖွဲ့ဟောင်းကို စစ်ဆေးခဲ့ရာမှာ လွဲှမပေးခဲ့တဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဟာ ကျပ်သိန်း ၇ ဒသမ ၄၅၉ ဘီလီယံ ကျပ် ဖြစ်နေကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ အထူးစုံစမ်း စစ်ဆေးရေးဌာနရဲ့ စစ်ဆေးချက်အရ မကွေးတိုင်း အစိုးရဟောင်းအနေနဲ့ အဆိုပါ ၇ ဘီလီယံကျော် အနက် ရွှေသုခ အသေးစား ငွေချေးလုပ်ငန်းကို ၁ ဒသမ ၅၇ ဘီလီယံ၊ ကြံ့ခိုင်ရေး ပါတီအတွက် ၁ ဒသမ ၇ ဘီလီယံ သုံးစွဲထားပြီး ကျပ် ၄ ဒသမ ၁၈ ဘီလီယံကို ဒေသဖွံ့ဖြိုးရေး အတွက် သုံးစွဲထားကြောင်း သိရှိရပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခလုပ်ငန်း ဥက္ကဋ္ဌ ဦးကြည်ထွန်းတို့ အနေနဲ့ အဆိုပါငွေကြေးများကို ပြန်ပေး ဖို့ နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားခဲ့ပြီး အဲဒီ ညွန်ကြားချက်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ငွေတွေ ပြန်မပေးရင် ဥပဒေအရ အရေးယူမယ်လို့ ဒေါက်တာ အောင်မိုးညိုက ပြောဆိုခဲ့တဲ့နောက် ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ကျပ်သိန်း ၁ သောင်း ၇ ထောင် (၁ ဒသမ ၇ ဘီလီယံ) ပြန်ပေးမယ်လို့ ပြောဆိုခဲ့ပြီး ရွှေသုခ လုပ်ငန်း ဥက္ကဋ္ဌ ဦးကြည်ထွန်းကလည်း သူတို့ရယူထားတဲ့ ငွေတွေ ပြန်ပေးမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကို ဆက်သွယ်ပြောဆိုခဲ့ပါတယ်။ မကွေးတိုင်း အစိုးရဟောင်းရဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စ ပေါ်ပေါက်ပြီးတဲ့နောက် ဧရာဝတီတိုင်း အစိုးရဟောင်းရဲ့ ရန်ပုံငွေတွေ လွဲှမပေးတာ ပေါ်ပေါက်ခဲ့ပြီး တဆက်တည်းဆိုသလို စစ်ကိုင်းတိုင်း အစိုးရဟောင်းကလည်း ကျပ်သိန်း ၉ ထောင်ကျော် လွှဲမပေးခဲ့တဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကတော့ တိုင်းဒေသကြီး အစိုးရဟောင်းတွေ အနေနဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေ လွဲှမပေးတဲ့ကိစ္စကို အစောကြီးကတည်းက သူတို့ သိထားခဲ့ကြောင်း ပုသိမ်မြို့ကို မေလ ဒုတိယပတ် အတွင်းက လာရောက်စဉ် မီဒီယာတွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ “အဲဒီရန်ပုံငွေတွေက အရင်တိုင်းအစိုးရတွေက သူတို့နည်းသူတို့ဟန်နဲ့ ရထားတဲ့ရန်ပုံငွေတွေ။ နယ်မြေဒေသ ဖွံ့ဖြိုးရေး ရည်ရွယ်ချက်နဲ့ ကောက်ခဲ့တဲ့ရန်ပုံငွေတွေ။ အဲဒါက သူတို့အစိုးရ တာဝန်မရှိဘူးဆိုရင် နောက်အစိုးရကို လွဲှရမယ်။ မလွဲှ ဘူး။ မလွဲှတဲ့ကိစ္စ ကိုယ်တို့သိတယ်။ ဘာမှမပြောဘူး။ အခုသူတို့ထဲက မကျေနပ်တဲ့ကောင်က တိုင်လို့ ပေါ်လာတာ”လို့ ဦးဝင်းထိန်က မီဒီယာတွေကို ပြောပါတယ်။ မကွေးတိုင်း အစိုးရဟောင်းရဲ့ ရန်ပုံငွေကိစ္စကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သိရှိသွားတဲ့ နောက်ပိုင်းမှာ ငွေစာရင်းဇယားတွေကို ရှေ့နေချုပ်ရုံးနဲ့ စာရင်းစစ်ချုပ်ရုံးတွေကို ပေးပို့စစ်ဆေးစေခဲ့ပြီး ဥပဒေအတိုင်း လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့လည်း ဦးဝင်းထိန်က ဆိုပါတယ်။ “ဒီကိစ္စက တရားစွဲလို့ရတယ်။ တရားမစွဲဘဲနဲ့ ဒေါက်တာ အောင်မိုးညိုက ပြန်တောင်းတော့ ဘုန်းမော်ရွှေက ပြန်ပေး တယ်။ ပြန်ပေးတော့ ပိုက်ဆံပြန်ရတော့ မကွေးတိုင်း ဖွံ့ဖြိုးရေးတွေ လုပ်လို့ရတာပေါ့” လို့ ဦးဝင်းထိန်က ပြောပါတယ်။ ဒေသရန်ပုံငွေ ကျပ်သိန်း ၇ သောင်းကျော်ကိစ္စမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို အနေနဲ့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး မီဒီယာကတဆင့် အများသိအောင် ဖော်ထုတ်လုပ်ကိုင်ခဲ့မှုအပြီးမှာ ဒေသခံ ပြည်သူတွေနဲ့ သက်ဆိုင် တဲ့ ကျပ်သိန်း သောင်းနဲ့ချီတဲ့ ရန်ပုံငွေတွေ ပြန်လည်ရရှိဖို့ အခြေအနေ ဖြစ်လာခဲ့တာပါ။ ဧရာဝတီတိုင်း ဒေသကြီးမှာတော့ ဒေသရန်ပုံငွေ ကျပ်သိန်း ၅ သောင်း ၂ ထောင်ကျော်ကိစ္စမှာ ဝန်ကြီးချုပ် မန်းဂျော်နီ အနေနဲ့ မီဒီယာကို လုံး၀ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဧရာဝတီ သတင်းဌာနအနေနဲ့ ဝန်ကြီးချုပ် မန်းဂျော်နီရဲ့ ကိုယ်ရေး အရာရှိကတဆင့် ဆက်သွယ်ခဲ့ပေမယ့် ဝန်ကြီးချုပ် က ဖြေမှာ မဟုတ်ဘူးလို့သာ ပြန်လည် ပြောပါတယ်။ “ဒီကိစ္စက ဆောင်ရွက်နေဆဲဆိုတော့ ဝန်ကြီးချုပ်က ဖြေမှာမဟုတ်ဘူး။ နေပြည်တော်မှာလည်း သတင်းထောက်တွေ ဝိုင်းမေးတုန်းကလည်း သူမဖြေခဲ့ဘူး။ ကိစ္စတွေအားလုံး ပြီးတဲ့အချိန်ကျတော့ ဝန်ကြီးချုပ်အနေနဲ့ ရှင်းလင်းပေးမှာပါ” လို့ သူက ပြောပါတယ်။ ရန်ပုံငွေ ကျပ်သိန်း ၅ သောင်းကျော်ကိစ္စမှာ ဝန်ကြီးချုပ်က ဖြေကြားခြင်း မရှိတဲ့အတွက် ဝန်ကြီးချုပ်ကိုယ်စား လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးကပဲ မီဒီယာတွေကို တာဝန်ယူဖြေကြားနေခဲ့ပါတယ်။ တိုင်းအစိုးရ ကိုယ်စား ဖြေကြား တဲ့ ဝန်ကြီးဦးဝင်းဌေးရဲ့ ဖြေကြားချက်မှာလည်း ရန်ပုံငွေကိစ္စကို စစ်ဆေးနေတယ် ဆိုတာလောက်ပဲ ပါဝင်ပြီး စစ်ဆေးမှုအခြေအနေက ဘယ်အဆင့်ရောက်နေလဲ၊ ဘယ်သူ့ကို တာဝန်ပေး စစ်ဆေးနေလဲ စတဲ့ လုပ်ဆောင်မှုတွေ ကို ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။ ဧရာဝတီတိုင်း အစိုးရအနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်နေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စမှာ အေးတိအေးစက် ဖြစ်နေတဲ့ အပေါ် ဧရာဝတီတိုင်း အတွင်းက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက အားမရဘူးလို့ ပြောဆိုကြပါတယ်။ “ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စမှာ မီဒီယာတွေ ဖော်ထုတ်ချက်အရ ၅ ဒသမ ၂ ဘီလီယံဆိုတဲ့ ငွေပမာဏ တခု ပေါ်လာခဲ့ ပြီ။ ဒီအပေါ်မှာ တိုင်း အစိုးရအနေနဲ့ စီမံချက်ရေးဆွဲပြီး ဖိဖိစီးစီး လိုက်လုပ်သင့်တယ်။ အခုက အေးတိအေးစက် နဲ့ ဆိုတော့ နှောင့်နှေးမှုတွေ ဖြစ်နေတယ်။ ဧရာဝတီတိုင်း အစိုးရကို လုံးဝအားမရတာ အမှန်ပဲ” လို့ ပုသိမ်မြို့ အခြေစိုက် မြစ်ဝကျွန်းပေါ် ကာကွယ်မြှင့်တင်သူများ အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေက ပြောပါတယ်။ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်းအနေနဲ့ ကျပ်သိန်းပေါင်း ၅ သောင်း ၂ ထောင်ကျော် ပမာဏရှိတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို အနုပညာ ဖျော်ဖြေပွဲတွေ၊ ဒေသခံ လုပ်ငန်းရှင်တွေကို ငွေကြေး ထည့်ဝင်စေတာ၊ လုပ်ငန်း လေလံ တွေ၊ တင်ဒါ ခေါ်ယူမှုတွေကနေတဆင့် စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။ အဲဒီ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကိစ္စနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်း လွှတ်တော်မှာ ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက စတင်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ “ကျနော်တို့ဒေသက တံတားတွေ လမ်းတွေ တင်ဒါခေါ်တဲ့နေရာ၊ လေလံဆွဲတဲ့နေရာမှာ ငွေပမာဏ ဘယ်လောက်ကို တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေထဲကို ထည့်ဝင်ရမယ်လို့ လေလံ စည်းကမ်းထဲမှာကို ထည့်ဆွဲထားတာ။ အဲဒီတော့ ဒါကအလှူငွေမဟုတ်ဘူး။ တရားဝင် ကောက်ခံထားတဲ့ငွေတွေ” လို့ ဦးဇေယျာမင်းသိန်း က ပြောပါတယ်။ ဖွံ့ဖြိုးရေးရန်ပုံငွေတွေ လက်ခံရယူထားတဲ့ နယ်လုံဝန်ကြီးဟောင်း ဦးမောင်မောင်ဝင်း ဦးဆောင်တဲ့ ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းအနေနဲ့ ရန်ပုံငွေ ကျပ်သိန်း ၅ သောင်း ၂ ထောင်ကျော်ကို ပြန်လွဲှပေးဖို့၊ မပေးဖို့ သဘောထား ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ အဲဒီအပြင် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့အနေနဲ့လည်း စုံစမ်းစစ်ဆေးလို့ ပေါ်ပေါက်ခဲ့ရင် အဆိုပါငွေကြေးတွေ ပြန်တောင်းမလား၊ မတောင်းဘူးလား ဆိုတာကိုလည်း ပြောဆိုခြင်း မရှိပါဘူး။ “လွှတ်တော်မှာ မေးမြန်းလာချက်အရ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ် နေပါ တယ်။ စုံစမ်းစစ်ဆေးမှု ရလဒ်တွေ ပေါ်ပေါက်လာပြီး နောက်ပိုင်းကိုတော့ နောက်တဆင့် ထပ်ပြီး စဉ်းစားမှာပါ။ နောက် တဆင့် ဘာဆက်လုပ်မလဲဆိုတာတော့ မပြောနိုင်သေးပါဘူး”လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ရဲ့ လမ်းပန်း ဆက်သွယ် ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။ ဖျာပုံ လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်း ကတော့ ဒီရန်ပုံငွေတွေဟာ ပြည်သူ့ငွေတွေ ဖြစ်တဲ့အတွက် ပြည်သူ လူထုထံ မဖြစ်မနေ ပြန်ပေးဖို့လိုအပ်တယ်လို့ သူ့သဘောထားကို ထုတ်ဖော် ပြောဆိုပါတယ်။ “ဒီငွေတွေဟာ ပြည်သူ့ငွေတွေမို့ သူတို့ပြန်ပေးရမှာပဲလေ။ စစ်ဆေး ဆောင်ရွက်ရမှာကတော့ သက်ဆိုင်ရာ တိုင်း ဒေသ ကြီး အစိုးရနဲ့ ပြည်ထောင်စု အစိုးရ တာဝန်ပဲ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဆို နှစ်စဉ်လိုလို သဘာဝဘေး အန္တရာယ် ရင်ဆိုင်နေရတာ။ အစိုးရမှာရှိတာ ၁ ကျပ်၊ အောက်မှာ လိုအပ်နေတာက ၁၀၀ ဆိုတော့ ဒီငွေလေးသာရှိရင် ကျနော်တို့ တိုင်းက ပြည်သူလူထုအတွက် အထောက်အပံ့တခုခု ဖြစ်လာမှာပါ”လို့ ဦးဇေယျာမင်းသိန်းက ပြောပါတယ်။ မကွေးတိုင်း အစိုးရဟောင်းထံက ကျပ်သိန်းပေါင်း သောင်းနဲ့ချီတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို ပြည်သူတွေ အတွက် ရအောင် ပြန်တောင်းပေးနိုင်ခဲ့လို့ NLD ပါတီရဲ့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို အပေါ် မကွေးတိုင်း က ပြည်သူတွေရော ဒီမိုကရေစီအရေး ထောက်ခံတဲ့ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကရော ချီးကျူး ဂုဏ်ပြုခဲ့ကြပါ တယ်။ ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီအနေနဲ့ရော ကျပ်သိန်းပေါင်း ၅ သောင်း ၂ ထောင် ပမာဏရှိတဲ့ ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကိစ္စနဲ့ပတ်သက်ပြီး ဘာတွေများ စွမ်းဆောင်ပြနိုင်မလဲဆိုတာတော့ ဆက်လက် စောင့်ကြည့် သွားရမှာ ဖြစ်ပါ တယ်။ ။
Source : https://goo.gl/UdFZS8
via IFTTT
Source : https://goo.gl/UdFZS8
via IFTTT
The Irrawaddy - Burmese Edition
သင်္ကန်းကျွန်း၌ ကျောင်းသားသစ်များ လက်မခံနိုင်သဖြင့် တိုင်တန်းမှုများဖြစ်ပေါ် ပုံ - သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) / နန်းလွင်နှင်းပွင့် / ဧရာဝတီ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းပြောင်းကျောင်းအပ် လုပ်ကြသည့် ကျောင်းသူကျောင်းသားသစ်များကို လက်မခံနိုင်သဖြင့် ကျောင်းသားမိဘများက မကျေမနပ်ဖြစ်ပြီး မြို့နယ်ပညာရေးရုံးသို့ တိုင်တန်းမှုများ ရှိနေကြောင်း သိရသည်။ သင်္ကန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်း(က) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်ရီရီမြင့်က “ ကျမသမီးက တောင်ကြီးကနေ ၆ တန်း ကျောင်းပြောင်းတာ၊ အဲဒါကို လက်မခံဘူး။ ဘယ်သူလာလာ လူပြည့်ပြီပဲပြောနေတယ်။ ကျမတို့က ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ကွက် ခွဲတမ်းကျကျောင်းမှာတောင် အပ်မရတော့ ဘယ်နေရာကိုသွားအပ်ရမလဲ။ မနက်ဖြန်ပဲ ကလေးက ကျောင်းတက်ရတော့မယ်” ဟု ပြောသည်။ ကလေးကျောင်းအပ်မရခဲ့သည့် အခြားမိဘ ၂ ဦးနှင့်အတူ ဒေါ်ရီရီမြင့်က မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက် တိုင်တန်းခဲ့ရာတွင် ပညာရေးမှူးရုံးမှ ကျောင်းသားဦးရေ ပြည့်နေသဖြင့် လက်မခံနိုင်တော့ခြင်းဖြစ်ကြောင်း ပြန်လည်ပြောသည်ဟု ၎င်းက ဆိုသည်။ လူမှုကွန်ရက်များတွင် သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၅) အထက်တန်းကျောင်းခွဲမှာ ဘာသာခြားများကို ခွဲခြား၍ ကျောင်းအပ်လက်မခံသည့်အပြင် ကျောင်းသူကျောင်းသားသစ်များကို ကျောင်းအပ်ရာတွင် လက်မခံကြောင်း ရေးသားဖော်ပြမှုများ ပျံ့နှံ့လျက်ရှိသည်။ သင်္ကန်းကျွန်း အမှတ် (၅) အထက်တန်းကျောင်းခွဲ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စောက “တိုင်တယ်ဆိုတာက ကျမတို့က လက်မခံနိုင်တဲ့ အခြေအနေမှာ သူတို့ကလာတယ်။ လာသမျှမိဘကို ကျောင်းသားတွေ ပြည့်နေတဲ့အကြောင်း ရှင်းပြတယ်။ ကျောင်းမှာ ထွေထွေထူးထူး မဖြစ်သွားဘူး။ အခြေအနေအားလုံးကို ကျမက ပြေပြေလည်လည်ပဲ ရှင်းပြပါတယ်” ဟု ပြောသည်။ သင်္ကန်းကျွန်း အမှတ် (၅) အထက်တန်းကျောင်းခွဲသည် ယခင်က အလယ်တန်းကျောင်းဖြစ်ပြီး ၂၀၁၆ – ၂၀၁၇ ခုနှစ် ပညာသင်နှစ်တွင် ၉ တန်း၊ ၂၀၁၇ – ၂၀၁၈ ခုနှစ် ပညာသင်နှစ်တွင် ၁၀ တန်းအထိ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး စာသင်ခန်း စုစုပေါင်း အခန်း ၅ ခန်း တိုးချဲ့၍ ထိုအတန်းများကို သင်ကြားစေခဲ့သည်။ အထက်တန်းဖြစ်သည့် ၉ တန်းနှင့် ၁၀ တန်း အတန်းများ တိုးချဲ့ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းအဆောက်အအုံကို တိုးဆောက်ပေးခြင်းမရှိဘဲ ယခင်ရှိနေသည့် အလယ်တန်းကျောင်းခန်းများကိုသာ ခွဲပေးလိုက်ရသဖြင့် အခန်းနေရာများ ပိုကြပ်သွားကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စောက ရှင်းပြသည်။ ထိုအမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ အလယ်တန်းပြဆရာမ ဒေါ်သက်သက်က“ အရင်ကလည်း အပ်မရလို့ ပြောဆိုတိုင်တော နေကြတာပါပဲ။ ဒီနှစ်တော့ နည်းနည်းပိုဆိုးသွားတယ်။ ကျောင်းမှာက လူဦးရေများလို့ တကယ့်ကို လက်မခံနိုင်တာပါ”ဟု ဆိုသည်။ ပညာရေးဝန်ကြီးက စာသင်ခန်း ၁ ခန်းလျှင် ကျောင်းသားဦးရေ ၅၅ ဦး ထက်မပိုရဟု ညွှန်ကြားထားသော်လည်း ယခုကျောင်းအပ်လက်ခံသည့် အချိန်တွင် ကျောင်းသားသစ် အများအပြား လာအပ်ကြသဖြင့် တချို့အတန်းများတွင် ကျောင်းသားဦးရေ ၆၀ အထိ လက်ခံထားရကြောင်း ဒေါ်သက်သက်က ဆက်ပြောသည်။ ဒေါ်သက်သက်က “ကြပ်ညှပ်နေတော့ ကလေးတွေက စာလည်းစိတ်မဝင်စားတော့ဘူး။ ကျောင်းမှာလည်း ပင်စင်ယူသွားတဲ့ ဆရာမတွေ အစားပြန်မရဘူး။ မနှစ်က ၃ ယောက်၊ ဒီနှစ်ထဲမှာ ၂ယောက် ထပ်ပင်စင်သွားဦးမယ်။ ဆရာမရှိတယ်ဆိုရင် အခန်းတိုးထားလို့ရတယ်။ အဲဒါကြောင့် ဆရာမတို့က လူဦးရေကို အများကြီး လက်မခံနိုင်တာပါ” ဟု ပြောသည်။ သင်္ကန်းကျွန်းမြို့နယ်၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အပြင် ရန်ကုန်မြို့တွင်း တောင်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့တွင်လည်း ကျောင်းသားသစ်များ လက်မခံနိုင်တော့သည့် ကျောင်းတချို့ ရှိနေကြောင်း သိရှိရသည်။ သင်္ကန်းကျွန်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းရီက “ မေလ ၂၅ ရက်တည်းက ကျောင်းအပ်လို့မရလို့ဆိုပြီး လာကြတယ်။ ဒီနေ့တရက်တည်းမှာ အနည်းဆုံး ၂၅ ဦး ကျော်လောက်ရှိတယ်။ ကျမလည်း လာရောက်သမျှ ကျောင်းသားမိဘတွေကို သေချာရှင်းပြတယ်” ဟု ပြောသည်။ ကျောင်းအပ်နှံခြင်းကာလမတိုင်မီ မတ်လနှင့် ဧပြီလတို့တွင် အမှတ် (၅) ကျောင်းနှင့် သက်ဆိုင်ရာ ရပ်ကွက် အတွင်း ကျောင်းသားစာရင်း ကောက်ခံခဲ့ရာ ၂၇၀၀ ဦးရေခန့်သာ ရှိပြီး ကျောင်းအပ်ရာသီ ရောက်မှ ကောက်ယူထားသည့် စာရင်းများထက် ပိုများလာကြောင်း၊ အများစုမှာ အထပ်မြင့်တိုက်ခန်းများ တွင် အိမ်ငှားစာချုပ်များဖြင့် နေထိုင်ကြ သူများ၊ နယ်မှ ပြောင်းရွှေ့လာကြသူများ ဖြစ်သည်ဟု ဒေါ်ခင်နှင်းရီက ဆိုသည်။ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် ကျောင်းသားသစ် ထပ်မံလက်မခံနိုင်တော့သဖြင့် ကျောင်းအပ်ရန် ကျန်ရှိနေသည့် ကျောင်းသူ/သားများကို အမှတ် (၃၁) နှင့် အမှတ် (၃၃) မူလတန်းကျောင်းများကို အပ်နှံရန်၊ အလယ်တန်းနှင့် အထက်တန်းများကိုလည်း သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ အခြားကျောင်းများတွင် အပ်နှံကြရန် ပညာရေးမှူး ဒေါ်ခင်နှင်းရီက ပြောသည်။ ၂၀၁၇- ၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းများကို ဇွန်လ ၁ ရက်တွင် ကျောင်းစတင် ဖွင့်လှစ်မည် ဖြစ်သည်။ ကျောင်းအပ်ရမည့် ရက်သတ္တပတ်ကာလကို မေလ ၂၅ ရက်မှ ၃၁ ရက် အထိ သတ်မှတ်ထားပြီး ကျောင်းသားဟောင်းများကို ဦးစွာလက်ခံ၍ ကျောင်းသားသစ်များကို မေလ ၂၇ ရက်မှ စတင်လက်ခံခဲ့ကြောင်း သိရသည်။
Source : https://goo.gl/LWwNWM
via IFTTT
Source : https://goo.gl/LWwNWM
via IFTTT
Mizzima - News in Burmese
မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်းများတိုးမြှင့်ရန် May Bank က Hayman Capital ကို ကန်ဒေါ်လာ ၁သန်းချေး “စိုးရိမ်စရာမရှိပါဘူး၊ ကျွန်တော်တို့က မြန်မာငွေကိုပဲ ယူတယ်၊ ပြန်ပေးရင်လည်း မြန်မာငွေပဲ ပြန်ပေးရမှာဖြစ်တယ်၊ အရမ်း ကောင်းပြီး၊ သိပ်ကို အဆင်ပြေပါတယ်” သတင်းအပြည့်အစုံဖတ်နိုင်ရန် - https://goo.gl/vCiX66
Source : http://ift.tt/2smeGfA
via IFTTT
Source : http://ift.tt/2smeGfA
via IFTTT
The Mirror Daily
မြန်မာ့လက်ရွေးစင်အသင်းအား ပြန်လည်ဖွဲ့စည်း ================================ ရန်ကုန် မေ ၃ဝ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် မကာအိုအသင်းနှင့်ယှဉ်ပြိုင်ရမည့်အာရှဖလားခြေစစ်ပွဲနှင့် စင်ကာပူခြေစမ်းခရီးစဉ်အတွက် ကစားသမား ၂၃ ဦးရွေးချယ်လိုက်ပြီဖြစ်သည်။ ယခုပြန်လည် ရွေးချယ်လိုက်သည့် လက်ရွေးစင်အသင်းတွင် လက်ရွေးစင်အသင်းနှင့် ကာလအတန်ကြာဝေးကွာနေသည့် ကျော်ဇင်ထက်(ဂိုး)နှင့် မင်းမင်းသူတို့ ပါဝင်လာသည်။ မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုး-သီဟစည်သူ(ရှမ်း)၊ ကျော်ဇင်ထက်(ရန်ကုန်)၊ ပြည့်ဖြိုးအောင်(Southern)၊ နောက်တန်း- နန္ဒကျော်၊ ကျော်ဇင်လွင်(မကွေး)၊ ဇော်မင်းထွန်း၊ ဒေးဗစ်ဒန်း(ရန်ကုန်)၊ ထိုက်ထိုက်အောင်၊ ဝင်းမင်းထွဋ်(ရှမ်း)၊ သောင်လျပ်ထျန်(ချင်း)၊ သိန်းသန်းဝင်း(ရတနာပုံ)၊ အလယ်တန်း-ရန်အောင်ကျော်(ရန်ကုန်)၊ ရန်နိုင်ဦး၊ တင်ဝင်းအောင်(ရှမ်း)၊ မောင်မောင်လွင်(ဟံသာဝတီ)၊ စည်သူအောင်၊ မျိုးကိုထွန်း(ရတနာပုံ)၊ ဆောင်လမန်(ချင်း)၊ မင်းမင်းသူ(ဧရာဝတီ)၊ ဇင်ဖြိုးအောင်(ဇွဲကပင်)၊ ရှေ့တန်း- အောင်သူ(ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်)၊ သန်းပိုင်(ချင်း)တို့ပါဝင်ကြသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန် ၃ ရက်အတွင်း စတင်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာအသင်းသည် အာရှဖလားခြေစစ်ပွဲအဖြစ် ဇွန် ၁၃ ရက်တွင် မကာအိုအသင်းနှင့်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန် ၃ ရက်တွင် စခန်းဝင်လေ့ကျင့်မှု စတင်မည်ဖြစ်ပြီး ဇွန် ၄ ရက်တွင် စင်ကာပူနိုင်ငံ၌ခြေစမ်းပွဲများကစားရန် ထွက်ခွာမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန် ၆ ရက် တွင် စင်ကာပူလက်ရွေးစင်အသင်း၊ ဇွန် ၉ ရက်တွင် စင်ကာပူကလပ် နီဂါတာအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (ချစ်ကိုကို)
Source : http://ift.tt/2rjAU2e
via IFTTT
Source : http://ift.tt/2rjAU2e
via IFTTT
7Day News Journal
တာချီလိတ်၌ မြေကျင်းတူးပြီး မြှုပ်ထားသော မူးယစ်ဆေးများ ဖမ်းမိ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းအုပ်စု ပါခါးရွာအ နီးရှိ တောင်ယာတဲအတွင်း မြေ ကျင်းတူးကာ သေတ္တာအတွင်း ထည့်ထားသည့် စိတ်ကြွမူးယစ် ဆေးပြားနှစ်သိန်းကျော်နှင့် မူး ယစ်ဆေးအမှုန့် ခုနစ်ကီလိုဂရမ် ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ တောင်ယာတဲအတွင်း မြေ ကျင်းတူးကာ မြုပ်နှံထားသည့် သေတ္တာ၏ပိုင်ရှင် အားမဲ(ခ)လီမဲကို ဖမ်းဆီးမိခဲ့ခြင်း မရှိဘဲ တောင်ယာစောင့်အလုပ်သမားနှစ်ဦးဖြစ် သော အားဂျေနှင့် ဒေါ်မာထဆို သူနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း မူး ယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ‘‘မူးယစ်ဆေး၀ါးတွေ ခြံအ တွင်းမှာ သိမ်းဆည်းထားတယ်။ သတင်းရလို့ဖမ်း၀ရမ်းနဲ့ ၀င်ရှာ တာပါ။ ခြံပိုင်ရှင်ကတော့ ဖမ်းတဲ့ နေ့မှာမရှိလို့ မရလိုက်ဘူး။ ခြံ စောင့်နှစ်ဦးကိုတော့ မူးယစ်ဆေး ၀ါးတွေနဲ့အတူ ဖမ်းမိတယ်။ ပိုင် ရှင်နောက်ကိုတော့ ဆက်လိုက် နေပါတယ်’’ဟု ၎င်းရဲအရာရှိက ပြောသည်။ မေလ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် အဆိုပါ ခြံအတွင်းသို့ ၀င်ရောက်ဖမ်းဆီးခဲ့ပြီး WY စာတန်းပါ စိတ်ကြွဆေးပြား၂၁၈,၄၀၀ ပြား(ကာလတန်ဖိုးတစ်ပြားလျှင် ၁,၅၀၀ ကျပ်)ဖြင့်တွက်ချက်ပါက ကျပ် ၃,၂၇၆ သိန်း ဖိုး ဖမ်းဆီးရမိခဲ့သည်။ ‘‘တာချီလိတ်မှာကတော့ မူး ယစ်ဆေးသုံးတဲ့ လူငယ်တွေအ ရမ်းများတယ်။ ဆေးရောင်းတဲ့ သူတွေ အရမ်းပေါသလို ဆေးပြား တွေကလည်း ပေါတော့ဈေး လည်း ပေါတယ်။ ခုဆေးပြားများ များ၀ယ်ရင် ပိုတောင်ဈေးပေါ သေးတယ်။ ဖမ်းဆီးမှုတွေ မကြာ ခဏကြားရပေမယ့် ရောင်း၀ယ် သုံးစွဲသူတွေလည်း အများကြီးရှိ ပါတယ်’’ဟု တာချီလိတ်မြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးရမိသည့် စိတ်ကြွ မူးယစ်ဆေးပြားများနှင့် မူးယစ် ဆေးမှုန့်များတွင် အသင့်ရောစပ် ထားသော ပန်းရောင်မူးယစ်ဆေး မှုန့်တန်ဖိုးသည် တစ်ဂရမ်လျှင် ၁၅,၀၀၀ ကျပ် တန်ကြေးရှိပြီး ရေ စိုနေသည့် ဆေးမှုန့်တန်ဖိုးသည် ၇,၅၀၀ ကျပ်တန်ဖိုးရှိကြောင်း မူး ယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် မှ ရဲအရာရှိက ပြောသည်။ ‘‘ဆေးမှုန့်တန်ဖိုးက အားလုံး ပေါင်းကျပ်သိန်း ၉၀၀ ဖိုး မိတယ်။ နှစ်ခုပေါင်းတန်ဖိုးကျပ်သိန်းလေး ထောင်ကျော်ဖိုးလောက် မိတယ်။ ဖမ်းမိတဲ့သူတွေကိုတော့ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ နဲ့ အမှု ဖွင့်ထားပါတယ်’’ဟု ရဲအရာရှိက ပြောသည်။
Source : http://ift.tt/2qF4nC4
via IFTTT
Source : http://ift.tt/2qF4nC4
via IFTTT
DVB TV News
အာဖဂန်နစ္စတန်တွင် ဗုံးကွဲမှုကြောင့် ၈၀ ခန့် သေဆုံး၊ ရာချီ ဒဏ်ရာရ (ရုပ်သံ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးမြို့က သံတမန်ရပ်ကွက်မှာ ဒီကနေ့ အင်အားပြင်းတဲ့ ကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၈၀ လောက်သေဆုံးပြီး ၃၅၀ လောက်ဒဏ်ရာရသွားပါတယ်။ ဂျာမန်သံရုံးအနီး ဇန်ဘတ်ရင်ပြင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူ အများစုဟာ အရပ်သားတွေဖြစ်ဖွယ်ရှိတယ်လို့ ဘီဘီစီ ကမာ္ဘ့သတင်းမှာဖော်ပြပါတယ်။ ပေါက်ကွဲမှု ပမာဏကြီးမားလို့ လူအတော်များများ သေဆုံးပြီး ဒဏ်ရာရသူ များတယ်လို့ အရာရှိတွေက ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့နေရာက သံရုံးတွေ အစိုးရရုံးတွေ ရှိတဲ့နေရာဖြစ်ပြီး ဘယ်နေရာကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ရဲတွေက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဖြစ်တဲ့နေရာနဲ့ မီတာရာချီ ဝေးတဲ့နေရာက အိမ်တွေမှာလည်း ပြတင်းပေါက်မှန်တွေကွဲ၊ တံခါးတွေ ပွင့်ထွက်ပျက်စီးခဲ့ပါတယ်။ ဒီဗုံးခွဲမှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။
Source : http://ift.tt/2rDDa7P
via IFTTT
Source : http://ift.tt/2rDDa7P
via IFTTT
Eleven Media Group
၂၀၁၇ ခုနှစ် ဧပြီလကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၂၇၀ တွင်ဒေါ်လာ ၇၁၀၀၇ သန်းကျော်ရရှိထားပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတို့၌ အများဆုံးမြှုပ်နှံထား ပုံ - ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုများသည့် သီလဝါစက်မှုဇုန်၏ တစ်နေရာကို ၂၀၁၆ ခုနှစ် နှစ်ကုန်ခန့်က တွေ့ရစဉ် ၂၀၁၇ ခုနှစ် ဧပြီလကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၂၇၀ တွင်ဒေါ်လာ ၇၁၀၀၇ သန်းကျော်ရရှိထားပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတို့၌ အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံမှ စီမံကိန်း ၁၇၈ ခုမှ ဒေါ်လာ ၁၈ ၅၇၂ သန်းကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူနိုင်ငံမှ စီမံကိန်း ၂၃၉ ခုမှ ဒေါ်လာ ၁၆၉၅၇ သန်းကျော်ဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကာ ထိုင်းနိုင်ငံမှ စီမံကိန်း ၁၀၆ ခုမှဒေါ်လာ ၁၀၉၂၃ သန်းကျော်ဖြင့် တတိယအများဆုံး လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ထို့ပြင် ဟောင်ကောင်မှ စီမံကိန်း ၁၄၆ မှဒေါ်လာ ၇၅၉၉ သန်းကျော်၊ ယူကေမှ စီမံကိန်း ၈၆ ခုမှ ဒေါ်လာ ၄၂၁၁ သန်းကျော် ရင်းနှီးမြှုပ်နှံထားသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကျော် ရရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံများမှာ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ ယူကေ၊ ဟောင်ကောင်၊ မလေးရှား၊ နယ်သာလန်၊ ဂျပန်၊ ပြင်သစ်၊ ယူအက်စ်အေ၊ ကနေဒါ၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊ ဆွစ်ဇာလန်နှင့် ဂျာမနီအပါအဝင် နိုင်ငံပေါင်း ၄၉ နိုင်ငံရှိကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများကြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရန် ဆွေးနွေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားနှင့် နိုင်ငံသား (ဖက်စပ်) ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ Writer: မြတ်စုနိုင်
Source : http://ift.tt/2rn6VJ6
via IFTTT
Source : http://ift.tt/2rn6VJ6
via IFTTT
ရပ်ထားသည့် လိုက်ထရပ်ကို ရွှေမန်းသူ ဝင်တိုက်၊ နှစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ တောင်ငူ၊ မေ ၃၁ ရန်ကုန်- မန္တလေး အမြန်လမ်းမိုင်တိုင်၂၀၇ အနီး၌ ယနေ့(မေလ ၃၁ ရက်) နံနက် ၂ နာရီခန့်က ကွန်ကရစ် လမ်းဘေးအစပ်တွင် ရပ်ထားသည့် လိုက်ထရပ်ယာဉ်ကို ရွှေမန်းသူယာဉ်လိုင်းပိုင် Express ယာဉ်တစ်စီးက ဝင်တိုက်ခဲ့သည့်အတွက် အမျိုးသားနှစ်ဦး သေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်)ထံမှ စုံစမ်းသိရှိရသည်။ “လိုက်ထရပ်ယာဉ်ပေါ် လိုက်ပါလာတဲ့ အမျိုးသား ၁၆ ဦးအနက်မှာ နှစ်ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့သူတွေကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးထားတဲ့အနက် တစ်ဦးစိုးရိမ်ရတယ်”ဟု ပန်းတင်အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လိုက်ထရပ်ယာဉ်ပေါ် လိုက်ပါလာသည့် အသက် ၄၅ နှစ်အရွယ် ဦးစိန်မြင့်၊ အသက် ၄၀ အရွယ် ဦးကျော်ငွေတို့နှစ်ဦး အခင်းဖြစ်ရာ နေရာတွင် သေဆုံးခဲ့ကြောင်း ပန်းတင်အမြန်လမ်းရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
Source : https://goo.gl/wAa4Ro
via IFTTT
Source : https://goo.gl/wAa4Ro
via IFTTT
အသက်သွင်းနေပြီဖြစ်တဲ့ ရန်ကုန်တစ်ဖက်ကမ်း ဒလဘက်ခြမ်း အထူးစီးပွားရေးဇုန် | KUMUDRA JOURNAL
အသက်သွင်းနေပြီဖြစ်တဲ့ ရန်ကုန်တစ်ဖက်ကမ်း ဒလဘက်ခြမ်း အထူးစီးပွားရေးဇုန် ရန်ကုန်၊ မေ ၂၈ - ရန်ကုန်မြစ်ရဲ့တစ်ဖက်ကမ်း ဒလဘက် အခြမ်းမှာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် မဟာဗျူဟာ အထူးစီးပွားရေးဇုန်ဟာ စီမံကိန်းနဲ့ပတ် သက်ပြီး အကောင်အ ထည်ဖော်ဆောင်ရေးလုပ်ငန်းတွေကို စတင်နေပြီဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနိုင်ရေးအတွက် ရည်ရွယ်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံး မြို့နယ်ဖြစ်တဲ့ ဒလဘက်ခြမ်းကို မျက်နှာမူတည်ဆောက်သွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်အောက်တိုဘာ လကတည်းက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေကို ရှင်းလင်းပြောဆိုထားတာဖြစ်ပါတယ်။ အဲသည်စီမံကိန်းဟာ လာမယ့် ၂၀၁၈ ခုနှစ်မှာ အကောင်အထည် ဖော်မှာဖြစ်ပေမဲ့ လက်ရှိအချိန်ကတည်းက လမ်း၊ လျှပ်စစ်မီးစတာတွေ အတွက်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ မြစ်ကမ်းတစ်လျှောက်မှာ ရေနက်ဆိပ်ကမ်းတွေ၊ လေဆိပ်တွေနဲ့ ခေတ်မီအဆောက်အအုံတွေ၊ ပြည်သူတွေအပန်းဖြေနိုင်ဖို့နေရာ တွေကို ဖန်တီးတည်ဆောက်ပြီး စီးပွားရေးအတွက်အချက်အချာ ကျတဲ့မြို့အဖြစ်ပြောင်းလဲနိုင်ဖို့ အကောင်အထည်ဖော်ဆောင်မယ့် အဲသည်အထူးစီးပွားရေးဇုန်ထဲမှာ ဒလမြို့နယ်အပြင်ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်တွေလည်း ပါဝင်ပါတယ်။ လမ်းတံတား လောလောဆယ်မှာတော့ ဒလ၊ တွွွံတေး၊ ကော့မှူး၊ ကွန်းခြံကုန်း သွားရာလမ်းမတွေကို တိုးချဲ့ဖို့ သက်ဆိုင်ရာမြို့နယ်လွှတ်တော်ကိုယ် စားလှယ်တွေနဲ့ တာဝန်ရှိသူတွေက ဆောင်ရွက်နေကြပါတယ် လမ်းတံတားတည်ဆောက် ရာမှာ ရေရှည်တည်တံ့ခိုင်ခံ့ရေးအတွက် ရည်ရွယ်ပြီး အဲသည်လမ်းတစ်လျှောက်ကို ကနဦးစမ်းသပ်စစ်ဆေး မှု နှစ်ကြိမ်နီးပါးလုပ်ဆောင်နေကြပါတယ်။ လောလောဆယ်မှာတော့ တခြားနေရာတွေမှာ စမ်းသပ်စစ်ဆေးမှု လုပ်ငန်းတွေ ပြီးစီးနေပြီဖြစ်ပေမဲ့ တွံတေးမြို့နယ်ထဲက ၁၉ မိုင် လေးဖာလုံနီးပါးကတော့ တိုင်းထွာမှုလုပ်ငန်းအဆင့်မှာပဲရှိသေးတယ်လို့ ဒလမြို့နယ် တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ရှင်းပြပါတယ်။ ‘ဒလဘက်အပိုင်းမှာတော့ စမ်းသပ်မှုတွေ ပြီးပြီ၊ တွံတေးဘက်မှာတော့ ကျန်နေသေးတယ်၊ တိုင်းထွာလို့ပြီးပြီ၊ စမ်းသပ်ဖို့ပဲ ကျန်တော့တာ၊ ကုန်းပေါ်မှာမြေကြီးက ဘယ်လောက်အနေအထားအထိခံနိုင်ရည် ရှိတယ်ဆိုတာကို စမ်းသပ်နေပါတယ်လို့ ဦးထွန်းရင်က ပြောပါတယ်။ အဲသည်စီမံကိန်းထဲမှာ အဓိက အသုံးပြုမယ့်လမ်းမတွေအဖြစ် ရှိနေတဲ့လမ်းမတွေကိုလည်း ချဲ့ထွင်ဖို့လုပ်ဆောင်နေကြပါတယ်။ လတ်တလောမှာတော့ ဒလ- ဒနှုတ် ၁၃ မိုင်နဲ့ ငါးဖာလုံက လမ်းမဟာ မူလက ၁၂ ပေအကျယ်သာ ရှိတာကြောင့် မြေသား တွေပြန်တင်နေပြီး ၁၆ ပေအကျယ်ရှိအောင် ချဲ့မှာဖြစ်ပါတယ်။ တစ်ဖက်သုံးပေ ထပ်ခင်းသွားမှာပါ၊ ၁၆ ပေဆိုရင် ကားကြီးတွေသွား လို့လွယ်အောင်၊ ရှောင်လို့တိမ်းလို့ လွယ်သွားမယ်၊ အဲဒါကိုချဲ့ နိုင် အောင်လုပ်ဖို့ရှိတယ်၊ အခုက မြေသားလမ်းတွေဆိုတော့ ကားဘီး တွေက လမ်းပေါ်က ချဆင်းလိုက်တာနဲ့ နစ်သွားတာလို့ ဦးထွန်း ရင်က ပြောပါတယ်။ လက်ရှိမှာတော့ အဲသည်လမ်းမတွေကို ထပ်မံချဲ့ထွင်နေဆဲဖြစ်ပေမဲ့ လာမယ့် အောက်တိုဘာလလောက်မှာ အပြီးလုပ်နိုင်ဖို့ ရည်မှန်းထား တယ်လို့ သိရပါတယ်။ဒလမြို့နယ်နဲ့ ရန်ကုန်မြို့တွင်းဘက်ကို ဆက်သွယ်သွားလာနိုင်မယ့် တံတားစီမံကိန်း တစ်ခုလုပ်ဆောင်ဖို့လည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့က စီစဉ်ဆောင်ရွက်နေပါတယ်။ အဲသည်တံတားနဲ့ပတ်သက်ပြီးတော့လည်း စမ်းသပ်စစ်ဆေးမှုတွေပြု လုပ်ပြီးပြီဖြစ်တယ်လို့ သိရပါတယ်။ ‘တံတားနဲ့လမ်းအပိုင်းက ပြီးပါပြီ၊ Third party ကျွမ်းကျင်ပညာ ရှင်တွေနဲ့ ဖွဲ့ထားတဲ့အဖွဲ့ကလဲလာစစ်ပြီးပြီ၊ အစီရင်ခံစာလဲတင်ပြီးပြီ၊ Third party ဆိုတာက တစ်ခါလာစစ်သွားပြီ၊ ပြီးတဲ့အခါမှာလဲ ထပ်ပြီးစစ်မှာပါလို့ ဦးထွန်းရင်က ပြောပါတယ်။ လာမယ့် စက်တင်ဘာလထဲမှာ အဲသည်စီမံကိန်းအတွက်တင်ဒါခေါ် ယူဖို့ရှိနေပါတယ်။ဒါ့အပြင်လာမယ့် ဒီဇင်ဘာလမှာ တံတားတည်ဆောက်ရေးစီမံကိန်း ကို စတင်အကောင်အထည်ဖော်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ တံတားဆောက်မယ့်အပေါ် ပြည်သူလူထု သဘောထားကောက်ခံမှု တွေကိုလည်း ဒလမြို့ဖွံ့ဖြိုးတိုးတက်ရေးပရဟိတအသင်းနဲ့ ဒလ လူမှုကူညီရေးအသင်းက ပြီးခဲ့တဲ့ မတ်လထဲမှစတင်ပြီးလုပ်ဆောင် နေတာတွေရှိနေပါတယ် အဲသည်လို ပြုလုပ်ဖို့ ဘတ်ဂျက် သိန်း ၅၀ဝဝ ကိုတိုင်းဒေသကြီးအ စိုးရအဖွဲ့ဆီက ဒလမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးပြီးတောင်းယူ ခဲ့တာဖြစ်ပါတယ်။ ရရှိလာတဲ့ ဘတ်ဂျက်ထဲက ကျပ်သိန်း ၂၅၀ဝ ကို လမ်းတံတား အတွက်အသုံးပြုမှာဖြစ်ပြီး ကျန်တဲ့သိန်း ၂၅၀ဝ ကိုတော့ ကျေးရွာတွေမှာ လျှပ်စစ်မီးလင်းစေရေးအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ချဲ့ထွင်နေတဲ့လမ်းမတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို လျှပ်စစ်မီးပေးနိုင်ရေးဓာတ်တိုင်တွေစိုက်ထူနေကြတယ်လို့ သိရပါတယ်။’မီးနဲ့ပတ်သက်လို့ကတော့ ပြုလုပ်နေ ဆဲကာလ၊ တပ်ဆင်နေဆဲ ကာလဖြစ်တယ်လို့ ဦးထွန်းရင်က ပြောပါတယ်။ ရေနက်ဆိပ်ကမ်းသစ် စီမံကိန်းတည်ဆောက်မယ့်နေရာမှာ သင်္ဘောများများဆိုက်ကပ်နိုင်အောင်၊ တန်ချိန်များများဝင်နိုင်အောင်၊ လက်ခုပ်ကုန်းကမ်းခြေတစ်ဝိုက်မှာ သင်္ဘောတွေအချိန်မရွေးဆိုက် ကပ်နိုင်ပြီးတန်ချိန်တစ်သိန်းတစ်ပြိုင်တည်းဆိုက် ကပ်နိုင်တဲ့ ရေနက် ဆိပ်ကမ်းသစ်တည်ဆောက်ဖို့လည်း ပါဝင်နေပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာရှိတဲ့ ဆိပ်ကမ်းတွေဟာ စင်ကာ ပူနိုင်ငံကို အမှီပြုနေရပြီး အဆင့်ဆင့်ဖြတ်သန်းနေရလို့ ကုန်ကျတဲ့ စရိတ်ကိုလည်းလျှော့ချနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောဆို ထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီက သိရပါတယ်။ ရန်ကုန်ဆိပ်ကမ်းမှာ တန်ချိန် ၁၅,ဝဝဝ၊ သီလဝါဆိပ်ကမ်းမှာတန်ချိန် ၃၅,ဝဝဝ သာဆိုက်ကပ်နိုင်သာဖြစ်လို့ တန်ချိန်များများနဲ့ အချိန်မရွေး ဆိုက်ကပ်နိုင်တဲ့ရေနက်ဆိပ်ကမ်းတစ်ခုလိုအပ်တယ်လို့ စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်း က ပြောဆိုထားပါတယ်။ အဲသည်ရေနက်ဆိပ်ကမ်းစီမံကိန်းကတော့ ၂၀၁၈- ၂၀၁၉ ခုနှစ်မှာ အကောင် အထည်ဖော်နိုင်ဖို့ ရည်မှန်းထားတယ်လို့သိရပါတယ်။’လောလောဆယ် လျာထားပြီးပြီ၊ ပညာရှင်တွေနဲ့ တိုင်ပင်တာ စီမံချက်တွေလဲ ရေးဆွဲတာ တွေပြီးပြီဆိုရင် လွှတ်တော်ကိုတင်ပြီးတာနဲ့ စလုပ်နိုင်တော့မှာပါ၊ လောလောဆယ် နှုတ်ကတိတော့ သူတို့ ပြော ထားပြီးပြီလို့ ဦးထွန်းရင်က ပြောပါတယ်။ လေဆိပ်သစ် လက်ရှိ ရန်ကုန်လေဆိပ်ဟာလည်း ထပ်ချဲ့ဖို့ မဖြစ်နိုင်တော့သလို အသစ်ဖွင့်မယ်ဆိုတဲ့ ဟံသာဝတီလေဆိပ်ဟာလည်း ရန်ကုန်မြို့နဲ့ မိုင် ၄၀ နီးပါးဝေးကွာနေတာကြောင့် နိုင်ငံတကာကို တိုက်ရိုက်ကူး ပြောင်းသွားလာနိုင်တဲ့ လေဆိပ်တစ်ခုကိုလည်း အဲသည်စီမံကိန်းသစ် ထဲမှာ ထည့်သွင်းထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကို ခြုံငုံသုံးသပ်လိုက်ရင် ကွမ်းခြံကုန်း- ကော့မှူးကျေးရွာကြား သောင်ကုန်ကျေးရွာပတ်ဝန်းကျင်မှာ လေဆိပ်လုပ်ဖို့နေရာအကောင်းဆုံးဖြစ်တယ်လို့ လျာထားတယ်၊ အကွာအဝေးကို ကြည့်လို့ရှိရင်လဲပဲ ရန်ကုန်နဲ့ မိုင် ၂၀ လောက်ပဲရှိ တယ်လို့ ဦးထွန်းရင်က ပြောပါတယ်။ အဲသည်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့လည်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ကဒေသဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကို အလွတ် သဘောခေါ်ပြီးတော့ တွေ့ဆုံဆွေးနွေးတာတွေ၊ အစည်းအဝေးမှာ ရှင်းပြပြောဆိုတာတွေရှိ တယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ကွမ်းခြံကုန်းမြို့နယ်ဘက်မှာ အဲသည် စီမံကိန်းနဲ့ပတ်သက်ပြီး ညွှန်ကြားမှုတစ်စုံတစ်ရာမရရှိသေးတာကြောင့် ထူးထူးခြားခြားလုပ်ကိုင်နေကြတာတော့ မရှိသေးဘူးလို့ ကွမ်းခြံကုန်း မြို့နယ် တိုင်းဒေသကြီးအမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်းက ပြောပါတယ်။ အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး ကော့မှူးမြို့နယ်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်းရာ မှာတော့ လက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။ ရန်ကုန်မြစ်တစ်ဖက်ကမ်းမှာ တည်ဆောက်မယ့် စီမံကိန်းသစ်နဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က master plan ရေးဆွဲနေဆဲ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အကောင်အထည်ဖောနိုင်ဖို့ ရည်မှန်းထားတယ်လို့သိရပါတယ်။ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး အသေးစိတ်အချက် အလက်တွေ ကိုတော့ ပြည်ထောင်စုအစိုးရကိုတင်ပြပြီးမှသာဖော်ပြနိုင်မှာဖြစ်တယ် လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုထားပါတယ်။ လက်ရှိအထူးစီးပွားရေးဇုန်ထဲမှာပါဝင်တဲ့ ဒလမြို့နယ်ဘက်အခြမ်း က မြေကွက်တွေကို ကိုရီးယား၊ ဂျပန်တို့လို နိုင်ငံတွေကလုပ်ငန်း ရှင်တွေကိုစောင့်ကြည့်နေကြတယ်လို့ ဦးထွန်းရင်ကပြောပါတယ်။အဲသည်စီမံကိန်းအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တည်ဆောက်မယ့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ၂၀၁၆ ခုနှစ် အောက်တိုဘာလထဲမှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့တွေ့ဆုံကာ ချပြထားဖူးတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်တွေ ထံကသိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အချက်အချာကျတဲ့စီးပွားရေး ဇုန်ဖြစ်လာဖို့ ရည်မှန်းထားတဲ့အဲသည် အထူးစီးပွားရေးစီမံကိန်းထဲမှာ တော့ ဓာတ်ငွေ့ထွက်စေပြီး လေထုညစ်ညမ်းစေမယ့် စက်ရုံအလုပ်ရုံ မျိုးတွေကို ထည့်သွင်းထားခြင်းမရှိဘူးလို့သိရပါတယ်။ အဲသည်စီမံကိန်းကို စတင်အကောင်အထည်ဖော်တဲ့အခါမှာလည်း အများပြည်သူ အပန်းဖြေနိုင်တဲ့နေရာတွေ၊ ဈေးဝယ်စင်တာတွေ၊ ဟိုတယ်ဇုန်တွေကိုတော့ ထည့်သွင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ Author – ချမ်းသာ
Source : http://ift.tt/2rmZ5z8
via IFTTT
Source : http://ift.tt/2rmZ5z8
via IFTTT
ပြည်သူ့ဥယျာဉ်ကို ဗဟိုအစိုးရညွှန်ကြားချက်အရ ငှားရမ်းခဲ့ခြင်းဟု ဦးဌေးအောင် ပြန်ဖြေရှင်း "ရန်ကုန်ပန်းခြံငှားရမ်းခ အရှုပ်တော်ပုံကို လွှတ်တော်လေ့လာနေ"ဟူသည့် သတင်းဆောင်းပါးနှင့် ပတ်သက်ပြီး ရွှေတိဂုံဘုရားအနောက်ဘက်မုဒ်အနီး ပြည်သူ့ဥယျာဉ်အတွင်းရှိ မြေများကို သဘာဝကမ္ဘာ (Natural World) ကုမ္ပဏီသို့ ဗဟိုအစိုးရညွှန်ကြားချက်အရ ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟု ဆာကူရာ ဦးဌေးကအောင်က တုံ့ပြန်ပြောဆိုလိုက်သည်။ " ပြည်သူ့ဥယျာဉ်လိုဟာမျိုးဆိုတာ ဗဟိုအစိုးရရဲ့ညွှန်ကြားချက်အရ ငှားတာလို့ ကျွန်တော် သိရပါတယ်။ ဗဟိုအစိုးရရဲ့ညွှန်ကြားချက်အရ တိုင်းအစိုးရ ကနေပြီးတော့ လမ်းညွှန်ပြီးတော့ လုပ်ပေးရမယ့်တာဝန်ရှိပါတယ်။ ဒါကလည်း လုပ်ထုံးလုပ်နည်းအရ သူ့စည်းမျဉ်းစည်းကမ်းအတိုင်း ချုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ အဲ့လိုပဲ ချုပ်ပေးခြင်းဖြစ်ပါတယ်။ ဒါကိုပြောတဲ့ ရည်ရွယ်ချက်က ဒီလိုပြောခြင်းပဲဖြစ်ပါတယ် " ဟု ဦးဌေးအောင်က မီဒီယာများကို ပြောသည်။ " ရန်ကုန်ပန်းခြံငှားရမ်းခ အရှုပ်တော်ပုံကို လွှတ်တော်လေ့လာနေ " ဟူသည့်ခေါင်းစဉ်ဖြင့် မြန်မာနောင်းသတင်းဌာနက မေလတတိယပတ်အတွင်းက ရေးသားခဲ့သည့် သတင်းဆောင်းပါးအပေါ် ရန်ကုန်မြို့ရှိ M 3 Food Centre တွင် ယနေ့ (မေ ၂၉) သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာများသို့ ပြောခဲ့ခြင်းဖြစ်သည်။ မြန်မာနောင်း သတင်းဌာန၏ အဆိုပါ သတင်းဆောင်းပါးတွင် " တိုင်းဒေသကြီးအစိုးရက ငှားလိုက်ပါဆိုရင် စည်ပင်ကစာချုပ်ချုပ်ပေးလိုက်ရတာပဲ။ ပြည်သူ့ဥယျာဉ်ဆိုရင် ဘာထူးလို့လဲ။ ဝန်ကြီးချုပ်အမိန့်နဲ့ငှားတာပဲ "ဆိုသည့် စကားနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။ " ဦးမြင့်ဆွေ ဝန်ကြီးချုပ်လက်ထက်မှာ အပေါ်က လမ်းညွှန်ချက်နဲ့လုပ်တာ၊ ဦးမြင့်ဆွေသည် သူ့သဘောနဲ့ သူလုပ်တာ မဟုတ်ဘူး " ဟု ဦးဌေးအောင်က ပြောသည်။ အဆိုပါ ပန်းခြံများငှားရမ်းစဉ်က စည်ပင်ကော်မတီဝင်အဖြစ် ဦးဌေးအောင်က တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိတွင် စီးပွားရေးလုပ်ငန်းရှင်အဖြစ် လုပ်ကိုင်လျက်ရှိသည်။ ငှားရမ်းခွင့်ပြုမှုမှာ ရွှေတိဂုံဘုရား နောက်ဘက်မုဒ်အနီးရှိ ပြည်သူ့ဥယျာဉ် အတွင်းမှ မြေဧက ၈၀ ခန့်ကို ၂၀၁၁ ခုနှစ်လောက်က Natural World ကုမ္ပဏီသို့ တစ်ပေ ၆ ကျပ်နူန်းဖြင့် ၂၅ နှစ် ဖြစ်သည်။ အဆိုပါ ပန်းခြံငှားရမ်းခ သဘောတူညီချက်အတွက် နိုင်ငံတော်က ၁၄,၂၈၁ သန်း နှစ်စဉ် ဆုံးရှုံးနစ်နာရသည်ဟု ဧပြီလ ၅ ရက် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက တိုင်းဒေသကြီးလွတ်တော်သို့ ပေးပို့သည့် အစီရင်ခံစာတွင်ဖော်ပြထားကြောင်းလည်း ဆောင်းပါးတွင် ပါရှိသည်။ ဦးဌေးအောင်အနေနဲ့ ပြောဆိုခဲ့သည့်စကားတွင် လက်ရှိစည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့သည့်သူများနှင့် တာဝန်ထမ်း ဆောင်နေဆဲသူများကို မဟုတ်တာလုပ်ခဲ့သည်ဟု သဘောမျိုးမပါဝင်ခဲ့ဟု ဆိုသည်။ ထို့ပြင် သတင်းဆောင်းပါးတွင် ဖော်ပြချက်မှာ ၎င်းပြောဆိုသည့် စကားအပြည့်အစုံ မဟုတ်ဟု ဦးဌေးအောင်က ဆက်လက်ပြောဆိုသည်။
Source : http://ift.tt/2rD3SgQ
via IFTTT
Source : http://ift.tt/2rD3SgQ
via IFTTT
Tuesday, May 30, 2017
7Day News Journal
အစိုးရလုပ်ပိုင်ခွင့်ကို အမတ်များ သဲကွဲစွာသိရန်လိုဟု ဦးဝင်းမြင့်သတိပေး လွှတ်တော်ကိုယ် စားလှယ်များသည် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်၊ တိုင်းဒေသ ကြီးအစိုးရများ၏ လုပ်ပိုင်ခွင့်ကို သဲကွဲစွာ သိရန်လိုကြောင်း ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးပြောကြားသည်။ မေလ ၂၉ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေး၌ တောင်တွင်းကြီးမဲဆန္ဒ နယ်မှ ဦးမင်းသိန်းက တောင်တွင်း ကြီးမြို့လယ်ကောင်တည့်တည့်ရှိ နယူးဒေး စက်သုံးဆီအရောင်းဆိုင် ကို မြို့ပြင်ရှိ သင့်လျော်သည့်နေ ရာသို့ ပြောင်းရွှေ့ပေးရန် အစီ အစဉ်ရှိ၊ မရှိ မေးမြန်းရာ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ပြန်လည်ညှိနှိုင်း၍ လွှတ် တော်သို့ စာဖြင့်ဖြေဆိုမည်ဟု ပြောကြားအပြီးတွင် ဦးဝင်းမြင့်က သတိပေးခဲ့ခြင်းဖြစ်သည်။ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ ဆောင်ရွက်သည့် ကိစ္စရပ်များကို ပြည်သူ့လွှတ် တော်တွင် မေးမြန်းခွင့်ရှိသော် လည်း ယင်းမေးခွန်းများနှင့်ပတ် သက်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက သက်ဆိုင် ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရက ပေးပို့သည့် ဖြေကြား ချက်များကိုသာ လွှတ်တော်သို့ လာရောက်ဖြေဆိုခြင်းဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း သိစေလို ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်ကိုယ်စားလှယ်များ အား ပြောသည်။ ဆက်လက်၍ ဦးဝင်းမြင့်က လွှတ်တော်ကိုယ်စားလှယ်အနေ ဖြင့် လွှတ်တော်ဥပဒေ၊ နည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်အရ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အာ ဏာပိုင်အဖွဲ့များနှင့် ညှိနှိုင်းပူး ပေါင်း ဆောင်ရွက်ခွင့်ရှိကြောင်း ပြောကြားသည်။ အလားတူ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်က ကျိုက် မရောမြို့ အာဇာနည်ကျောက် တိုင်တည်ရှိရာ ပန်းခြံအတွင်းရှိ ရာဇာမင်း စက်သုံးဆီအရောင်း ဆိုင်နှင့် သမဝါယမဆိုင်ခန်းများ ဖယ်ရှားပေးရေးမေးခွန်းကို ဒုဝန် ကြီး ဒေါက်တာထွန်းနိုင်က ပြည် နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရန် ဖြေကြားပြီး နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အောက်ပါအတိုင်း ထပ်မံသတိပေးခဲ့သည်။ ‘‘ကျွန်တော်တို့ ကိုယ်စား လှယ်တွေ လုပ်တာကိုင်တာ အဲဒီ လို သိသာမြင်သာအောင် လမ်း ကြောင်းတည့်ဖို့ လိုတယ်။ လမ်း ကြောင်းမတည့်ရင် ဂျာအေးသူ့ အမေရိုက်နေမှာပဲ။ ဟိုဘက်နဲ့ ဒီဘက်နဲ့ အပေါ်နဲ့အောက်နဲ့။ အဲဒီ လိုမဖြစ်အောင် ကျွန်တော်တို့ ကိုယ်စားလှယ်တွေ နည်းနည်း လေးတော့ သတိထားပြီး အလုပ် လုပ်ပေးပါ’’ဟု ဦးဝင်းမြင့်က လွှတ်တော်သို့ပြောသည်။ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့များဖြင့် ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ရ မည့်ကိစ္စရပ်များကို တိုင်းဒေသ ကြီး၊ ပြည်နယ်၌သာ ဖြေရှင်း ဆောင်ရွက်သင့်ကြောင်းနှင့် ယင်းကဲ့သို့မဟုတ်ပါက လွှတ်တော်၏ အချိန်ကို ဆုံးရှုံးစေကြောင်း ပုလဲ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စန်းလှိုင်က လည်း ယင်းဖြစ်ရပ်များအပေါ် မှတ်ချက်ပြု ပြောကြားသည်။
Source : http://ift.tt/2rfYxJl
via IFTTT
Source : http://ift.tt/2rfYxJl
via IFTTT
The Irrawaddy - Burmese Edition
ကုလား အသုံးအနှုန်း ဖေ့စ်ဘုတ် ပိတ်ပင်ခြင်းနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပေါ် “ကုလား” ဟူသည့် စကားလုံး ဝေါဟာရ အသုံးပြုခြင်းအပေါ် ဖေ့စ်ဘုတ်(Facebook)မှ တားမြစ် ပိတ်ပင် လိုက်ပြီးနောက် မြန်မာနိုင်ငံမှ အင်တာနက် သုံးစွဲသူများကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ကုလား ဝေါဟာရနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း လူမှုအသိုင်းအဝိုင်း၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ များ နှင့် NGO တချို့၏ အကြံပြုချက်များအတိုင်း လိုက်နာကာ ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Facebook က ပြောကြားကြောင်း Mashable သတင်းဌာနက ဖော်ပြခဲ့သည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ ဒေါက်တာ အောင်မြင့်ဦးက “ဘာသာစကားဆိုတာ ခံယူသူ အပေါ် မှာပဲ မူတည်တာပါ။ အဓိကကတော့ သုံးသူရဲ့ သဘောထားအပေါ် မူတည်ပါတယ်။ အမုန်း စကားအနေနဲ့ သုံး တာ များလာရင်တော့ အမုန်းတရား ဖြစ်လာမှာပါ။ ဒီစကားလုံးကို ထည့်သုံးတဲ့ အကြောင်းအရာ ပေါ်မှာပဲ ချစ်ခြင်း၊ မုန်းခြင်းတွေ ဖြစ်လာစေမယ်လို့ ထင်ပါတယ်”ဟု ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “ကုလား” စကားလုံးအား သုံးနှုန်းခဲ့သည့် အင်တာနက်သုံးစွဲသူများ၏ အကောင့် များ အနေဖြင့် Like လုပ်၍မရခြင်း၊ ယာယီအပိတ်ခံရခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းအပေါ် ပြန်လည် တုံ့ပြန် သည့် အနေဖြင့် ကုလား ဟူသည့်ဝေါဟာရကို လူမှုကွန်ရက် စာမျက်နှာများတွင်း ပိုမိုတွေ့လာရသည်။ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က “ကုလား ဆိုတဲ့ တခုတည်းကတော့ သုံးနေကြစကားလုံးတခုပါပဲ။ အမုန်းစကားလို့မမြင်ပါဘူး။ အခုပိတ်ပင်တာတွေကတော့ စိုးရိမ်လွန်နေတာပဲဖြစ်မှာပါ။ ဒီလိုပိတ်ပင်တာက အမုန်းတောင် ထပ်ပွားစေတာမျိုးတွေတောင် ပိုဖြစ်လာနိုင်ပါတယ်။ အခုမြန်မာနိုင်ငံရဲ့ အခြေအနေက ဆတ်ဆတ်ထိ မခံတဲ့အခြေအနေဖြစ်နေတယ်။ အဲ့ဒီတော့ အမုန်းပွားစေတဲ့ စကားတွေနဲ့ ပတ်သက်လို့တော့ ထပ်ပြီးအကျယ်ချဲ့ အငြင်းပွားနေတာတွေ မလုပ်စေချင်ဘူး”ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ကုလား ဟူသည့်ဝေါဟာရနှင့် ပတ်သက်၍ ကုလားပဲ၊ ကုလားထိုင် စသည်ဖြင့် များစွာရှိနေပြီး သာမန်အနေဖြင့် အမုန်းစကား မဖြစ်နိုင်သော်လည်း ခွဲခြားနှိမ့်ချသည့် သဘောဖြင့် ပြောဆိုမှုများတွင် အမုန်း စကား အဖြစ်သို့ ရောက်ရှိသွားနိုင်ကြောင်းလည်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။ မြန်မာ့သမိုင်း မှတ်တမ်းများတွင်ပင် အင်္ဂလိပ် နယ်ချဲ့များကို ကုလားဖြူ ဟု သုံးနှုန်း ခေါ်ဝေါ် ရေးသားမှုများကို လည်း တွေ့ရှိရပြီး မြန်မာ့လူမှု အသိုင်းအဝိုင်းအတွင်း တရပ်တည်းနေ ချစ်ခင် ရင်းနှီးသူများကြား ကုလား ဟူသော အသုံးအနှုန်းသည် ချစ်စနိုးဖြင့် ခေါ်ဝေါ်သုံးစွဲမှုများ ယခင် ကာလများကပင် စာပေ ရေးရာ မှတ်တမ်း များတွင် လည်း ရှိနေသည်ကို တွေ့ရသည်။ ဟာဂျီ ဦးအေးလွင်က “အရင်က အမုန်းစကားမဟုတ်ဘူး၊ အသုံးအနှုန်းရဲ့ ရည်ရွယ်ချက်အပေါ် မူတည်တယ်။ အရင်က သမိုင်းမှာရှိခဲ့ပေမယ့် နောက်ပိုင်းမှာ တလွဲသုံးပြီးတော့ မကောင်းတဲ့ဘက်မှာ များလာပါ တယ်။ အခု ခေတ်မှာ ဒီအသုံးအနှုန်းကတော့ နှိမ့်ချဖိနှိပ်ပြီးတော့ ဆဲဆိုတဲ့ အဆင့်အထိ ရှိပါတယ်”ဟု ပြောသည်။ မြန်မာ့လူမှုဝန်းကျင်တွင် ကုလားဟူသည့် ဝေါဟာရမှာ အပြုသဘောပြောဆိုခြင်းနှင့် အပျက်သဘောပြော ဆို ခြင်း နှစ်မျိုးရှိသော်လည်း လတ်တလော နိုင်ငံအတွင်း အငြင်းပွားမှုအရ ကုလားဟူသည့် အသုံးအနှုန်းမှာ အပျက်သဘော ပိုများနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သူ ဦးထွန်းကြည်က သုံးသပ်သည်။ လူမှုကွန်ရက်များ အသုံးပြုကာ အမုန်းစကားများ ဖြန့်ဝေခြင်း၊ အကြမ်းဖက် ခြိမ်းခြောက်မှုများနှင့် ရည်ရွယ်ချက် ဖြင့် သတင်းအချက်အလက် အမှားများ ဖြန့်ချိခြင်းများကို နှိမ်နှင်းရန် နိုင်ငံတကာ အစိုးရများ၏ ဖိအားများနေချိန် တွင် Facebook အနေဖြင့် ယခုကဲ့သို့ ပိတ်ပင်မှုများကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
Source : https://goo.gl/WZI6op
via IFTTT
Source : https://goo.gl/WZI6op
via IFTTT
The Irrawaddy - Burmese Edition
ရခိုင်အရေး ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ အိန္ဒိယရှေ့နေဦးဆောင်မည် ပုံ - သီရိလင်္ကာရှေ့နေ ကုမာရာဆွာမိနှင့် လူ့အခွင့်အရေးလှုပ်ရှား Radhika ကို တွေ့ရစဉ် / Reuters ရခိုင်ပြည်နယ်မှ မွတ်ဆလင်များကို လုံခြုံရေးတပ်ဖွဲ့များက ညှင်းပမ်းနှိပ်စက် သတ်ဖြတ် အဓမ္မပြုကျင့် သည် ဆိုသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမည့် အချက်အလက် ရှာဖွေရေးအဖွဲ့တွင် အိန္ဒိယနိုင်ငံမှ လူ့အခွင့်အရေး ရှေ့နေတဦးနှင့် အခြားကျွမ်းကျင်သူ ၂ ဦးတို့ကို ကုလသမဂ္ဂက ယနေ့ခန့်အပ်လိုက် သည်။ ထိုအဖွဲ့ကို အိန္ဒိယ တရားရုံးချုပ်ရှေ့နေ အင်ဒီရာ ဂျိုင်ဆင်းက ဦးဆောင်မည်ဟု ကုလသမဂ္ဂ၏ ကြေညာချက်တွင်ဖေါ်ပြထားပြီး၊ အခြားအဖွဲ့ဝင်နှစ်ဦးတို့မှာ ဟားဗတ်တက္ကသိုလ်ဆင်း သီရိလင်္ကာ ရှေ့နေ ရာဒီကာ ကုမာရာ ဆွာမိနှင့် သြစတေးလျ အတိုင်ပင်ခံ ခရစ်စတိုဖာ ဒိုမင်းနစ်တို့ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးစေခဲ့သော မွတ်ဆလင်များ၏ တိုက်ခိုက်မှုကို တုံ့ပြန်သော မြန်မာစစ်တပ်၏ စစ်ဆင်ရေးများအပြီးတွင် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှ ရိုဟင်ဂျာ ၇၅၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်။ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာတစောင်တွင် မြန်မာလုံခြုံရေး တပ်ဖွဲ့များက လူသားထု တရပ်လုံးအပေါ်ကျူးလွန်သော ရာဇဝတ်မှု နှင့် ဖြစ်နိုင်ခြေရှိသော လူမျိုးတုန်း သတ်ဖြတ်မှု ဆန်ဆန် စစ်ဆင်ရေးတခု အတွင်း မွတ်ဆလင်များကို အစုလိုက် သတ်ဖြတ် မုဒိမ်းကျင့်ခဲ့ သည်ဟုဖော်ပြထားသည်။ ဥရောပသမဂ္ဂက တင်သွင်းပြီး အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက ထောက်ခံသော ယင်း အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဖွဲ့စည်းရန် အဆိုကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မတ်လ တွင် ဆုံးဖြတ်ခဲ့ပြီး ကျူးလွန်သူများအနေဖြင့် အပြည့်အဝ တာဝန်ယူရန်နှင့် သတ်ဖြတ်ပြုကျင့်ခံရသူ များအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးရန် တောင်းဆိုခဲ့သည်။ တရုတ်နှင့်အိန္ဒိယတို့ကမူ ထိုဆုံးဖြတ်ချက်နှင့် ခပ်ကင်းကင်း နေခဲ့ကြသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် သီးခြား အကြံပေးကော်မရှင်၏ ထောက်ခံ တင်ပြချက်များကိုသာ လက်ခံမည် ဖြစ်ပြီး အခြားမည်သည့် တိုက်တွန်းအကြံပြုချက် မဆိုသည် အသိုင်းအဝန်းများအကြား သွေးကွဲစေလိမ့်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို မြန်မာသံတမန်များကလည်း လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် လက်တွေ့မြေပြင်အခြေအနေနှင့် နိုင်ငံအခြေအနေတို့နှင့် မကိုက်ညီကြောင်း ပြောဆို ပယ်ချခဲ့ပြီး ပြည်တွင်းစုံစမ်းစစ်ဆေးမှု ရလဒ်များကို စောင့်ရန် အချိန်ပိုမိုတောင်းခံခဲ့သည်။ အင်ဒီရာ ဂျိုင်ဆင်းသည် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော မိသားစုတွင်း အကြမ်းဖက်မှု ဥပဒေကို ရေးဆွဲ ခဲ့ပြီး အမျိုးသမီးများအနေဖြင့် ၎င်းတို့ကို တိုက်ခိုက်သူများအား ပြန်လည် တရားစွဲဆိုခွင့် ပထမဆုံး အကြိမ် ရရှိစေခဲ့သူဖြစ်သည်။ အချက်အလက် ရှာဖွေရေး ကော်မရှင်အနေဖြင့် လာမည့် စက်တင်ဘာလတွင် ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီသို့ နှုတ်ဖြင့် အစီရင်ခံမည် ဖြစ်ပြီး အစီရင်ခံစာ အပြည့်အစုံကို ၂၀၁၈ ခုနှစ် မတ်လ တွင် တင်သွင်းမည်ဖြစ်သည်။ အဖွဲ့ဝင်များသည် လုပ်ငန်းများ ကြိုတင်ပြင်ဆင်ရန် လာမည့်အပတ်များတွင် ဂျနီဗာမြို့၌ တွေ့ဆုံကြမည် ဖြစ်သည်။
Source : https://goo.gl/12aR7y
via IFTTT
Source : https://goo.gl/12aR7y
via IFTTT
goo.gl
ဆုငွေဒေါ်လာနှစ်သောင်းအထိ ချီီးမြှင်မည့် အာဆီယံ- အမေရိကန်ဆိုင်ရာ အမျိုးသမီးသိပ္ပံဆုအတွက် လျှောက်ထားနိုင် --- --- --- ဆုငွေဒေါ်လာနှစ်သောင်းအထိ ရရှိနိုင်မည့် ၂၀၁၇ အာဆီယံ- အမေရိကန် ဆိုင်ရာ အမျိုးသမီးသိပ္ပံဆု ချီးမြှင့်မည် ဖြစ်ပြီး လျှောက်ထားနိုင်ကြောင်း အမေရိကန်သံရုံး ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါ ၂၀၁၇ ခုနှစ် အာဆီယံ-အမေရိကန်ဆိုင်ရာ အမျိုးသမီးသိပ္ပံဆုအား အသုံးချ သိပ္ပံဘာသာရပ်နှင့် အသက်မွေးနေကြသည့် အမျိုးသမီး ပညာရှင်များ၏ အခန်းကဏ္ဍအတွက် အဓိကထား ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွက် ဆုအနေဖြင့် ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ အခြေခံ အဆောက်အအုံနှင့် လုပ်သား အင်အားစု ဘေးကင်းလုံခြုံရေးကို အဓိကထား ဆောင်ရွက်မှုနှင့်အတူ ကြံ့ကြံ့ခံသည့် မြို့ပြအစီအစဉ် တစ်ခုအပေါ် ထည့်သွင်း စဉ်းစားမှာ ဖြစ်ကြောင်း ဆိုထားသည်။ ဆုရရှိသူဟာ ဒေါ်လာ နှစ်သောင်း ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျင်းပမည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ အာဆီယံဝန်ကြီးများ အဆင့် အစည်းအဝေးပွဲတွင် အသိအမှတ်ပြု ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရသည်။ အဆိုပါဆုနှင့် ပတ်သက်ပြီး သိရှိလိုပါက https://goo.gl/0Bqrxd တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး လျှောက်ထားရန် အတွက် http://bit.ly/aseanapp ၌ ဝင်ရောက်ကြည့်ရှုကာ ၂၀၁၇ ဇွန် ၂၃ ရက် နောက်ဆုံးထားကာ အာဆီယံ-အမေရိကန်ဆိုင်ရာ အမျိုးသမီး သိပ္ပံဆုအတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။ စိုင်းဟန် The Ladies News
Source : https://goo.gl/0Bqrxd
via IFTTT
Source : https://goo.gl/0Bqrxd
via IFTTT
Monday, May 29, 2017
The Irrawaddy - Burmese Edition
မဘသအဖွဲ့ဝင်များက ၁၃၅ မျိုးချစ်ညီညွတ်ရေးပါတီ ထူထောင်မည် ပုံ - မဘသ အထူးသတင်းစာရှင်းလင်းပွဲ / ချမ်းစွန်း / ဧရာဝတီ မဘသအဖွဲ့ဝင်များ ပါဝင်ကာ အမျိုးသားရေး ဦးစားပေးလုပ်ဆောင်မည့် “၁၃၅ မျိုးချစ်ညီညွတ်ရေး” အမည်ရှိ နိုင်ငံရေး ပါတီ ထူထောင်မည်ဟု ပါတီဖြစ်မြောက်ရေး ဦးဆောင်သူ မောင်သွေးချွန်က ပြောသည်။ ၁၃၅ မျိုးချစ်ညီညွတ်ရေးပါတီ၏ အဓိပ္ပာယ်သည် ၁ မှာ ဗုဒ္ဓ၊ ၃ မှာ ရတနာသုံးပါးဖြစ်ပြီး ၅ မှာ အနန္တောအနန္တငါးပါးကို ရည်ညွန်းပြီး နိုင်ငံအဝှမ်းရှိ မျိုးချစ်ပုဂ္ဂိုလ်များကို တစုတစည်းတည်း ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပေးထားသည်။ မဘသ အဖွဲ့ဝင်များ၊ နိုင်ငံအဝှမ်းရှိ အမျိုးသားရေးလှုပ်ရှားသူ အမည်ခံသူများ၊ အဖွဲ့အစည်းများ ပါဝင်လာဖွယ်ရှိပြီး အမျိုးသားရေးအင်အားစုများ လွှတ်တော်တွင်း ဝင်ရောက်နိုင်ရေးက ရည်ရွယ်ချက်တခု ဖြစ်သည် ဟု သိရသည်။ ပါတီဖြစ်မြောက်ရေး ဦးဆောင်သူ မောင်သွေးချွန်က “အပြင်မှာပြောနေကြသလို ဓမ္မဝံသာနု ရက္ခိတ အဖွဲ့ကို နာမည်ပြောင်း၊ ပါတီထောင်တာမဟုတ်ဘူး။ အဖွဲ့က သက်သက်ရှိမယ်။ ပါတီသည် ဘာသာရေးကို ဇောင်းပေးလုပ်မှာ မဟုတ်ဘဲ အမျိုးသားရေး လုပ်မှာ။ မဟနက ဖိအားပေးလာလို့ အလျှော့ပေးရင်း၊ သံဃာ့အဖွဲ့အစည်း မပြိုကွဲစေချင်လို့ လျှော့ပေးရင်းနဲ့ ကိုယ့်ဆီမှာ ဘာမှမကျန်တော့မှာ စိုးရိမ်တယ်။ အမျိုးသားရေး အင်အားစုတွေက လွှတ်တော်ထဲကို ရောက်နေဖို့ လိုအပ်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲဝင်မယ်။ နိုင်ငံရေးပါတီဖွဲ့မှရမယ်ဆိုပြီး နိုင်ငံရေးမလုပ်ချင်သော်လည်း အခြေအနေက တောင်းဆိုလာတော့ လုပ်ရတဲ့သဘော” ဟု ရှင်းပြသည်။ ပါတီဖွဲ့စည်းရန် အတွက် အစည်းအဝေးများ လုပ်ဆောင်နေပြီး ပါတီဝင် လျှောက်ထားလိုသူသည် မဘသ အဖွဲ့နှင့် ဓမ္မဝံသာနု ရက္ခိတ အဖွဲ့တွင် ပါဝင်နေပါက ယင်းအဖွဲ့များမှ နှုတ်ထွက်ပြီးမှ လျှောက်ထားရမည်ဟု သိရသည်။ ပါတီ အဖြစ် ဖွဲ့စည်းခွင့် ရခဲ့ပါက အမျိုးသားအကျိုးစီးပွား၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဘဝမြှင့်တင်ရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးများ သည် အဓိက လုပ်ဆောင်ချက် ဖြစ်လာမည်ဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံသား ဖြစ်ပြီးသား အစ္စလာမ်လူမျိုးများနှင့် ခရစ်ယာန်များ၏ အကျိုးစီးပွားအတွက်လည်း လုပ်ဆောင်မည်၊ ဗုဒ္ဓဘာသာနှင့် တန်းတူ အခွင့်အရေး ရစေရမည်ဟု သိရသည်။ “ပါတီမှာ ဘာသာရေးကို ဇောင်းမပေးတော့ဘူး။ အမျိုးသားရေးကိုပဲ ဇောင်းပေးမယ်။ ခရစ်ယာန်တွေရဲ့ အကျိုးစီးပွားလည်းပါမယ်။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံသားဖြစ်ပြီးသား အစ္စလာမ်တွေရဲ့ အကျိုးစီးပွားရေးကိုလည်း တန်းတူလုပ်ဆောင်ပေးမယ်။ ဗုဒဘာသာနဲ့ တန်းတူအခွင့်အရေး ရကို ရစေရမယ်။ ဓမ္မဝံသာနု ရက္ခိတအဖွဲ့ကမှ မဘသ လက်အောက်ခံ၊ ဒီပါတီကတော့ မည်သည့်သံဃာရဲ့ ညွှန်ကြားချက်မှ မပါဘူး” ဟု မောင်သွေးချွန်က ရှင်းပြသည်။ ၎င်းက ဆက်လက်၍ “ဖြစ်နေတဲ့ ဘာသာရေးပဋိပက္ခတွေပေါ်မှာလည်း အမြင်စောင်းနေတာကို ငြိမ်းချမ်းအောင် လုပ်ချင်တယ်။ မရှိအောင်ပေါ့။ နောက်ပိုင်းမှာ အစ္စလာမ်က ဘာသာရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့တွေလည်း ရှိတော့ သူတို့နဲ့လည်း ညှိနိုင်းပြီး ဥပဒေဘောင်ထဲကနေ ညှိနှိုင်းပြီး တည်ဆဲဥပဒေနဲ့အညီ ချစ်ကြည် ငြိမ်းချမ်းရေးတွေ လုပ်သွားမယ်” ဟု ပြောသည်။ လက်ရှိတွင် ပါတီ တည်ထောင်နိုင်ရန် အစည်းအဝေးများ ခေါ်ယူကာ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နေပြီး ပါတီကို သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်း မှတ်ပုံတင်နိုင်ရန် ကြိုးစားမည်ဟု သိရသည်။ နိုင်ငံတော် သံဃမဟာနာယက က မဘသ နာမည် အသုံးမပြုရေး၊ နိုင်ငံအဝှမ်းရှိ မဘသဆိုင်းဘုတ်များ ဖြုတ်ချရေးများ ပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီးနောက် မဘသ အဖွဲ့သည် ဗုဒ္ဓ ဓမ္မပရဟိတဖောင်ဒေးရှင်း ဟု အမည်ပြောင်းလဲကာ ယခင်လုပ်ဆောင်ချက်များ အတိုင်း ဆက်လက်ရပ်တည်မည်ဟု ကြေညာလိုက်ပြီး ဓမ္မဝံသာနု ရက္ခိတအဖွဲ့ ဖွဲ့စည်းခြင်း၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသည်။
Source : https://goo.gl/5fvGVu
via IFTTT
Source : https://goo.gl/5fvGVu
via IFTTT
Kumudra
တွံတေး-လှိုင်သာယာကားလမ်း စက်တူးမြောင်းအနီးမှာ ဒီကနေ့ မနက် ၈နာရီက ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျကာ အမျိုးသားတစ်ဦးသေဆုံးပြီး ယာဥ်မောင်းထွက်ပြေးသွားတယ် လို့သိရပါတယ်။ “လေးဦးဒဏ်ရာရရှိသွားပါတယ်။ကားမောင်းသမားကတော့ ကားလမ်းဘေး ထိုးကျသွားတဲ့အချိန်ကတည်းကထွက်ပြေးသွားပါတယ်။ ယခုချိန်ထိတော့ဖမ်းဆီးမရသေးပါဘူး။ ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေပါတယ်”လို့ တွံတေးမြို့၊ခလောက်ချိုက်နယ်မြေရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ သေဆုံးသွားတဲ့အမျိုးသားက တွံတေးမြို့နယ်၊ ခလုတ်ကျေးရွာမှာနေထိုင်တဲ့ ကိုဝင်းခိုင်အသက်(၃၃)နှစ် ဖြစ်ပြီး ဒဏ်ရာရရှိသူ အမျိုးသား ၄ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးထားတယ်လို့လည်းသိရပါတယ်။ အမျိုးသား ခြောက် ဦးဟာ ကန်တာကုန်တင်ယာဥ်အမျိုးအစားနဲ့ လှိုင်သာယာဘက်ကနေ တွံတေးဘက်ကိုပြန်လာခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ ထွက်ပြေးတိမ်းရှောင်သွားတဲ့ယာဥ်မောင်းကို ခလောက်ချိုက်နယ်မြေရဲခစန်းက လူသေမှု၊ထွက်ပြေးတိမ်းရှောင်မှုတွေနဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၄-(က)/၃၃၇/၃၃၈ နဲ့အမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါတယ်။ Author – နှင်းနှင်း
Source : http://ift.tt/2qrveGd
via IFTTT
Source : http://ift.tt/2qrveGd
via IFTTT
Sunday, May 28, 2017
Eleven Broadcasting
လီဆူတိုင်းရင်းသားများအသတ်ခံရမှုများအနက် အမှုဖွင့်ထားသူနှစ်ဦးသာရှိကြောင်း ကချင်ပြည်နယ် ရဲမှူးကြီးပြော (ရုပ်သံ) လီဆူတိုင်းရင်းသားများ အသတ်ခံရမှုတွေအနက် အမှုဖွင့်ထားသူ နှစ်ဦးသာရှိကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ် ရဲမှူးကြီး ထွန်းဦးက ပြောပါတယ်။
Source : http://ift.tt/2raUEqK
via IFTTT
Source : http://ift.tt/2raUEqK
via IFTTT
Saturday, May 27, 2017
ချေးငွေစာချုပ် ချုပ်ဆိုထားသော်လည်း လုပ်ငန်း အကောင်အထည်ဖော်မှု မရှိသေးသည့် စီမံကိန်းများရှိနေ --- --- --- နိုင်ငံများ နိုင်ငံတကာ အဖွဲ့အစည်းများအလိုက် ၂၀၁၅ ခုနှစ်တွင် ချေးငွေ စာချုပ် ချုပ်ဆိုထားသော်လည်း လုပ်ငန်း အကောင်အထည်ဖော်မှု မရှိသေးသည့် စီမံကိန်းများ တွေ့ရှိ၍ ထိထိရောက်ရောက် အလျင်အမြန် ဆောင်ရွက်ရန်နှင့် တာ၀န်ယူမှု တာ၀န်ခံမှုတို့ဖြင့် ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ငွေစာရင်း ပူးပေါင်း ကော်မတီက မေလ ၂၆ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအ၀ေးတွင် သဘောထားမှတ်ချက် ပေးခဲ့သည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင် ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထား အစီရင်ခံစာကို မေလ ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တင်သွင်းခဲ့ပြီး သဘောထားမှတ်ချက် ပေးခဲ့ခြင်းဖြစ် သည်။ ယခင်အစိုးရ လက်ထက် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အထိ ငါးနှစ်အ တွင်း ပြည်ပမှ ချေးငွေကျပ် ၁,၉၂၆ ဒသမ ၄၆၅ ဘီလီယံနှင့် ပြည်တွင်း ချေးယူငွေသည် ကျပ် ၇,၄၄၄ ဒသမ ၅၆၉ ဘီလီယံရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာ တွင် ဖော်ပြထားသည်။ ပြည်ပ ကြွေးမြီများတွင် တရုတ်နိုင်ငံမှ ချေးငွေသည် အများဆုံးဖြစ်ပြီး၊ ဒုတိယ အများဆုံးသည် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေဖြစ်ကြောင်း တရုတ်မှ ၄,၃၁၂ ဒသမ ၂၈၆ သန်းနှင့် ဂျပန်မှ ၁,၉၈၈ ဒသမ ၃၅၄ သန်းဖြစ်ကြောင်း သိရသည်။ ၂၀၁၆ မတ်လ ၃၁ ရက်အထိ ပြည်ပ ကြွေးမြီလက်ကျန် ကန်ဒေါ်လာ ၉,၅၃၀ ဒသမ ၂၅၂ သန်းကို ၀န်ကြီးဌာန အလိုက် ချေးယူခဲ့ရာတွင် လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနမှ ကန်ဒေါ်လာ ၃,၂၆၅ ဒသမ ၈၃၂ သန်းဖြင့် အများဆုံး ဖြစ်သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာနက ကန်ဒေါ်လာ ၂,၂၁၆ ဒသမ ၉၀၆ သန်းဖြင့် ဒုတိယ အများဆုံး ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။ နိုင်ငံတော်၏ ကြွေးမြီကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် နာယက မန်း၀င်းခိုင်သန်းက ဆွေးနွေးလိုသည့် ကိုယ်စား လှယ်များရှိပါက မေလ ၃၀ ရက် နောက်ဆုံးထားကာ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာထားသည်။ ဇော်မင်းထွန်း The Ladies News http://ift.tt/2r886vF
Source : http://ift.tt/2r886vF
via IFTTT
Source : http://ift.tt/2r886vF
via IFTTT
RFA Burmese
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို) မဘသ အဖွဲ့ဝင်တွေကို အထူးအသိပေး ရှင်းလင်းပွဲအခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ကျင်းပနေတာ ဖြစ်ပါတယ်။
Source : http://ift.tt/2r5CyVq
via IFTTT
Source : http://ift.tt/2r5CyVq
via IFTTT
RFA Burmese
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို) မဘသ အဖွဲ့ဝင်တွေကို အထူးအသိပေး ရှင်းလင်းပွဲအခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ကျင်းပနေတာ ဖြစ်ပါတယ်။
Source : http://ift.tt/2rIv0KP
via IFTTT
Source : http://ift.tt/2rIv0KP
via IFTTT
RFA Burmese
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို) မဘသ အဖွဲ့ဝင်တွေကို အထူးအသိပေး ရှင်းလင်းပွဲအခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ကျင်းပနေတာ ဖြစ်ပါတယ်။
Source : http://ift.tt/2qp4AK4
via IFTTT
Source : http://ift.tt/2qp4AK4
via IFTTT
BBC Burmese
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်း အဖွဲ့တွေ တွေ့ဆုံခဲ့တဲ့နောက် ဘာတွေ ထူးခြားမှု ရှိလာသလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ကြား နိုင်ငံရေး အရ ထဲထဲဝင်ဝင် မဆွေးနွေး ခဲ့ကြပေမယ့် နောက်ပိုင်း ဆက်ဆံရေး ဆက်လက် ထားရှိသွားမယ့် အကြောင်း ပြောဆို ခဲ့ကြတယ် ဆိုပြီး ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA က ပြောပါတယ်။ တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု စာချုပ် NCA ထဲ ပါဝင်ဖို့ အစိုးရနဲ့ စစ်တပ်က တိုက်တွန်း နေပေမယ့် လက်ရှိ NCA ကိုတော့ လက်မှတ် ရေးထိုးမှာ မဟုတ်ဘူး ဆိုပြီး UWSA ရဲ့ ပြင်ပ ဆက်ဆံရေးမှူး ဦးကျောက်ကော်အမ်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ အပြီး သတင်းထောက်တွေကို ထပ်လောင်း ပြောဆို ခဲ့ပါတယ်။ မြောက်ပိုင်း အခြေစိုက် လက်နက်ကိုင် အဖွဲ့တွေ ဘက်က ပြင်ဆင် ထားတယ် ဆိုတဲ့ မူဝါဒ စာတမ်း ဒေါ်အောင်ဆန်းစုကြည် ထံမှာ ရှိနေပြီ လို့လည်း ဆိုပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် နေအိမ်မှာ မြောက်ပိုင်း အဖွဲ့တွေကို မေလ ၂၆ ရက် သောကြာနေ့က နှစ်သုပ် ခွဲပြီး တွေ့ဆုံ ခဲ့ပါတယ်။ ဝ လက်နက်ကိုင် UWSA၊ ကချင်တပ် KIA၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA နဲ့ မိုင်းလား NDAA တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမ တွေ့ခဲ့ပြီး၊ ကိုးကန့်တပ် MNDAA၊ တအာင်းပလောင် TNLA နဲ့ ရခိုင်တပ် AA တို့နဲ့ နောက်ပိုင်း တွေ့ပါတယ်။ အစိုးရ စစ်တပ်နဲ့ကြား တိုက်ပွဲတွေ ဆက်တိုက် ရှိနေခဲ့တဲ့ TNLA အနေနဲ့ အခု နေပြည်တော် ခရီးစဉ်ဟာ အစိုးရ တာဝန်ရှိသူနဲ့ကြား စတင် တွေ့ဆုံခွင့် လမ်းကြောင်း ပွင့်လာတာ ဖြစ်တယ် ဆိုပြီး TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ၂ တားပန်လ က ပြောပါတယ်။ နေပြည်တော်မှာ ငြိမ်းချမ်းရေး ညီလာခံ ဆိုပြီး ခမ်းခမ်းနားနား ကျင်းပနေချိန် တပြိုင်တည်းမှာပဲ လက်တွေ့ မြေပြင်မှာလည်း အစိုးရ စစ်တပ်ရဲ့ ထိုးစစ်တွေ ရပ်တန့် ဖို့လိုတယ် ဆိုပြီး တော့လည်း တာပန်းလက ပြောပါတယ်။ NCA ပြင်ပ လမ်းကြောင်း ရှာဖွေမယ် ဆိုပြီး မူဝါဒ ချမှတ် ထားတဲ့ မြောက်ပိုင်း အဖွဲ့တွေဟာ ခုလိုမျိုး နေပြည်တော် ညီလာခံကို လာတက်ဖို့ အထိ အခြေအနေမျိုး ရောက်လာအောင် တရုတ်နိုင်ငံက ကြားဝင် ညှိနှိုင်း ပေးခဲ့တယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ထားပါတယ်။ အထူးကိုယ်စားလှယ် ဆိုတဲ့ အနေနဲ့ ဖိတ်ကြား ခံရတာ ဖြစ်လို့ ငြိမ်းချမ်းရေး ညီလာခံမှာ ကိုယ့်ရဲ့ သဘောထား ဆန္ဒတွေ တန်းတူ ပြောဆိုခွင့် မရှိခဲ့ဘူး ဆိုတဲ့ အသံမျိုး အစောပိုင်းက ထွက်ပေါ် ခဲ့ပေမယ့် ဖွင့်ပွဲ အပြီး ချက်ခြင်း ပြန်သွားတာမျိုး မဟုတ်ပဲ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံ ခဲ့သလို၊ နောက်တစ်ရက် မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။ အစိုးရနဲ့ တပ်မတော်တို့ကတော့ NCA လမ်းကြောင်းကနေပဲ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မယ် ဆိုပြီး အခု ကျင်းပလက်စ ငြိမ်းချမ်းရေး ညီလာခံမှာ ခိုင်ခိုင်မာမာ ပြောဆို ထားသလို၊ မြောက်ပိုင်း အဖွဲ့တွေကလည်း လက်ရှိ NCA ထဲ မပါဝင်နိုင်ဘူး ဆိုတဲ့ သဘောထား ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ မြောက်ပိုင်း အဖွဲ့တွေဟာ ညီလာခံ ၅ ရက်တာ ပြီးဆုံးအောင်တော့ နေပြည်တော်မှာ နေမှာ မဟုတ်ပဲ၊ မေလ ၂၇ ရက် စနေနေ့ နေ့လည်ပိုင်း တရုတ်နိုင်ငံ ယူနန် ပြည်နယ်ကို ပြန်လည် ထွက်ခွာမယ် ဆိုပြီး ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။ #ဘီဘီစီမြန်မာပိုင်း http://bbc.in/2qnMacC
Source : http://bbc.in/2qnMacC
via IFTTT
Source : http://bbc.in/2qnMacC
via IFTTT
The Voice
အစိုးရဟောင်း အနေနှင့် ဥပဒေကို ကျော်လွန်ငွေချေးခဲ့ကြောင်း တွေ့ရှိ ရန်ကုန်၊ မေ ၂၆ ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရ အနေနှင့် ပြဋ္ဌာန်းထားသည့် ဥပဒေများကို ကျော်လွန်၍ ပြည်တွင်း၊ ပြည်ပမှ ချေးငွေများကို ချေးယူခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာက ဖော်ပြသည်။ မေလ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၅-၁၆ ခုနှစ်အတွင်း အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်များကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့ အနေနှင့် အဆိုပါ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း၊ ပြည်ပ ချေးငွေ စုစုပေါင်းကျပ် ၅၇၆၈ ဒသမ ၂ ဘီလီယံ ချေးယူခဲ့ခြင်းဖြစ်ပြီး ဥပဒေပါ ခွင့်ပြုသည့် ပမာဏထက် ဘီလီယံ ၁၈၀ဝ ကျော် ပို၍ ချေးယူခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ၂၊ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ဆိုသည်။ “၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ချေးယူငွေဟာ ကျပ်ဘီလီယံ ၃၉၀ဝ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခွင့်ပြုထားတဲ့ ငွေထက် ကျပ် ၁၈၆၈ ဒသမ ၂ ဘီလီယံ ပိုမိုချေးယူခဲ့ကြောင်း တွေ့ရှိရပါတယ်” ဟု ၎င်းက ဆိုသည်။ ဦးသိန်းစိန်အစိုးရ ငါးနှစ်တာကာလ အတွင်း စုစုပေါင်း ပြည်တွင်း၊ ပြည်ပ ချေးငွေ ကျပ် ၉၃၇၁ ဘီလီယံကျော် ချေးယူခဲ့သည်။ အဆိုပါ ပမာဏအနက် အစိုးရ ငါးနှစ်သက်တမ်း၏ နောက်ဆုံးနှစ်တစ်နှစ်ထဲတွင် ချေးယူသည့် ပမာဏသည် စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းပင် ရှိသည်။
Source : https://goo.gl/GDwyZe
via IFTTT
Source : https://goo.gl/GDwyZe
via IFTTT
Friday, May 26, 2017
Eleven Media Group
မြန်မာ ယူ၂၂ နှင့် မလေးရှား ယူ၂၂ အသင်းတို့ ဇူလိုင်(၁၃)ရက်နေ့တွင် ခြေစမ်းမည် မြန်မာ့ လက်ရွေးစင် ယူ ၂၂ အသင်းသည် ၂၀၁၇ ခုနှစ် မလေးရှား ဆီးဂိမ်းစ် ပြိုင်ပွဲအကြို ပြင်ဆင်မှု အနေဖြင့် မလေးရှားယူ ၂၂ အသင်းနှင့် လာမည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ခြေစမ်းပွဲကစားမည် ဖြစ်ကြောင်းသိရသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဖွဲ့စည်းထားသော မြန်မာ့ လက်ရွေးစင် ယူ၂၂ အသင်းတွင် လူငယ်ကစားသမားများအပြင် လက်ရွေးစင် အသင်းကြီးမှ အသက်မီသည့် လူငယ်ကစားသမား များကို ဖြည့်ဆည်း၍ ဖွဲ့စည်းသွားရန် စီစဉ်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဂတ်ဆီဇီမှ တာဝန်ယူသွားမည် ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်းအဓိက ပြိုင်ပွဲများအဖြစ် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် အာရှ ယူ၂၃ ချန်ပီယံရှစ် ပြိုင်ပွဲတို့ကို ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး လာမည့် ဇွန်လ ၅ ရက်နေ့မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ၂၂ အသင်းကို ဆီးဂိမ်းတွင် အောင်မြင်မှုရရှိရေး အတွက် ခြေစမ်းပွဲများနှင့် နိုင်ငံတကာ ပြိုင်ပွဲများကစားရန် စီစဉ်ထားပြီးမလေးရှားဆီးဂိမ်းစ် မတိုင်မီ နိုင်ငံတကာပွဲ အနည်းဆုံး (၈)ပွဲ ကစားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲများမှာ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် KBZ BANK CUP 2017 ပွဲစဉ်များဖြစ်သည့် ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ ဂျပန်တက္ကသိုလ်များ လက်ရွေးစင် အသင်းတို့ ပွဲစဉ်များ၊ အာရှ ယူ၂၃ ခြေစစ်ပွဲစဉ်များ ဖြစ်သည့် သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်း အသင်းတို့နှင့် ပွဲစဉ်များ၊ မလေးရှား ယူ ၂၂ အသင်းနှင့် ခြေစမ်းပွဲ၊အင်တာမီလန် လူငယ်အသင်းနှင့် ခြေစမ်းပွဲ၊ မွန်ဂိုလီယား နှင့် ခြေစမ်းပွဲတို့ ဖြစ်ကြောင်း သိရသည်။
Source : http://ift.tt/2r4l11F
via IFTTT
Source : http://ift.tt/2r4l11F
via IFTTT
The Irrawaddy - Burmese Edition
ဖိလစ်ပိုင်စစ်တပ် နိုင်ငံခြားသား စစ်သွေးကြွများနဲ့ ရင်ဆိုင်နေရဟု ရှေ့နေချုပ်ပြော ဖိလစ်ပိုင်စစ်တပ်ဟာ အင်ဒိုနီးရှားနှင့် မလေးရှားများပါဝင်တဲ့ နိုင်ငံခြားသားစစ်သွေးကြွများနဲ့ ရင်ဆိုင် တိုက်ခိုက်နေရကြောင်း ယနေ့ ဖိလစ်ပိုင်ရှေ့နေချုပ်က ပြောလိုက်ပါတယ်။ လူဦးရေ ၂သိန်းကျော်ရှိတဲ့ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်း မာရာဝီမြို့ကို Maute စစ်သွေးကြွ အုပ်စုလက်ကနေ ပြန်လည်သိမ်းပိုက်ဖို့ ဖိလစ်ပိုင်စစ်တပ်က လုပ်ဆောင်ရာမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ မလေးရှားနဲ့ အင်ဒိုနီးရှား လူမျိုး ၆ဦးကို အသေဖမ်းဆီးမိခဲ့ပါတယ်။ ဖိလစ်ပိုင် အထူးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့ မနေ့ကတိုက်ပွဲမှာ စစ်သား ၁၁ဦး နဲ့ စစ်သွေးကြွ ၃၁ ဦး သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင် ရှေ့နေချုပ် ဂျိုးစ် ကယ်လီဒါက “အရင်တုန်းကတော့ ဒေသတွင်းအကြမ်းဖက် အုပ်စုဖြစ်ပေ မယ့်၊ အခုအခါမှတော့ အစ္စလာမ်နိုင်ငံဆိုတဲ့ IS အယူအဆအတွေးအခေါ်တွေကို ဖြန့်ကျက်ပုံဖော် လာ နေကြောင်း၊ မင်ဒါနာအိုကျွန်းကို အစ္စလာမ်မစ် နိုင်ငံ ထူထောင်ဖို့ လုပ်ဆောင်နေကြောင်း ပြောပါတယ်။ မင်ဒါနာအိုကျွန်းဟာ ဖိလစ်ပိုင်နိုင်ငံမှာ ဒုတိယအကြီးဆုံး ကျွန်းဖြစ်ပြီး၊ မွတ်ဆလင်အများစုနေထိုင် ကြပါတယ်။ ရုရှားနိုင်ငံကို အလယ်အပတ်ရောက်ရှိနေတဲ့ ဖိလစ်ပိုင်သမ္မတ ရိုဒီဂို ဒူတာတေးကလည်း မင်ဒါနာအို ကျွန်းကို ရက်ပေါင်း ၆၀ စစ်အုပ်ချုပ်ရေး ထုတ်လိုက်သလို၊ အစ္စလာမ်မစ် စစ်သွေးကြွများ အန္တရာယ်ကိုလည်း သတိပေးလိုက်ပါတယ်။ သမ္မတ ဒူတာတေးရဲ့ ရုရှားခရီးစဉ်မှာ ဖိလစ်ပိုင်တပ်တွေအနေနဲ့ IS နဲ့ ဒေသတွင်းအကြမ်းဖက်အဖွဲ့ တွေကို ရင်ဆိုင်ဖို့ ခေတ်မီလက်နက်တွေ ပိုမိုလိုအပ်ကြောင်းလည်း ပြောပါတယ်။
Source : https://goo.gl/KRZzMY
via IFTTT
Source : https://goo.gl/KRZzMY
via IFTTT
The Voice
တရုတ်ရွှေတူးသမားတွေ ရောက်လာတဲ့ ရွှေကျင် ရိုးရာမီးမျှောပွဲများ၊ အေးချမ်းမှုနှင့် ဒေသထွက် သီးနှံတို့ကြောင့် နာမည်ကျော်သော ရွှေကျင်မြို့လေးသည် ထူးဆန်းသော ရွှေကြောများ တွေ့ရှိပြီးသည့်နောက်ပိုင်း အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော လက်နက်ကိုင်အဖွဲ့တို့ကြား ရှုပ်ထွေးသော စီမံခန့်ခွဲမှု၊ ပွင့်လင်းမြင်သာ မရှိသော ဆောင်ရွက်မှုများဖြင့် ဒေသခံများနှင့် ရွှေလာရောက်တူးဖော်သူ နိုင်ငံခြားသားတို့ အကြား ပဋိပက္ခလမ်းကြောင်းကို ပို၍ဦးတည်လာနေပြီ ဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်မှ စတင်ပြီး ရွှေကျင် ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ရွှေတူးဖော်သူများကြားတွင် တရုတ်နိုင်ငံမှ တူးဖော်သူများ စတင်ရောက်ရှိလာကြသည်။ သူတို့ကို မည်သူက ခွင့်ပြုသည်၊ မည်သည့် ခွင့်ပြုချက်ဖြင့် လာရောက်တူးဖော်သည် ဆိုသည်ကား မသဲကွဲ။ အစိုးရဘက်ကလည်း သူတို့ခွင့်ပြုတာ မဟုတ်ဟု ပြောသလို တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကလည်း သူတို့သိရှိခြင်း မရှိဟု ပြောကြသည်။ သို့သော် ရွှေကျင်ချောင်းဘေးတွင် တရုတ်နိုင်ငံသားများက ဝရိန်သံတဒီဒီပေးကာ သံပြားဂိတ် ထူထူများဖြင့် ပေ ၅၀ ခန့်ရှိ ရွှေဖောင်ကြီးများကို တည်ဆောက်နေကြသလို တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်မည့် ရွှေဖောင်ကြီးအချို့ကလည်း ချောင်းဖျားကို ဆန်တက်သွားကြပြီ ဖြစ်သည်။ အဆိုပါ တရားမဝင် ရွှေတူးဖော်မှု ပြုနေကြသည့် ရွှေဖောင်ကြီးများကို လာရောက်ဦးစီး လုပ်ကိုင်နေကြသူများမှာ တရုတ်နိုင်ငံသားများ ဖြစ်ပြီး အောက်ခြေလုပ်သား အနည်းငယ်သာ ဒေသခံများ ဖြစ်သည်။ “ခုတော့ ချောင်းဖျားမှာ ရွှေတူးတော့ ချောင်းရေက ကျွဲ၊ နွား တိရစ္ဆာန်တောင် တိုက်လို့မရတော့ဘူး။ ရေက နီရဲနေတဲ့အပြင် ချောင်းရေပြင်မှာ စက်သုံးဆီကွက်တွေ ပေါ်နေတယ်။ နောက်တစ်ခုက ရွှေသန့်စင်တဲ့ ဆိုက်ရာနိုက်လို အဆိပ်တွေကို ဘယ်လိုစွန့်ပစ်လဲ ဆိုတာ မသိရတော့ စိုးရိမ်ဖို့ အလွန်ကောင်းနေပြီ” ဟု ရွှေကျင်မြို့တွင် အလုပ်လာရောက်လုပ်ကိုင်နေသူ အမျိုးသားက သုံးသပ်သည်။ ဒေသခံများသည် ရှေးယခင်က တစ်နိုင်တစ်ပိုင် မိရိုးဖလာ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့် ဥယျာဉ်၊ ခြံမြေလုပ်ငန်း လုပ်ကိုင်သူများသာ ဖြစ်ပြီး လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်ခန့်မှ စတင်ပြီး အကြီးစား ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လာကြသော်လည်း ယခုကဲ့သို့ ရွှေဖောင်ကြီးများသာမက လက်နက်များ ကိုင်ဆောင်ပြီး ရွှေတူးဖော်နေကြခြင်းကို တားမြစ်ခြင်း မရှိသည်မှာ အုပ်ချုပ်ရေး အာဏာပိုင်များကို မေးခွန်းထုတ်ရမည် ဖြစ်သည်ဟု ရွှေကျင်ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။ “တရုတ်နိုင်ငံသားတွေက တစ်ဖွဲ့တစ်ဖွဲ့ကို လူလေးဆယ်လောက် ရှိတယ်။ ဟိုဘက်တစ်ပတ်လောက်က ရွှေဖောင်ကြီးတစ်ခု မဒမချောင်းဖျားကို တက်သွားပြီ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့ ဒေသခံတွေနဲ့ တရုတ်တွေ အကြားမှာ အကြိမ်ကြိမ် ပြဿနာတက်ခဲ့တယ်။ ဒီလိုကိစ္စမျိုးကို ငြိမ်ခံနေမယ်ဆို နောက်မျိုးဆက်အတွက် ဆိုးမွေပဲ ဖြစ်လိမ့်မယ်” ဟု ရွှေကျင်ချစ်သူများအဖွဲ့မှ မရတနာလင်းက ပြောကြားသည်။ အဆိုပါ တရုတ်နိုင်ငံသားများသည် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မြစ်ချောင်းတူးဖော်မှုများကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်ရင်း ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်မည်ဟု ဆိုပြီး ခွင့်ပြုချက် တောင်းခံထားခြင်း ရှိသော်လည်း တရားဝင် ခွင့်ပြုပေးထားခြင်း မရှိကြောင်း၊ လုပ်ငန်းများ ရပ်ဆိုင်းရန် အသိပေးစာ ထုတ်ပြန်တားမြစ်ထားကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောကြားသည်။ တကယ်လို့ တားမြစ်ချက်ကို ဆက်ဖောက်မယ်ဆို သက်ဆိုင်ရာ သတ္တုတွင်း ဝန်ကြီးဌာနက တာဝန်ယူပြီး တည်ဆဲဥပဒေအရ အရေးယူလိမ့်မယ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အစိုးရဘက်က ပြောကြားချက်နှင့် ပတ်သက်ပြီး ရွှေကျင်ဒေသခံများ ဖွဲ့စည်းထားသည့် ရွှေကျင်ချစ်သူများအဖွဲ့က “အုပ်ချုပ်ရေးပိုင်းက ပြောရင် အဲလိုပဲ ဝေ့လည်ကြောင်ပတ် ပြောမယ်” ဟု တုံ့ပြန်သည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရွှေကျင်ဒေသခံများနှင့် ကေအန်ယူတို့ ရွှေဖောင်တွေကိစ္စ တွေ့ဆုံဆွေးနွေးတော့ KNU ကလည်း သဘောတူထားသည်ဟု သတင်းများထွက်လာသည်။ သို့သော် ကေအန်ယူ တပ်မဟာ ၃ တာဝန်ရှိသူကမူ အဖွဲ့က သဘောမတူထားကြောင်း သိရသည်ဟုလည်း ရွှေကျင်ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူက ဆိုသည်။ ယင်းကဲ့သို့ တရုတ်နိုင်ငံသားများ တရားမဝင် ရွှေတူးဖော်နေခြင်းကို ခွင့်ပြုထားကြောင်း ကရင်အမျိုးသားအစည်းအရုံး လက်အောက်ရှိ မိမိတို့အဖွဲ့ကို အသိပေးထားခြင်း မရှိသကဲ့သို့ ခွင့်ပြုချက်လည်း ပေးမထားပါကြောင်း ကေအန်ယူ တပ်မဟာ ၃ မှ ပြောရေးဆိုခွင့်ရှိသူ စောအယ်ခူက ရှင်းပြသည်။ ရွှေတွေရှိသော ရွှေကျင်တွင် ပြောစရာဇာတ်လမ်းက နှစ်ပုဒ်ဖြစ်သည်။ ယခုကဲ့သို့ ရွှေကျင်မြို့အနီး ရွှေကျင်ချောင်း၊ မဒမချောင်းတို့တွင် လက်နက်များကိုင်ပြီး ပေါ်ပေါ်ထင်ထင် ရွှေလာတူးကြသူ တရုတ်နိုင်ငံသားတို့ အကြောင်းနှင့် ပြီးခဲ့သည် မတ်လက ရွှေတွေ၊ ကျောက်တွေ အကြားက ရွှေကြောတွေ့သည် ဆိုသော ခလိန်ဒေသနှင့် ဒေသခံများ အကြောင်းတို့ ဖြစ်သည်။ တရုတ်နိုင်ငံသားတို့အကြောင်း အတန်အသင့်ဖော်ပြပြီး ဖြစ်ရာ ယခုဒေသခံတို့ ရွှေအကြောလိုက် တွေ့သည့် ခလိန်ဒေသအကြောင်းကို ဆက်ပါမည်။ ရွှေကျင်မြို့ အရှေ့ဘက် ၇ မိုင်ခန့်အကွာ ဝင်းခနိမ် ကျေးရွာအုပ်စု ခလိန်ဒေသ၌ ရွှေတွင်းဟောင်းတစ်ခု ရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလခန့်က လုပ်ငန်းမကောင်းသဖြင့် ရပ်နားထားသည့် ရွှေတူးဖော်ရေး လုပ်ငန်းတစ်ခုတွင် ဒေသခံ ကရင်အမျိုးသမီးတစ်ဦး ရွှေပါသည့် ကျောက်ကျောတစ်ခုကို တွေ့ရှိရပြီးနောက်ပိုင်း ရွှေကျင်အနီးတစ်ဝိုက်ရှိ ဒေသခံများနှင့် ရွှေရှာသူ မုဆိုးပေါင်း ရာနှင့်ချီကာ ရောက်ရှိလာပြီးနောက် အုပ်ချုပ်ရေးပိုင်းနှင့် နယ်မြေခံ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက ယင်းလုပ်ငန်းခွင်ကို ပိတ်လိုက်ကြသည်။ နောက်ပိုင်းတွင် ဒေသခံများကို စိစစ်ကာ ကျေးရွာတစ်ဖွဲ့လျှင်၂ နာရီကြာ အဆိုင်းချပြီး အလှည့်ကျ တူးဖော်ခွင့်ပေးခဲ့သည်။ ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်ကမူ ရွှေအလှည့်ကျတူးသူ ဒေသခံများနှင့် လက်နက်ကိုင်အဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ရွှေလာတူးသူ အမျိုးသားတစ်ဦး သေနတ်မှန် သေဆုံးခဲ့သည်။ မိရိုးဖလာ အင်းဝိုင်းဖြင့် တစ်ပိုင်တစ်နိုင် ရွှေကျင်သူများနှင့် နာမည်ကျော် ရှောက်သီးထွက်ရှိသည့်အပြင် နှစ်ပေါင်းရာချီ ကျင်းပလာခဲ့သည့် သီတင်းကျွတ် မီးမျှောပွဲတော်၏ ဂုဏ်သတင်းကြောင့် လူသိများသော်လည်း ရွှေကျင်မြို့သည် တောမြို့ကလေး တစ်မြို့အတွက် အဆိုပါ သတင်းမှာ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသည်။ လက်ရှိတွင် ဒေသခံများ တစ်နိုင်ရွှေရှာဖွေမှု ရပါက စားဝတ်နေရေး အဆင်ပြေနိုင်သည့် ခလိန်ဒေသကို ပုဒ်မ ၁၄၄ ထုတ်ပြန်တားမြစ်ထားပြီး ပစ်ခတ်နှိမ်နင်းသော်လည်း ရွှေဖောင်ကြီးများဖြင့် ရွှေကျင်ချောင်း၊ မဒမချောင်းတစ်လျှောက် ရွှေတူးဖော်နေသည့် တရုတ်နိုင်ငံသားများကိုမူ တားမြစ်ပေးသူ မရှိဟု ဒေသခံများက ဆိုကြသည်။ “ကျွန်တော်ကိုယ်တိုင် မဒမချောင်းမှာ ရွှေတူးဖော်နေတဲ့ ရွှေဖောင်ကြီးတွေကို ဓာတ်ပုံသွားရိုက်တယ်။ ဓာတ်ပုံရိုက်တဲ့အချိန်မှာ တရုတ်တစ်ယောက်က တရုတ်လို လာပြောတဲ့အပြင် သေနတ်ထုတ်ပြီး ပစ်မလို့ ပြင်တယ်။ ဒါနဲ့ပတ်သက်ပြီး ရဲစခန်းမှာ အမှုသွားဖွင့်ပေမယ့် အမှုမဖွင့်ပေးဘူး။ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားတော့ တရားဝင် ခွင့်မပြုဘူး ပြောပေမယ့် အခုလက်ရှိအထိ လုပ်နေတယ်။ လက်ပံတောင်းတောင် ကိစ္စကို သင်ခန်းစာမယူရင်တော့ ရွှေကျင်က သဘဝပတ်ဝန်းကျင် ပြဿနာသာ မကဘူး တရုတ်နဲ့ ဒေသခံတွေ ပြဿနာတွေ တက်လာမယ်” ဟု ရွှေကျင်ဒေသခံ တက်ကြွလှုပ်ရှားသူ ဦးရာဇာက ပြောကြားသည်။ “အင်္ဂလိပ်အစိုးရ လက်ထက်က ရွှေကျင်တဲ့လုပ်ငန်းက အတော်လေး ထွန်းကားနေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။ “အဘ ငယ်ငယ်ကကြားဖူးတာတော့ အိမ်ထဲမှာ ရွှေကျင်ခွင့်မပေးတာ လွတ်လပ်ရေးရခါနီးလို့ ပြောကြတယ်။ အခုလည်း မြို့ပေါ်ရပ်ကွက်တွေက မြေကိုယူပြီးကျင်ရင် ရွှေထွက်သေးတယ်လို့ ယုံတယ်” ဟု ရွှေကျင်ဒေသခံ အသက် ၇၀ ကျော်အရွယ် အမျိုးသားကြီးတစ်ဦးက ပြောကြားသည်။ ရှေးယခင်က တစ်နိုင်တစ်ပိုင် ရွှေတူးရွှေရှာကြသူများ နေရာတွင် လွန်ခဲ့သည့် အနှစ် ၂၀ ကျော်မှ စတင်ကာ မြို့ခံများနေရာတွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများက ကူဘိုတာစက်ကြီးများ၊ ယန္တရားကြီးများဖြင့် ငွေကျပ်သိန်းရာချီ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာသည့်အတွက် တစ်နိုင်တူးဖော်သူများ နေရာပျောက်ကွယ်ခဲ့ကြရသည်။ ယခုအခါ တရုတ်နိုင်ငံသားတို့ကပါ ခြေကုပ်ယူရန် ရောက်လာကြပြီ ဖြစ်သည်။ ရွှေကျင်မြို့ခံများ၏ ဘဝကတော့ သူတို့ကျိန်စာသင့်သည်ဟု ယူဆကြသည်။ ဒေသခံများ တစ်ပိုင်တစ်နိုင် ရွှေရှာ ရွှေကျင်၍ မရရှိသော်လည်း ငွေကြေးချမ်းသာသူများသာမက တရားဝင်သည် မဝင်သည် မသိရသည့် တရုတ်နိုင်ငံသားများစွာက ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိနေကြောင်း ရွှေကျင်မြို့ခံ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။ “အုပ်ချုပ်ရေးပိုင်းကလည်း လက်နက်ကိုင် ဘက်လွှဲချလိုက်၊ အစိုးရအဖွဲ့ကို လွှဲချလိုက် လုပ်နေတယ်။ ခုရွှေရှာနေတယ်ဆိုပြီး ပြောနေတဲ့ ရွှေဖောင်ကြီးတွေက ရွှေတစ်မျိုးတည်း ရှာတာမျိုး မဟုတ်ဘဲ အခြားဓာတ်သတ္တုတွေပါ အကုန်မ,ဖို့ ပြင်နေတယ်လို့ ယူဆတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ သို့သော် ရွှေကျင်ချောင်းဘေးတွင် တရုတ်နိုင်ငံသားများ၏ ရွှေဖောင်ကြီးများ ချောင်းဖျားကို ဆန်တက်နေဆဲ။ “ရွှေကျင်က ရွှေနဲ့ပဲ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသွားသူတွေ ရှိသလို ရွှေနဲ့ပဲ သုံးမကုန်အောင် ချမ်းသာသွားသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ သဘာဝသယံဇာတ ဆိုတာ စီမံခန့်ခွဲမှု မကောင်းတဲ့ အုပ်စိုးသူတွေ လက်ထက်ဆိုရင် သယံဇာတဆိုတာ ဒေသခံတွေအတွက် ကျိန်စာပါ။ ရွှေကျင်ပြဿနာကို အုပ်ချုပ်သူတွေ ကောင်းမွန်စွာ စီမံခန့်ခွဲ ဖြေရှင်းနိုင်ပါစေလို့ပဲ ဆုတောင်းရမှာပါ” ဟု ရွှေကျင်ဒေသခံတစ်ဦးက ပြောသည်။
Source : https://goo.gl/bg0D3Z
via IFTTT
Source : https://goo.gl/bg0D3Z
via IFTTT
The Voice
ဖားကန့်တွင် တရားမဝင် စက်ယန္တရား လေးထောင်ကျော် အသုံးပြုခွင့်ပိတ် မြစ်ကြီးနား၊ မေ ၂၅ ဖားကန့်ဒေသအတွင်း ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများတွင် အသုံးပြုနေသည့် တရားဝင် စက်ယန္တရား ခြောက်ထောင်ကျော်ရှိပြီး တရားမဝင် အသုံးပြုနေသည့် စက်ယန္တရား လေးထောင်ကျော်ကို အသုံးပြုခွင့် ပိတ်ထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလအောင်က ပြောကြားသည်။ အဆိုပါ ဒေသတွင်း အသုံးပြုနေသည့် စက်ယန္တရား စုစုပေါင်း တစ်သောင်းကျော်ရှိပြီး တရားမဝင် စက်ယန္တရား လေးထာင်ကျော်ကို အသုံးပြုခွင့် မပြုထားဘဲ အရန်စက်များဖြင့်သာ ကုမ္ပဏီများတွင် ထားရှိထားကြောင်း ၎င်းက ပြောဆိုသည်။ “အားလုံးစုစုပေါင်းက တစ်သောင်းကျော် ရှိတယ်။ တကယ်သွားစစ်တော့ ခြောက်ထောင်ကျော်ပဲ တရားဝင်ဖြစ်တယ်။ တရားမဝင်တာက လေးထောင်ကျော် ရှိတယ်” ဟု ဝန်ကြီးက ဆိုသည်။ ဖားကန့်ဒေသအတွင်း လက်ရှိ သက်တမ်းရှိသည့် ကုမ္ပဏီ လုပ်ကွက်ပေါင်း မှာ ၅၉၉၄ ခုရှိပြီး နိုင်ငံတော်အစိုးရနှင့် အကျိုးတူ ဆောင်ရွက်သည့် လုပ်ကွက်မှာ၂၄၈ ကွက်ရှိ၍ ပုဂ္ဂလိက ကုမ္ပဏီ စုစုပေါင်းမှာ ၅၇၄၆ ခု ရှိကြောင်း၊ လက်ရှိ ခွင့်ပြုချက်ရှိ ကုမ္ပဏီ အများစုသည် လာမည့် ၂၀၂၀ ပြည့်နှစ်အထိ သက်တမ်းလုပ်ခွင့်ရှိ လုပ်ကွက်များ ဖြစ်သည်။ အဆိုပါ ဒေသကျောက်မျက် တူးဖော်ရေးမှ လက်ရှိအစိုးရလက်ထက်အတွင်း ကျောက်စိမ်းတန်ချိန် သုံးသောင်းကျော်ကို ရရှိထားပြီး လက်ရှိ နေပြည်တော်သို့ ပို့ဆောင်နိုင်ခဲ့သည်မှာ တန်ချိန် ၁၁၆၇၀ ကိုသာ ပို့ဆောင်နိုင်ခဲ့ကြောင်း၊ အခွန်ဘဏ္ဍာငွေအဖြစ် ကျပ်သန်းပေါင်း နှစ်သောင်းကျော် ရရှိခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/aSoEkl
via IFTTT
Source : https://goo.gl/aSoEkl
via IFTTT
၀န်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ်ပြော နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်လာလျှင် ဗဟိုဘဏ်သည် မည်သည့်အဖွဲ့ အစည်းနှင့်မဆို ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် က ပြောသည်။ အစွန်းရောက် အမျိုးသား ရေးလှုပ်ရှားသူများ၏ ဘဏ်ငွေ စာရင်းများတောင်းခံရာတွင် ဗဟို ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက ပူးပေါင်းဆောင်ရွက်မှုအားနည်း သည်ဆိုသော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးက မေလ ၂၄ ရက်တွင် မီဒီယာများအား ပြော ကြားခဲ့သည့် မှတ်ချက်စကားနှင့် ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ်က ပြန်လည်မှတ်ချက် စကားပြောကြားခြင်းဖြစ်သည်။ ‘‘ဘဏ်တွေမှာ အပ်နှံထား တဲ့ ငွေစာရင်းတွေနဲ့ ပတ်သက်လာရင် သတ်မှတ်ချက်တွေရှိပါတယ်။ ငွေရေးကြေးရေးဥပဒေမှာ ဘယ်လိုငွေစာရင်းတွေ တောင်းရင်ပေးရတယ်။ ဘယ်လိုငွေစာရင်းတွေက တောင်းလို့မရဘူးဆိုတာ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗဟိုဘဏ်က နိုင်ငံတော်အတွက် လိုအပ်လာတဲ့ ကိစ္စရပ်တွေဖြစ် ပေါ်လာတိုင်း၊ တောင်းဆိုလာတိုင်း ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာဌာနတွေနဲ့ အကုန်လုံးပူးပေါင်းပြီးဆောင်ရွက်တာရှိပါတယ်’’ ဟု ဦးဝင်းသော်က ဆိုသည်။ ဗဟိုဘဏ်သည် ငွေကြေး ခဝါချမှုနှင့် ပတ်သက်သည့် အမှု များအတွက် ပြည်ထဲရေးဝန်ကြီး ဌာနက တောင်းဆိုမှုကိုလည်း ပူး ပေါင်းဆောင်ရွက်ပြီး ဘဏ်ငွေ စာရင်းများပေးခဲ့သည်ဟု ၎င်းက ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ပုဂ္ဂ လိကဘဏ်များသည် နေ့စဉ် ငွေ စာရင်းများကို ဗဟိုဘဏ်သို့ ပေး ပို့ရပြီး လစဉ်စာရင်းချုပ်များလည်း ပေးရသည်ဟု ၎င်းကဆိုသည်။ ထို့ကြောင့် ပုဂ္ဂလိကဘဏ်များ သည် ငွေစာရင်းများ ပယ်ဖျက်၊ ဖျောက်ဖျက်ခြင်းလုပ်၍ မရ ကြောင်းနှင့် ထိုသို့မလုပ်ရန် ညွှန် ကြားချက်ထုတ်၍လည်း စာရင်း ပယ်ဖျက်ခြင်းကို တားမြစ်ထား ကြောင်းဦးဝင်းသော်က ဆိုသည်။ ထို့ကြောင့် လက်ရှိအသုံးပြုနေ သည့် ဘဏ်နည်းပညာစနစ်နှင့် ဥပဒေအရ ငွေစာရင်းများကို ပယ် ဖျက်ခြင်းပြုလုပ်၍ မရကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနနှင့် အမရဘဏ် ကြား အချေအတင်ဖြစ်နေသည် ကို ကြားသိရပြီးအခြားဘဏ်များ ကို ဘဏ်ငွေစာရင်းတောင်းခံ သည်ကိို မကြားရသေးကြောင်း မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင် များအသင်းဒုတိယဥက္ကဋ္ဌဦးစိန် မောင်က ပြောသည်။ ‘‘ဘဏ်က တောင်းရင်ပေး ကိုပေးရမယ်။ ဗဟိုဘဏ်ရဲ့ စည်း မျဉ်းစည်းကမ်းဥပဒေအရ ပေးရ မှာပါပဲ။ အစိုးရဌာနတိုင်းတော့ ပေးရမှာ မဟုတ်ဘူး။ တရားရေး၊ ရဲဌာနတောင်းလို့ရတယ်။ ဗဟို ဘဏ်က တစ်ဆင့်တောင်းရင် ပေးရမယ်။ ဓာတ်သိတဲ့ဘဏ်ကို တိုက်ရိုက်တောင်းတာဖြစ်မယ်’’ ဟု ၎င်းက ဆက်လက်ပြောကြား သည်။ အစွန်းရောက်ဘာသာရေး အဖွဲ့အစည်းများကို ကူညီ ထောက်ပံ့ငွေ ကျပ်သန်းငါး ထောင်ခန့်ရှိသည်ဟု သိရသော် လည်း ဘဏ်များက အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှုမရှိခြင်း ကြောင့် သိန်းသုံးထောင်ကိုသာ ဖော်ထုတ်နိုင်သေးကြောင်း သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးသူရဦး အောင်ကိုက မေလ ၂၄ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ၌ ပြောကြားခဲ့သည်။ ယင်းငွေကြေးများကို မည်သည့်နေရာကရ၍ မည်သူက ထောက်ပံ့ထားသနည်းဟု သိလို၍ ၂၀၁၆ က ဗဟိုဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများ၏ အပ်နှံငွေစာရင်းကို ဆောလျင်စွာစိစစ်ပြီး ပြန်ကြားပေးရန် ဗဟိုဘဏ်ထံမေတ္တာရပ်ခံတောင်းဆိုခဲ့သော်လည်း အချိန်နောက်ကျမှ ပြန်ကြားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Source : http://ift.tt/2qpNOtx
via IFTTT
Source : http://ift.tt/2qpNOtx
via IFTTT
Thursday, May 25, 2017
Ministry of Religious Affairs
အမရဘဏ်နှင့်ပတ်သက်၍ ရှင်းလင်းချက် ဘာသာရေး၊ လူမှုရေးအစွန်းရောက်အဖွဲ့အစည်းတစ်ခုအား ထောက်ပံ့သောငွေများသည် ပုဂ္ဂလိက ဘဏ်အချို့နှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ၂၀၁၆ ခုနှစ်၊ ဇူလိုင်လဆန်းတွင် သတင်းများထွက်ပေါ် ခဲ့ပါသည်။ သို့ဖြစ်၍ ပုဂ္ဂလိကဘဏ်များတွင် ဘာသာရေး/လူမှုရေးအဖွဲ့အစည်းများ အပ်နှံထားငွေ များကို ဗဟိုဘဏ်မှတစ်ဆင့် ဤဝန်ကြီးဌာနက စုံစမ်းမေးမြန်းခဲ့ပါသည်။ ဤဝန်ကြီးဌာနသို့ ပြန်ကြား ခဲ့သည့်အချက်အလက်များအရ သတင်းရရှိသည့် ငွေပမာဏနှင့်ကွဲလွဲမှုများ ရှိနေခဲ့ပါသည်။ ၂၀၁၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့၊ ဆန္ဒပြပွဲနှင့်ပတ်သက်၍ သတင်းထောက်များက ဆန္ဒပြပွဲ ဖြစ်မြောက်အောင် စီစဉ်သူများထံသို့ ငွေကြေးထောက်ပံ့မှု အကြောင်းအရာအား မေးမြန်းရာတွင် အမရဘဏ်ကို ဥပမာပြု၍ ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဤဝန်ကြီးဌာနအနေဖြင့် ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ၏ ဘဏ်အသီးသီးတွင် အပ်နှံငွေများနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်သို့ မေလ ၂ ရက်နေ့တွင် မေးမြန်းခဲ့ရာ ယနေ့အချိန်ထိ သတင်းအချက်အလက်ပြန်ကြားမှု မရရှိသေးပါ။ သတင်းထောက်များအား ဖြေကြားရာတွင် စိတ်ဆန္ဒစောစွာဖြင့် အမရဘဏ်အမည်ကို ဥပမာပေး ပြောကြားခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်၍ ဘဏ်တာဝန်ရှိသူများထံသို့ ၂၅-၅-၂၀၁၇ ရက်နေ့တွင် တောင်းပန် ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်။ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန http://ift.tt/2rTPgGK
Source : http://ift.tt/2rTPgGK
via IFTTT
Source : http://ift.tt/2rTPgGK
via IFTTT
7Day TV
"အမျိုးသားကျန်းမာရေး စီမံကိန်းအရ အစိုးရက ဘာတွေလုပ်ပေးတော့မလဲ" လာမယ့် စက်တင်ဘာလကစပြီး ရန်ကုန်မြို့ရဲ့ မြို့နယ်(၁၀)မြို့နယ်ကို ဦးစားပေးအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုလုပ်ဆောင်တော့မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ အမျိုးသား ကျန်းမာရေး စီမံကိန်းအရ တစ်နိုင်လုံးမှာရှိတဲ့မြို့နယ်(၃၂၉)မြို့နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီနှစ်ကစလို့ အကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။ အခုလုပ်ဆောင်မယ် ့ဦးစားပေးမြို့နယ်တွေကတော့ တောင်ဒဂုံမြို့နယ်၊မြောက်ဒဂုံ မြို့နယ်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံ၊ဆိပ်ကြီး ခနောင်တို၊ကွမ်းခြံကုန်းနဲ့ဒလမြို့နယ်တွေပဲဖြစ်ပါတယ်။ ဒီမြို့နယ်တွေမှာ ကျေးလက်ကျန်းမာရေးဌာန(၁)ခု၊ ဌာနခွဲ(၄)ခုကို အသစ်တည်ဆောက်ပေးမယ်လို့ သိရပါတယ်။ ဆေးရုံ ငါးခု Self Centerအခု(၂၀)ပြုပြင်သွားဖို့ရှိတယ် ဆေးရုံတွေမှာ လိုအပ်တဲ့ဆေး၀ါးတွေဖြည့်ပေးဖို့လဲ အဆင်သင့်ဖြစ်နေပါပြီ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ၀င်းလွင်က ပြောပါတယ်။ ဒီညီလာခံကိုကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနက တာ၀န်ရှိသူတွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအပြင်ပြည်သူတွေလဲ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဒီညီလာခံကရရှိလာတဲ့ဆွေးနွေးချက် ရလဒ်တွေကို National Health Plan( အမျိုးသား ကျန်းမာရေးစီမံကိန်း)ရေးဆွဲရာမှာထည့်သွင်းနိုင်ဖို့အတွက်ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနကိုတင်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်။ National Health Plan(အမျိုးသားကျန်းမာရေးစီမံကိန်း)ဟာ ၂၀၁၇ခုနှစ်ကနေ ၂၀၂၁ခုနှစ်ထိ ငါးနှစ်တာစီမံကိန်းဖြစ်ပါတယ်။ ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး
Source : http://ift.tt/2qYv1aP
via IFTTT
Source : http://ift.tt/2qYv1aP
via IFTTT
“ဘယ်သူ ဓမ္မလဲ၊ အဓမ္မလဲဆိုတာ သမိုင်းက အဆုံးအဖြတ်ပေးလိမ့်မယ်”သူရဦးအောင်ကို (ရုပ်သံ) - DVB
“ဘယ်သူ ဓမ္မလဲ၊ အဓမ္မလဲဆိုတာ သမိုင်းက အဆုံးအဖြတ်ပေးလိမ့်မယ်” သူရဦးအောင်ကို (ရုပ်သံ) အစွန်းရောက် ဘာသာရေးအဖွဲ့အစည်းတွေကို လှုပ်ရှားနိုင်ဖို့ ထောက်ပံ့တဲ့ ငွေကျပ် သန်း ၅ ထောင်ခန့်ရှိတယ်လို့ သတင်းတွေရထားပြီး ရာနှုန်းပြည့် အတည်ပြုလို့မရသေးဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောပါတယ်။ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာမှာ မေ၂၄ရက် မနက် က ကျင်းပတဲ့၂၁ရာစုပင်လုံညီလာခံကို တက်ရောက်လာတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာတွေရဲ့ မေးမြန်းချက်တွေ ပြန်လည်ဖြေကြား တာပါ။ ၀န်ကြီး သူရဦးအောင်ကိုရဲ့ ပြောကြားချက်အပြည့်အစုံ… “ဇူလိုင်လတုန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်က မဘသအဖွဲ့နဲ့ပတ်သက်ပြီး သူ့သဘောထား ပြောလိုက်တဲ့အခါမှာ မဘသအဖွဲ့ရဲ့ တက်ကြွလှုပ်ရှားတဲ့ ရဟန်းတော်တပါးက ဝန်ချတောင်းပန် ရမယ်တဲ့။ ကာယကံရှင်ကလည်း ဝန်ချတောင်းပန်ရမယ်တဲ့။ အန်အယ်လ်ဒီပါတီကလည်း ဝန်ချ တောင်းပန်ရမယ်တဲ့။ အန်အယ်လ်ဒီအစိုးရကလည်း ဝန်ချတောင်းပန်ရမယ်တဲ့။ မတောင်းပန်ခဲ့ရင် တပတ်အတွင်း တနိုင်လုံး လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မယ်လို့ ပြောတယ်။ ရာဇသံပေးခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။ အဲဒီအခါမှာ ကျနော်ကလည်း ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ နောက်တခါ အစ္စလာမ်ဘာသာရဲ့ ဥပုသ်လ ထွက်တဲ့အခမ်းအနား တက်ပြီးတဲ့အခါမှာ သတင်းမီဒီယာတွေက မေးတဲ့အခါမှာ အဲဒါ သည် ပြောဆိုတဲ့ပုဂ္ဂိုလ်ရဲ့ အာဘော်သာ ဖြစ်တယ်။ ပါတီရဲ့အာဘော်လည်း မဟုတ်ဘူး။ အစိုးရရဲ့ အာဘော်လည်း မဟုတ်ဘူး။ ထို့ကြောင့် ဘာမှ ဝန်ချတောင်းပန်စရာ မလိုဘူးလို့ ဝင်ပြီး ဖြေရှင်းခဲ့ပါတယ်။ အဲဒီဖြေရှင်းမှုကို နှစ်ဖက်လုံးက လက်ခံခဲ့တယ်။” “သို့သော် ပြန်တွေးစရာက တနိုင်ငံလုံး လမ်းပေါ်ထွက်စေရမယ်ဆိုတာက တနိုင်ငံလုံးပေါ့။ အောက်ခြေလူတန်းစားအဖို့ လမ်းပေါ်ထွက်နိုင်စေတဲ့ တွန်းအားသည် တခုပဲ ရှိတယ်။ အဲဒါ ငွေအသပြာပဲ ဖြစ်တယ်။ အဲဒီတုန်းကတော့ နေ့တွက်စရိတ်က ၅၀၀၀ ဈေးနှုန်း ပေါက်နေပါတယ်။ နောက် ၁ သောင်း။ အခုဆိုရင် နေပြည်တော်မှာ လာဆန္ဒပြတဲ့ပွဲဆိုရင် ၃ သောင်းအထိ ပေးပါတယ်။ ၂ သောင်း ပေးတယ်။ ၃ သောင်း ပေးတယ်။ အဲဒီလောက်အထိ ပေးပါတယ်။ လူ သောင်းနဲ့ချီ ဆန္ဒပြရင် သိန်းထောင်ချီ ကုန်မယ်။ ဒီငွေတွေ ဘယ်က ရလဲ။” “အဲဒီ ၂၀၁၆ တုန်းကလည်း ဒီငွေတွေ ဘယ်က ရလဲ ကျနော်တို့ တွေးပါတယ်။ တွေးလို့မို့ ကျနော့် လက်လှမ်းမီသလောက် ကိုယ်ပိုင်အတွေးလေးနဲ့ပဲ ကျနော် စာရေးပါတယ်။ ဗဟိုဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတဲ့ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းတွေ အပ်နှံထားတဲ့ အပ်နှံငွေစာရင်းကို ဆောလျင်စွာ စိစစ်ပြီး ပြန်ကြားပေးရန် မေတ္တာရပ်ခံပါသည် ဆိုပြီး ဗဟိုဘဏ်ကို တောင်းခဲ့ပါတယ်။ တောင်းတဲ့အခါမှာ ဗဟိုဘဏ်က အချိန်နောက်ကျမှ ပြန်ပါတယ်။ အဲဒီကာလအတွင်းမှာ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်လုံးလုံး အရပ်သတင်းတွေ ထွက်လာပါတယ်။ အမရာဘဏ်မှာ အပ်ထားတဲ့ ငွေတွေကို နေ့ရော ညရော စနေရော တနင်္ဂနွေရော ထုတ်ပြီး ဖြန့်ခွဲလိုက်ကြတယ်တဲ့။ အမရာဘဏ်မှာ အပ်တဲ့ငွေတွေကို ပြောပါတယ်။ အမရာဘဏ်ကို ဘယ်သူ တည်ထောင်လဲဆိုတာ အားလုံး သိပြီးသားဖြစ်မှာပါ။ ကျနော် အထူး မပြောလိုပါဘူး။ အဲဒီလို သတင်းတွေ ထွက်ခဲ့ပါတယ်။ သို့သော် နောက်ကျမှ ပြန်လာတဲ့ ဗဟိုဘဏ်ရဲ့သတင်းက ကျပ် သိန်းပေါင်း ၃ထောင်ခန့်သာ ဖြစ်ပါတယ်လို့ ပြန်ခဲ့ပါတယ်။ ဒါလည်း သူလည်း ဝတ္တရားကျေပဲသဘော ရှိပါတယ်။” “အခုလည်း နေပြည်တော်လာပြီးတော့မှ လူသောင်းနဲ့ချီ ဆန္ဒပြမယ်၊ ဒီအတွက်ကို သန်း ထောင်ချီ သုံးရမယ်။ ဒီငွေတွေ ဘယ်ကရလဲဆိုပြီး ဗဟိုဘဏ်ကို ထပ်မေးတယ်။ ဗဟိုဘဏ်က ဟိုတုန်းက လည်း ပြန်ခဲ့တာ ဝတ္တရားကျေ ပြန်ခဲ့တာ။ အခု ထပ်ပြီးတော့ ဒီစာရင်းကို ပြန်ပေးပါဦးလို့ တောင်းခဲ့တာသည် ရက်သတ္တပတ် ၃ ပတ်ခန့် ရှိခဲ့ပါပြီ။ ကနေ့အထိ ပြန်မလာပါဘူး။ ဗဟိုဘဏ် ကတော့ ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းတဲ့သဘောနဲ့ တောင်းဆိုတဲ့အခါမှာ ကနေ့အထိ ပြန်မလာပါဘူး။ မနေ့ကပေါ့။ ပြန်မလာဘူးဆိုတော့ နိုင်ငံတော်သမ္မတရုံးကို စာတင်ထားပါတယ်။ ၂၀၁၆ ခုနှစ်ကရတဲ့ သတင်းအရဆိုရင်တော့ အဲဒီအစွန်းရောက် ဘာသာရေးအဖွဲ့အစည်းတွေကို လှုပ်ရှားနိုင်ဖို့ ထောက်ပံ့သည့်ငွေသည် သန်း ၅ ထောင်ခန့် ရှိသည်လို့ သတင်းတွေရပါတယ်။ ရာနှုန်းပြည့် အတည်ပြုလို့မရပါဘူး။ သတင်းပေးတဲ့ပုဂ္ဂိုလ်က သတင်းပေးပါတယ်။ ပေးလို့လည်း ဘဏ်တွေကို ငွေစာရင်းတွေ လိုက်တောင်းခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ပုဂ္ဂလိကဘဏ်ရော၊ ဗဟိုဘဏ်ရော အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့လို့ ဒါတွေကို အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိပါဘူး။ သိန်း ၃ ထောင်ဆိုတာနဲ့ပဲ လက်ခံလိုက်ရပါတယ်။ သိန်း ၃ထောင် မကပါဘူး။” “အခုလည်း မရလို့မို့ သမ္မတရုံးကို စာတင်ထားပါတယ်။ ဒါတွေမှာ အခုကြည့်လိုက်ရင် ပြန်ကြည့် လိုက်ပါ။ မကွေးတိုင်းကို ပြန်ကြည့်လိုက်ပါ။ သန်း ၅ ထောင်၊ ၆ ထောင်မက ပေါ်လာတယ်။ ပြီးခဲ့တဲ့ အစိုးရ မလွှဲပြောင်းခင်မှာ မကွေးတိုင်း ကြည့်လိုက်၊ သန်း ၆ ထောင်မက ငွေတွေ အခု ဘယ်ရောက်သွားသလဲ။ နောက်ထပ် ပေါ်လာမယ့်ဟာတွေ ပြည်နယ်နဲ့တိုင်း အားလုံးမှာ ရှိနေ ပါသေးတယ်။ ဘယ်အဖွဲ့အစည်းကလည်း၊ ဘယ်အစိုးရလက်ထက်ကလဲ။ နောက်ထပ် ပေါ်လာဖို့ အများကြီး ရှိပါသေးတယ်။ ဒါတွေ ပြည်သူတွေကသာ ဝိုင်းဝန်းဖော်ထုတ်မယ်ဆိုရင် အဲဒီ ပြည်သူ့ ဘဏ္ဍာတွေကို တရားမဝင်ဘုန်းထားတဲ့ ငွေစာရင်းတွေအားလုံးဟာ ပြည်နယ်၊ တိုင်း အားလုံးမှာ ပေါ်လာမှာ ဖြစ်ပါတယ်။” “အဲဒီအချိန်မှာ အခု စွပ်စွဲနေသလို လက်ရှိအစိုးရက ဗုဒ္ဓဘာသာ အားမပေးဘူး၊ အခြား ဘာသာရေး အားပေးတယ်။ ဗုဒ္ဓဘာသာကို ဖိနှိပ်တယ်။ ဘာဖြစ်တယ် ညာဖြစ်တယ်စွပ်စွဲနေတယ် ဆိုတာတွေက တကယ်တော့ အဓမ္မဝါဒီတွေက စွပ်စွဲနေတာ ဖြစ်ပါတယ်။ ခုနပြောခဲ့တဲ့ နိုင်ငံကို ပေါ့လေ အာဏာရှင်စနစ်ဆီကို နောက်ကြောင်းပြန်လှည့်ချင်တဲ့ လူပုဂ္ဂိုလ်တစု၊ အဖွဲ့အစည်း တခုက ထောက်ပံ့ငွေတွေနဲ့ ထောင်လွှားနေတဲ့ ပုဂ္ဂိုလ်တွေပြောတဲ့စကား ဖြစ်ပါတယ်။ ဘယ်သူ သည် ဓမ္မလဲ၊ ဘယ်သူသည် အဓမ္မလဲဆိုတာ သမိုင်းက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။” http://ift.tt/2rivJmb
Source : http://ift.tt/2rivJmb
via IFTTT
Source : http://ift.tt/2rivJmb
via IFTTT
The Voice
ငွေစက္ကူအတုများကို အကြောင်းပြု၍ ဘဏ်ဝန်ထမ်းအချို့က ငွေစက္ကူများကို ကိုယ်တိုင်ဖျက်ဆီးခြင်း၊ အခြားသော ဌာနများကလည်း ငွေစက္ကူအပေါ်တွင် ရေးခြစ်ခြင်းများ ပြုလုပ်နေသောကြောင့် ယင်းဖြစ်ရပ်တို့ကို ဗဟိုဘဏ်ဥပဒေအရ တားမြစ် အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ေငွကြေး/စီမံဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက ပြောကြားသည်။ လတ်တလောတွင် ဘဏ်များရှိ ဘဏ်ဝန်ထမ်းအချို့က ငွေစက္ကူအတုဟုဆိုကာ ရဲစခန်းသို့ အကြောင်းမကြားဘဲ ကိုယ်တိုင် ဖျက်ဆီးခြင်းနှင့် အချို့သောမြို့ နယ်လျှပ်စစ်ရုံးများတွင် မီတာဆောင်ရာ၌ ကျပ်တစ်သောင်းတန် ငွေစက္ကူဆိုပါက ယင်းငွေစက္ကူပေါ်တွင် ငွေပေးသွင်းသူ၏ နေရပ်လိပ်စာနှင့် မှတ်ပုံတင်နံပါတ် ရေး မှတ်ခြင်းစသည့် ကိစ္စရပ်များ ဖြစ်ပေါ်နေသဖြင့် The Voice က ဆက်သွယ်မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ “ဒါတွေကိုမလုပ်ဖို့ အစတည်းက အမိန့် ထုတ်ထားပြီးသား။ ငွေစက္ကူအတု ဖျက်တယ်ဆိုတာ ဥပဒေအရ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ၂ နှစ်ဖြစ်စေ အရေးယူလို့ရတယ်။ အခုက ဒါတွေကို တားမြစ်ဖို့ လုပ်မှာပါ”ဟု ၎င်းက ရှင်းပြပြောဆိုသည်။ လျှပ်စစ်ရုံးမှ တာဝန်ရှိသူများကိုလည်း ငွေစက္ကူအပေါ်တွင် ရေးမှတ်ခြင်း မပြုဘဲ အခြားစာရွက်ဖြင့် ရေးမှတ်ကြရန် ပြောဆိုထားပြီးဖြစ်ကြောင်း၊ ငွေစက္ကူ အတုကိစ္စနှင့် ပတ်သက်၍ ငွေကြေးဈေးကွက်ကို မထိခိုက်နိုင်သည့်အပြင် ပြင်ပ၌လည်း ဘီလီယံနှင့်ချီ၍ ငွေစက္ကူအတုများ ပျံ့နှံ့နေခြင်း မရှိသောကြောင့် စိုးရိမ်ဖွယ်ရာ မရှိကြောင်း ဦးအောင်ကျော်သန်းက ပြောကြားသည်။ ထို့ပြင် ကျပ်ငါးထောင်တန်၊ ကျပ်တစ်သောင်းတန် ငွေစက္ကူများကိုလည်း အတုအပလိုက်ထုတ်၍ မရစေရန် လုံခြုံရေးအပိုင်း အဆင်မြှင့်ထားသည့် ငွေစက္ကူများကို ဘဏ်များမှတစ်ဆင့် ဖြည်းဖြည်းချင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။ အချို့ဘဏ်များမှာ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ငွေစက္ကု အတုများကို ဖျက်စီးနေခြင်းများ ရှိသဖြင့် ဗဟိုဘဏ်က ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ရတနာဘဏ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ဘဏ်က ပိုက်ဆံအတု တွေ့ပြီဆိုရင် CID (မှုခင်းရဲတပ်ဖွဲ့) ကို အပ်ရတာပါ။ အဲဒါ သူတို့က အပေါက် ငါးပေါက်ဖောက်ပြီး လုပ်ပစ်တာ။ သူတို့ အရေးယူမယ်ဆိုတာ ကောင်းပါတယ်။ အဲဒါမှ နောက်ကြောင်းကို လိုက်လို့ရမှာပါ”ဟု ၎င်းက ပြောဆိုသည်။
Source : https://goo.gl/L6n7ze
via IFTTT
Source : https://goo.gl/L6n7ze
via IFTTT
The Voice
အေဂျက်နှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပါလိဂ်ဗိုလ်လုပွဲ ရုပ်သံ Highlights မှတ်တမ်း
Source : http://ift.tt/2qRiDuH
via IFTTT
Source : http://ift.tt/2qRiDuH
via IFTTT
Wednesday, May 24, 2017
The Voice
ဘားအံတွင် စိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး .................................... ဘားအံမြို့မှာရှိတဲ့ ကျေးရွာ ၇၆ ရွာမှ တောင်သူလယ်သမား ၄၃၇၂ ဦးအတွက် စိုက်ပျိုးစာရိတ် ချေးငွေများကို မေလ ၂၃ ရက်နေ့မှာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ဘားအံဘဏ်ခွဲကနေ စတင် ထုတ်ချေးခဲ့ပါတယ်။ ဒီသတင်းကို ကြည်ကြည်လွင်က တင်ဆက်ပေးပြီး စောကျော်ဌေးက ပေးပို့ထားပါတယ်။
Source : http://ift.tt/2qjT8i2
via IFTTT
Source : http://ift.tt/2qjT8i2
via IFTTT
Tuesday, May 23, 2017
Eleven Broadcasting
တတိယကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းညီလာခံ နောက်ဆုံးနေ့တွင် အချက် ၆ ချက်ပါ သဘောထားကြေညာချက် ထုတ်ပြန် (ရုပ်သံ) ရှမ်းပြည်နယ်၊ ဟိုပုံးမြို့မှာ သုံးရက်ကြာပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းညီလာခံ နောက်ဆုံးနေ့မှာ အချက် ၆ ချက်ပါ သဘောထားကြေညာ ချက် ထုတ်ပြန်ခဲ့ပါတယ်။
Source : http://ift.tt/2qcp8Wd
via IFTTT
Source : http://ift.tt/2qcp8Wd
via IFTTT
တာလေချောင်းတွင် တရားမဝင် ရွှေတူးဖော်နေမှု လွှတ်တော်၌ တင်ပြမည် ကျိုင်းတုံ၊ မေ ၂၃ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် တာလေမြို့ရှိ တာလေချောင်း တစ်လျှောက်တွင် ရွှေဖောင်များဖြင့် တရားမဝင် ရွှေတူးဖော်နေခြင်းကို အရေးယူ ဖြေရှင်းပေးရန် ဇွန်လ ၆ ရက်နေ့၌ ကျင်းပမည့် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း တာချီလိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောကြားသည်။ “ချောင်းတစ်လျှောက်မှာက ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ ရွှေဖောင်တွေ အပါအဝင် ဒေသအသီးသီးကနေ လာရောက်လုပ်ကိုင်နေသူတွေရဲ့ ရွှေဖောင် ၁၀၀ ကျော် ရှိနေတယ်။ စွန့်ပစ်မြေစာတွေကြောင့် ချောင်းက ကောသွားတော့မယ်။ ဒါတွေကို အရေးယူ ဆောင်ရွက်ပေးမှာလား၊ တရားဝင်နည်းလမ်းနဲ့ လုပ်ကိုင်ခွင့်ပြုမှာလား ဆိုတာကို တင်ပြဆွေးနွေးမယ်” ဟု ၎င်းက ဆိုသည်။ တာလေမြို့အနီးဝန်းကျင်ရှိ တောင်ကုန်းများနှင့် ချောင်းတစ်လျှောက်တွင် ၂၀၁၀ ပြည့်နှစ် ဝန်းကျင်က စတင်၍ တရုတ်နိုင်ငံသားများ အပါအဝင် ရွှေတူးဖော်မှု လာရောက်လုပ်ကိုင်သူများစွာ ရှိပြီး တောင်ကုန်းများတွင် စက်ယန္တယားများဖြင့် တူးဖော်ကာ စွန့်ပစ်မြေစာများကို ချောင်းအတွင်း စည်းကမ်းမဲ့စွန့်ပစ်နေကြောင်း၊ ဒေသခံများ အနေနှင့်လည်း လယ်ယာမြေ လုပ်ကိုင်ခွင့်များ လျှောက်ထားပြီး ရွှေတူးဖော်မှု လုပ်ကိုင်နေကြောင်း ယင်းမြို့ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်က တာချီလိတ်ခရိုင် အတွင်းရှိ တာလေမြို့တွင် ရွှေတူးဖော်မှုလုပ်ငန်းများ စတင်ခွင့်ပြုခဲ့ရာ ကုမ္ပဏီ ၂၅ ခုကို ရွှေလုပ်ကွက်ပေါင်း ၄၃ ခု လုပ်ကိုင်ခွင့် ပြုထားကြောင်း ကျိုင်းတုံမြို့ အမှတ် (၂) သတ္တုလုပ်ငန်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာဝန်ခံရုံးထံမှ သိရသည်။
Source : https://goo.gl/KilmyP
via IFTTT
Source : https://goo.gl/KilmyP
via IFTTT
Kumudra
မော်လမြိုင်ကစားသောက်ဆိုင်ဖျက်ဆီးခံရတဲ့ ကိစ္စ အနုကြမ်းစီးခံရတာမဟုတ် ရန်ကုန်၊မေလ ၂၂။ ။ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်မှာရှိတဲ့ တော်၀င်ပန်းစားသောက်ဆိုင် ည၈ နာရီက အနုကြမ်းစီးခံရတာမဟုတ်ဘဲ မိသားစု ပိုင်ဆိုင်မှုနဲ့ပတ်သတ်ကာ အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ကာရံထားတဲ့ ခြံစည်းရိုးတွေကို ဖျက်ဆီးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ “ ဆိုင်ပိုင်ရှင်လင်မယားက တရား၀င်ကွာရှင်းထားတာမကြာသေးဘူးလို့သိရတယ်။ တရား၀င်ကွာရှင်း ထားပေမယ့် ပိုင်ဆိုင်တဲ့ ပစ္စည်း၊ဥစ္စာတွေက မခွဲရသေးဘူး။ယောက္ခမ(ဟောင်း) ကလည်း သမက်(ဟောင်း) ကို ဆိုင်ခန်းထဲ၀င်ခွင့်မပေးဘူး။ မိန်းမကလည်း ၀င်ခွင့်မပေးတဲ့အတွက် မိန်းမနဲ့ယောက္ခမ အပြင်သွားတဲ့အချိန်မှာ အမျိုးသားက ဆိုင်ခန်းထဲ၀င်ထိုင်တယ်။ မိန်းမနဲ့ယောက္ခမကပြန်လာတော့ ပြသာနာဖြစ်ကြပြီး ယောက္ခမနဲ့မိန်းမက ကာထားတဲ့ ခြံစည်းရိုးတွေကို ဖျက်ဆီးခဲ့တာဖြစ်ပါတယ်”လို့ ဇေယျာသီရိနယ်မြေရဲစခန်းက တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။ သူတို့ မိသားစုအတွင်းပြသာနာနဲ့ပတ်သက်ပြီး မော်လမြိုင်တရားရုံးမှာလည်း အမှုဖွင့်ထားတာတွေလည်း အများကြီးရှိပါတယ်လို့သူကဆက်ပြောပါတယ်။ အဆိုပါဖြစ်ရပ်ဟာမေလ ၂၁ ရက်နေ့ ည၈နာရီကဖြစ်ပွားခဲ့တာဖြစ်ပြီး တော်၀င်ပန်းစားသောက် ဆိုင် အနုကြမ်းစီးလုယက်ခံရတယ်လို့ ဖေ့ဘုတ်မှာသတင်းတွေ ပျံ့နှံ့ခဲ့ပြီး လူအများက ထိတ်လန့်ခဲ့ကြရပါတယ်။ တော်၀င်ပန်းစားသောက်ဆိုင်ခြံစည်းရိုး ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး ဆိုင်ရှင်အမျိုးသား ဦးပန်းဦး(ခ)သန်းဦးက ဇေယျာသီရိရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့လည်းသိရပါတယ်။ ဇေယျာသီရိနယ်မြေရဲစခနး်က ဦးပန်းဦး(ခ)သန်းဦးရဲ့ဇနီးနဲ့ယောက္ခမကို (ပ)၁၂၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၅၃နဲ့အမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါတယ်။ Author နှင်းနှင်း
Source : http://ift.tt/2rvHh5e
via IFTTT
Source : http://ift.tt/2rvHh5e
via IFTTT
The Irrawaddy - Burmese Edition
တရုတ် ကြားဝင်ညှိနှိုင်းမှုကြောင့် မြောက်ပိုင်း ၇ ဖွဲ့ ငြိမ်းချမ်းရေး ညီလာခံ တက်မည် “ဝ” ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ဦးဆောင်သည့် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့သည် တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ နေပြည်တော်တွင် မေလ ၂၄ ရက်တွင် စတင်ကျင်းပမည့် ၂၁ ရာစုပင်လုံ တက်ရောက်ရန်အတွက် အဆိုပါ ၇ ဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့မှတဆင့် နေပြည်တော်သို့ တရုတ်အစိုးရက စီစဉ်ပေးသည့် လေယာဉ်ဖြင့် မေလ ၂၃ ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိလာကြောင်း ဧရာဝတီက စုံစမ်းသိရသည်။ ၂၁ ရာစု ပင်လုံ တက်ရောက်ရေးအတွက် လျစ်လျူရှုခံထားရသည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်- ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) တို့လည်း မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့နှင့်အတူ ပါဝင်ကြောင်း အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများက ဆိုသည်။ ညီလာခံသို့ TNLA က တက်ရောက်မည်ဖြစ်ကြောင်း မေလ ၂၃ ရက် နေ့စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ ၎င်းတို့အဖွဲ့ထံသို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က မေလ ၂၂ ရက် ညနေပိုင်းက ဖိတ်ကြားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုထုတ်ပြန်ချက်တွင် “ ရပ်တန့်ပိတ်ဆို့နေသည့် မြန်မာပြည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လမ်းစပွင့်ရန်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မေတ္တာရပ်ခံချက်ကို အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ထိုညီလာခံအစည်းအဝေးသို့ FPNCC ကော်မတီ (ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ) နှင့်အတူ မိမိတို့တက်ရောက်ပါမည်” ဟု ဖော်ပြထားသည်။ မြောက်ပိုင်း ၇ ဖွဲ့သည် ၂၁ ပင်လုံ ညီလာခံ တက်ရောက်ရေးအတွက် ကူမင်းမြို့ကို မေလ ၂၂ ရက်ကတည်းက ရောက်ရှိနေကြသော်လည်း နေပြည်တော်၏ ခွင့်ပြုချက်ကိုု စောင့်ဆိုင်ခဲ့ရကြောင်း သိရသည်။ ထိုသို့ စောင့်ဆိုင်းနေစဉ် နေပြည်တော်၌ တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) က တပ်မတော်ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယနေ့နံနက်ပိုင်း၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေး လုပ်ငန်းစဉ်ကို အဓိကထား ဆွေးနွေးကြကြောင်း သိရသည်။ ၂၁ ရာစု ပင်လုံသို့ တက်ရောက်မည့် ၇ ဖွဲ့တွင် UWSA အပါအဝင် အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်- မိုင်းလား တပ်ဖွဲ့ (NDAA)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နှင့် MNDAA၊ TNLA၊ AA တို့ ပါဝင်ကြောင်း သိရသည်။ မြောက်ပိုင်း ၇ ဖွဲ့က ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရေးအတွက် MNDAA၊ TNLA နှင့် AA တို့ကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုရန်၊ ၂၁ ရာစု ပင်လုံအစည်းအဝေးတွင် ၎င်းတို့ အမြင်သဘောထားများကို ဆွေးနွေးဖလှယ်ခွင့်ပေးရန်နှင့် အစည်းအဝေးသို့ တက်ရောက်လာသော ခေါင်းဆောင်ကိုယ်စားလှယ်များကို လုံခြုံရေး အကာအကွယ်ပေးရန် စသည့် အချက်သုံးချက်ကို တရုတ်အစိုးရ၏ ကြားဝင်ညှိနိုင်းပေးမှုမှတဆင့် တောင်းဆိုခဲ့ကြောင်း သိရသည်။ ထိုတချိန်တည်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင်များက ၂၁ ရာစု ပင်လုံတက်ရောက်နိုင်ရေးအတွက် ဆွေးနွေးနေကြသည်။ UNFC တပ်ပေါင်းစုတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်သည်။
Source : https://goo.gl/fiYJip
via IFTTT
Source : https://goo.gl/fiYJip
via IFTTT
The Voice
ကုန်သွယ််မှုဆိုင်ရာ ငွေပေးသွင်းမှုများ MPU ကတ်စနစ်ဖြင့် ဆောင်ရွက်မည် ရန်ကုန်၊ မေ ၂၂ သီလဝါ အထူးစီးပွားရေးဇုန်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့တွင် ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုများ ပြုလုပ်ရာ၌ MPU ကတ်စနစ်ဖြင့် စတင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။ “ဇွန်လမှာ ကတ်နဲ့စလုပ်မယ့် နေရာတွေက ရန်ကုန်၊ နေပြည်တော်၊ မူဆယ်၊ မြဝတီ လေးနေရာ ဖြစ်တဲ့အတွက် MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်) တို့၊ SEZ (သီလဝါ) တို့ ပါလာတာပါ။ ကုမ္ပဏီ မှတ်ပုံတင်ကြေးပေးတာတို့၊ လိုင်စင်ကြေး လျှောက်တာတို့ကို ကတ်နဲ့ငွေချေနိုင်အောင် ဆောင်ရွက်ထားပါတယ်” ဟု ၎င်းက ဆိုသည်။ ယခင်က ကုန်သွယ်ရေးဦးစီးဌာန၌ လိုင်စင်ကြေးပေးသွင်းခြင်း၊ မှတ်ပုံတင်ကြေး ပေးသွင်းခြင်း၊ စီးပွားရေး အကျိုးဆောင်လုပ်ငန်းရှင် မှတ်ပုံတင်ကြေး ပေးသွင်းခြင်း စသည့် နိုင်ငံတော်သို့ ပေးသွင်းငွေများ ပေးသွင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားများဘဏ်တွင် ငွေစာရင်းဖွင့်ပြီး သူများကိုသာ e-Payment စနစ်ဖြင့် လက်ခံခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ လက်ရှိတွင် ဘဏ်တစ်ခုတည်းကို ခွင့်ပြုထားခြင်းအစား မြန်မာနိုင်ငံတွင်ရှိသော ဘဏ် ၂၃ ခုနှင့် ချိတ်ထားသည့် Myanmar Payment Union (MPU) စနစ်ကို ခွင့်ပြုပေးမည့်အတွက် လွယ်ကူလျင်မြန်စွာ ငွေပေးချေမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။ ယခင်အစိုးရလက်ထက်တွင် MPU ကတ်စနစ်ကို စတင်အကောင်အထည်ဖော်နိုင်သည့် အတွက် လက်ရှိအချိန်တွင် လစာများကို ကတ်နှင့် ထုတ်နိုင်နေပြီ ဖြစ်ကြောင်း၊ ယခုထပ်မံ၍ အစိုးရသို့ ငွေပေးချေသည့် လုပ်ငန်းများတွင် ကတ်များနှင့် ငွေပေးချေသည့်အတွက် ပိုမို၍ အဆင်ပြေလာမည် ဖြစ်ကြောင်း ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင် ဦးစိုးမြင့်က ပြောဆိုသည်။ “ကတ်နဲ့ ငွေပေးချေတာ တွင်ကျယ်ဖို့ အစိုးရကပါ လုပ်လာတာ ထင်တယ်။ ဒါပေမဲ့ မကြာခဏ လိုင်းပြတ်တာတွေ ဖြစ်နေတော့ ဆက်သွယ်ရေးစနစ်ကို ကောင်းအောင်လုပ်ဖို့ လိုမယ်” ဟု ၎င်းက ဆိုသည်။
Source : https://goo.gl/25xrp1
via IFTTT
Source : https://goo.gl/25xrp1
via IFTTT
မြကျွန်းသာ အပန်းဖြေဥယျာဉ်နှင့် ပတ်သက်၍ Master Plan ရေး ဆွဲနေပြီး လက်ရှိ ဆောက်လုပ်ထားသော အဆောက်အအုံ များကို ပြန်လည်ပြင်ဆင် တည်ဆောက်စေမည် --- --- --- မြကျွန်းသာ အပန်းဖြေဥယျာဉ်နှင့် ပတ်သက်၍ Master Plan ရေး ဆွဲနေပြီး လက်ရှိ ဆောက်လုပ်ထားသော အဆောက်အအုံ များကို ပြန်လည်ပြင်ဆင် တည်ဆောက်စေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး မြို့တော်၀န် ဦးမောင်မောင်စိုးက မေလ ၂၂ ရက် တိုင်း လွှတ်တော် အစည်းအ၀ေးတွင် ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအ၀ေး၌ ဆိပ်ကြီး ခနောင်တိုမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မြကျွန်းသာ အပန်းဖြေဥယျာဉ်တွင် ပုဂ္ဂလိက ကုမ္ပဏီများက ဆောက်လုပ်ထားသော စီးပွားဖြစ် အဆောက် အအုံများသည် စာချုပ်ပါ သတ်မှတ်ချက်နှင့်ကျော် လွန်၍ အထပ်ကျော် လွန် ဆောက်လုပ်ခြင်း၊ ကန်ရေပြင်နှင့် နီးစပ်စွာ ဆောက်လုပ်နေခြင်း များနှင့် ပတ်သက်၍ မေးမြန်းခဲ့မှုကို မြို့တော်၀န်က ပြန်လည်ဖြေကြား ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အအုံ ဆောက်လုပ်ခြင်းများနှင့် ပတ်သက်၍ ၂၀၁၇ ဇန်န၀ါရီက ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစည်းအ၀ေးတွင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီက Master Plan တစ်ခု ရေးဆွဲ၍ ပြန်လည်ပြင်ဆင် တည်ဆောက်စေရန် ဆုံးဖြတ် ခဲ့ကြောင်း မြို့တော်၀န် ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။ လက်ရှိ ဆောက်လုပ်ထားသော အဆောက်အအုံများသည် ကန်ရေပြင်နှင့် ပေ ၃၀ ခန့်ကွာရ မည်ဆိုသည့်အချက်ကို ကျော်လွန်၍ အချို့သည် ရေစပ်အထိကပ်ကာ ဆောက်လုပ်မှုများရှိနေပြီး စည်းကမ်းချက်များနှင့် လွဲချော်နေခြင်း နှင့် ပတ်သက်၍ ဒေါ်စန္ဒာမင်း၏ မေးမြန်းမှုကိုလည်း မြို့တော်၀န်က ‘‘ပေ ၃၀ က အနည်းဆုံးတော့ ကွာရပါလိမ့်မယ်။ ဖျက်လည်း ဖျက်ရပါလိမ့်မယ်။ ကြိုပြီးတော့ ပြောတာပါ။ ခွင့်လည်း ခွင့်မပေးပါဘူး။ နောက်တစ်ခုက အရှေ့နဲ့ အနောက်လည်း ပြောင်းရပါလိမ့်မယ်’’ဟု ဖြေကြားခဲ့သည်။ ထို့အတူ လက်ရှိအချိန်ထိ လုပ်ငန်းစတင်မှု မရှိသေးသည့် ကုမ္ပဏီများကို ပြန်လည် ရုပ်သိမ်းမည်မဟုတ်ဘဲ ရေးဆွဲထားသည့် MasterPlan အတိုင်း လိုက်နာနိုင်မည်ဆိုပါက လုပ်ငန်းလုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီသည် မြကျွန်းသာ ဥယျာဉ်အတွက် Master Plan ကို စတင် ရေးဆွဲနေပြီး၊ Master Plan ရေးဆွဲပြီးလျှင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြကာ အတည်ပြုချက်ရရှိပါက လွှတ်တော် ကိုယ်စားလှယ်များအား ပြောပြမည်ဟု လည်း ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။ ယခင်အစိုးရ လက်ထက် ၂၀၁၃ ဧပြီ ၁၀ ရက်တွင် စာချုပ်ချုပ်ဆို၍ နှစ် (၆၀) သက်တမ်းဖြင့် တစ်လလျှင် မြေတစ်ဧက ကျပ် ၁၀ သိန်းနှုန်းဖြင့် မြေအငှားချထား ပေးခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစတင်နေသော လုပ်ငန်း အများစုသည် စည်ပင်၏ မူလခွင့်ပြုချက် ပုံစံဖြင့် ကွဲလွဲကာ တည်ဆောက်နေခြင်း ကြောင့်ဟု ဆိုကာ ၂၀၁၆ မတ်လကစ၍ ဆောက်လုပ်ဆဲ လုပ်ငန်းများ ရပ်ဆိုင်းရန် တရား၀င်အသိပေး ညွှန်ကြားထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဇော်မင်းထွန်း The Ladies News http://ift.tt/2qJMuFd
Source : http://ift.tt/2qJMuFd
via IFTTT
Source : http://ift.tt/2qJMuFd
via IFTTT
Subscribe to:
Posts (Atom)