အသက်သွင်းနေပြီဖြစ်တဲ့ ရန်ကုန်တစ်ဖက်ကမ်း ဒလဘက်ခြမ်း အထူးစီးပွားရေးဇုန် ရန်ကုန်၊ မေ ၂၈ - ရန်ကုန်မြစ်ရဲ့တစ်ဖက်ကမ်း ဒလဘက် အခြမ်းမှာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် မဟာဗျူဟာ အထူးစီးပွားရေးဇုန်ဟာ စီမံကိန်းနဲ့ပတ် သက်ပြီး အကောင်အ ထည်ဖော်ဆောင်ရေးလုပ်ငန်းတွေကို စတင်နေပြီဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနိုင်ရေးအတွက် ရည်ရွယ်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံး မြို့နယ်ဖြစ်တဲ့ ဒလဘက်ခြမ်းကို မျက်နှာမူတည်ဆောက်သွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်အောက်တိုဘာ လကတည်းက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေကို ရှင်းလင်းပြောဆိုထားတာဖြစ်ပါတယ်။ အဲသည်စီမံကိန်းဟာ လာမယ့် ၂၀၁၈ ခုနှစ်မှာ အကောင်အထည် ဖော်မှာဖြစ်ပေမဲ့ လက်ရှိအချိန်ကတည်းက လမ်း၊ လျှပ်စစ်မီးစတာတွေ အတွက်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ မြစ်ကမ်းတစ်လျှောက်မှာ ရေနက်ဆိပ်ကမ်းတွေ၊ လေဆိပ်တွေနဲ့ ခေတ်မီအဆောက်အအုံတွေ၊ ပြည်သူတွေအပန်းဖြေနိုင်ဖို့နေရာ တွေကို ဖန်တီးတည်ဆောက်ပြီး စီးပွားရေးအတွက်အချက်အချာ ကျတဲ့မြို့အဖြစ်ပြောင်းလဲနိုင်ဖို့ အကောင်အထည်ဖော်ဆောင်မယ့် အဲသည်အထူးစီးပွားရေးဇုန်ထဲမှာ ဒလမြို့နယ်အပြင်ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်တွေလည်း ပါဝင်ပါတယ်။ လမ်းတံတား လောလောဆယ်မှာတော့ ဒလ၊ တွွွံတေး၊ ကော့မှူး၊ ကွန်းခြံကုန်း သွားရာလမ်းမတွေကို တိုးချဲ့ဖို့ သက်ဆိုင်ရာမြို့နယ်လွှတ်တော်ကိုယ် စားလှယ်တွေနဲ့ တာဝန်ရှိသူတွေက ဆောင်ရွက်နေကြပါတယ် လမ်းတံတားတည်ဆောက် ရာမှာ ရေရှည်တည်တံ့ခိုင်ခံ့ရေးအတွက် ရည်ရွယ်ပြီး အဲသည်လမ်းတစ်လျှောက်ကို ကနဦးစမ်းသပ်စစ်ဆေး မှု နှစ်ကြိမ်နီးပါးလုပ်ဆောင်နေကြပါတယ်။ လောလောဆယ်မှာတော့ တခြားနေရာတွေမှာ စမ်းသပ်စစ်ဆေးမှု လုပ်ငန်းတွေ ပြီးစီးနေပြီဖြစ်ပေမဲ့ တွံတေးမြို့နယ်ထဲက ၁၉ မိုင် လေးဖာလုံနီးပါးကတော့ တိုင်းထွာမှုလုပ်ငန်းအဆင့်မှာပဲရှိသေးတယ်လို့ ဒလမြို့နယ် တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ရှင်းပြပါတယ်။ ‘ဒလဘက်အပိုင်းမှာတော့ စမ်းသပ်မှုတွေ ပြီးပြီ၊ တွံတေးဘက်မှာတော့ ကျန်နေသေးတယ်၊ တိုင်းထွာလို့ပြီးပြီ၊ စမ်းသပ်ဖို့ပဲ ကျန်တော့တာ၊ ကုန်းပေါ်မှာမြေကြီးက ဘယ်လောက်အနေအထားအထိခံနိုင်ရည် ရှိတယ်ဆိုတာကို စမ်းသပ်နေပါတယ်လို့ ဦးထွန်းရင်က ပြောပါတယ်။ အဲသည်စီမံကိန်းထဲမှာ အဓိက အသုံးပြုမယ့်လမ်းမတွေအဖြစ် ရှိနေတဲ့လမ်းမတွေကိုလည်း ချဲ့ထွင်ဖို့လုပ်ဆောင်နေကြပါတယ်။ လတ်တလောမှာတော့ ဒလ- ဒနှုတ် ၁၃ မိုင်နဲ့ ငါးဖာလုံက လမ်းမဟာ မူလက ၁၂ ပေအကျယ်သာ ရှိတာကြောင့် မြေသား တွေပြန်တင်နေပြီး ၁၆ ပေအကျယ်ရှိအောင် ချဲ့မှာဖြစ်ပါတယ်။ တစ်ဖက်သုံးပေ ထပ်ခင်းသွားမှာပါ၊ ၁၆ ပေဆိုရင် ကားကြီးတွေသွား လို့လွယ်အောင်၊ ရှောင်လို့တိမ်းလို့ လွယ်သွားမယ်၊ အဲဒါကိုချဲ့ နိုင် အောင်လုပ်ဖို့ရှိတယ်၊ အခုက မြေသားလမ်းတွေဆိုတော့ ကားဘီး တွေက လမ်းပေါ်က ချဆင်းလိုက်တာနဲ့ နစ်သွားတာလို့ ဦးထွန်း ရင်က ပြောပါတယ်။ လက်ရှိမှာတော့ အဲသည်လမ်းမတွေကို ထပ်မံချဲ့ထွင်နေဆဲဖြစ်ပေမဲ့ လာမယ့် အောက်တိုဘာလလောက်မှာ အပြီးလုပ်နိုင်ဖို့ ရည်မှန်းထား တယ်လို့ သိရပါတယ်။ဒလမြို့နယ်နဲ့ ရန်ကုန်မြို့တွင်းဘက်ကို ဆက်သွယ်သွားလာနိုင်မယ့် တံတားစီမံကိန်း တစ်ခုလုပ်ဆောင်ဖို့လည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့က စီစဉ်ဆောင်ရွက်နေပါတယ်။ အဲသည်တံတားနဲ့ပတ်သက်ပြီးတော့လည်း စမ်းသပ်စစ်ဆေးမှုတွေပြု လုပ်ပြီးပြီဖြစ်တယ်လို့ သိရပါတယ်။ ‘တံတားနဲ့လမ်းအပိုင်းက ပြီးပါပြီ၊ Third party ကျွမ်းကျင်ပညာ ရှင်တွေနဲ့ ဖွဲ့ထားတဲ့အဖွဲ့ကလဲလာစစ်ပြီးပြီ၊ အစီရင်ခံစာလဲတင်ပြီးပြီ၊ Third party ဆိုတာက တစ်ခါလာစစ်သွားပြီ၊ ပြီးတဲ့အခါမှာလဲ ထပ်ပြီးစစ်မှာပါလို့ ဦးထွန်းရင်က ပြောပါတယ်။ လာမယ့် စက်တင်ဘာလထဲမှာ အဲသည်စီမံကိန်းအတွက်တင်ဒါခေါ် ယူဖို့ရှိနေပါတယ်။ဒါ့အပြင်လာမယ့် ဒီဇင်ဘာလမှာ တံတားတည်ဆောက်ရေးစီမံကိန်း ကို စတင်အကောင်အထည်ဖော်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ တံတားဆောက်မယ့်အပေါ် ပြည်သူလူထု သဘောထားကောက်ခံမှု တွေကိုလည်း ဒလမြို့ဖွံ့ဖြိုးတိုးတက်ရေးပရဟိတအသင်းနဲ့ ဒလ လူမှုကူညီရေးအသင်းက ပြီးခဲ့တဲ့ မတ်လထဲမှစတင်ပြီးလုပ်ဆောင် နေတာတွေရှိနေပါတယ် အဲသည်လို ပြုလုပ်ဖို့ ဘတ်ဂျက် သိန်း ၅၀ဝဝ ကိုတိုင်းဒေသကြီးအ စိုးရအဖွဲ့ဆီက ဒလမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးပြီးတောင်းယူ ခဲ့တာဖြစ်ပါတယ်။ ရရှိလာတဲ့ ဘတ်ဂျက်ထဲက ကျပ်သိန်း ၂၅၀ဝ ကို လမ်းတံတား အတွက်အသုံးပြုမှာဖြစ်ပြီး ကျန်တဲ့သိန်း ၂၅၀ဝ ကိုတော့ ကျေးရွာတွေမှာ လျှပ်စစ်မီးလင်းစေရေးအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ချဲ့ထွင်နေတဲ့လမ်းမတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို လျှပ်စစ်မီးပေးနိုင်ရေးဓာတ်တိုင်တွေစိုက်ထူနေကြတယ်လို့ သိရပါတယ်။’မီးနဲ့ပတ်သက်လို့ကတော့ ပြုလုပ်နေ ဆဲကာလ၊ တပ်ဆင်နေဆဲ ကာလဖြစ်တယ်လို့ ဦးထွန်းရင်က ပြောပါတယ်။ ရေနက်ဆိပ်ကမ်းသစ် စီမံကိန်းတည်ဆောက်မယ့်နေရာမှာ သင်္ဘောများများဆိုက်ကပ်နိုင်အောင်၊ တန်ချိန်များများဝင်နိုင်အောင်၊ လက်ခုပ်ကုန်းကမ်းခြေတစ်ဝိုက်မှာ သင်္ဘောတွေအချိန်မရွေးဆိုက် ကပ်နိုင်ပြီးတန်ချိန်တစ်သိန်းတစ်ပြိုင်တည်းဆိုက် ကပ်နိုင်တဲ့ ရေနက် ဆိပ်ကမ်းသစ်တည်ဆောက်ဖို့လည်း ပါဝင်နေပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာရှိတဲ့ ဆိပ်ကမ်းတွေဟာ စင်ကာ ပူနိုင်ငံကို အမှီပြုနေရပြီး အဆင့်ဆင့်ဖြတ်သန်းနေရလို့ ကုန်ကျတဲ့ စရိတ်ကိုလည်းလျှော့ချနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောဆို ထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီက သိရပါတယ်။ ရန်ကုန်ဆိပ်ကမ်းမှာ တန်ချိန် ၁၅,ဝဝဝ၊ သီလဝါဆိပ်ကမ်းမှာတန်ချိန် ၃၅,ဝဝဝ သာဆိုက်ကပ်နိုင်သာဖြစ်လို့ တန်ချိန်များများနဲ့ အချိန်မရွေး ဆိုက်ကပ်နိုင်တဲ့ရေနက်ဆိပ်ကမ်းတစ်ခုလိုအပ်တယ်လို့ စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်း က ပြောဆိုထားပါတယ်။ အဲသည်ရေနက်ဆိပ်ကမ်းစီမံကိန်းကတော့ ၂၀၁၈- ၂၀၁၉ ခုနှစ်မှာ အကောင် အထည်ဖော်နိုင်ဖို့ ရည်မှန်းထားတယ်လို့သိရပါတယ်။’လောလောဆယ် လျာထားပြီးပြီ၊ ပညာရှင်တွေနဲ့ တိုင်ပင်တာ စီမံချက်တွေလဲ ရေးဆွဲတာ တွေပြီးပြီဆိုရင် လွှတ်တော်ကိုတင်ပြီးတာနဲ့ စလုပ်နိုင်တော့မှာပါ၊ လောလောဆယ် နှုတ်ကတိတော့ သူတို့ ပြော ထားပြီးပြီလို့ ဦးထွန်းရင်က ပြောပါတယ်။ လေဆိပ်သစ် လက်ရှိ ရန်ကုန်လေဆိပ်ဟာလည်း ထပ်ချဲ့ဖို့ မဖြစ်နိုင်တော့သလို အသစ်ဖွင့်မယ်ဆိုတဲ့ ဟံသာဝတီလေဆိပ်ဟာလည်း ရန်ကုန်မြို့နဲ့ မိုင် ၄၀ နီးပါးဝေးကွာနေတာကြောင့် နိုင်ငံတကာကို တိုက်ရိုက်ကူး ပြောင်းသွားလာနိုင်တဲ့ လေဆိပ်တစ်ခုကိုလည်း အဲသည်စီမံကိန်းသစ် ထဲမှာ ထည့်သွင်းထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကို ခြုံငုံသုံးသပ်လိုက်ရင် ကွမ်းခြံကုန်း- ကော့မှူးကျေးရွာကြား သောင်ကုန်ကျေးရွာပတ်ဝန်းကျင်မှာ လေဆိပ်လုပ်ဖို့နေရာအကောင်းဆုံးဖြစ်တယ်လို့ လျာထားတယ်၊ အကွာအဝေးကို ကြည့်လို့ရှိရင်လဲပဲ ရန်ကုန်နဲ့ မိုင် ၂၀ လောက်ပဲရှိ တယ်လို့ ဦးထွန်းရင်က ပြောပါတယ်။ အဲသည်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့လည်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ကဒေသဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကို အလွတ် သဘောခေါ်ပြီးတော့ တွေ့ဆုံဆွေးနွေးတာတွေ၊ အစည်းအဝေးမှာ ရှင်းပြပြောဆိုတာတွေရှိ တယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ကွမ်းခြံကုန်းမြို့နယ်ဘက်မှာ အဲသည် စီမံကိန်းနဲ့ပတ်သက်ပြီး ညွှန်ကြားမှုတစ်စုံတစ်ရာမရရှိသေးတာကြောင့် ထူးထူးခြားခြားလုပ်ကိုင်နေကြတာတော့ မရှိသေးဘူးလို့ ကွမ်းခြံကုန်း မြို့နယ် တိုင်းဒေသကြီးအမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်းက ပြောပါတယ်။ အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး ကော့မှူးမြို့နယ်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်းရာ မှာတော့ လက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။ ရန်ကုန်မြစ်တစ်ဖက်ကမ်းမှာ တည်ဆောက်မယ့် စီမံကိန်းသစ်နဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က master plan ရေးဆွဲနေဆဲ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အကောင်အထည်ဖောနိုင်ဖို့ ရည်မှန်းထားတယ်လို့သိရပါတယ်။ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး အသေးစိတ်အချက် အလက်တွေ ကိုတော့ ပြည်ထောင်စုအစိုးရကိုတင်ပြပြီးမှသာဖော်ပြနိုင်မှာဖြစ်တယ် လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုထားပါတယ်။ လက်ရှိအထူးစီးပွားရေးဇုန်ထဲမှာပါဝင်တဲ့ ဒလမြို့နယ်ဘက်အခြမ်း က မြေကွက်တွေကို ကိုရီးယား၊ ဂျပန်တို့လို နိုင်ငံတွေကလုပ်ငန်း ရှင်တွေကိုစောင့်ကြည့်နေကြတယ်လို့ ဦးထွန်းရင်ကပြောပါတယ်။အဲသည်စီမံကိန်းအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တည်ဆောက်မယ့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ၂၀၁၆ ခုနှစ် အောက်တိုဘာလထဲမှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့တွေ့ဆုံကာ ချပြထားဖူးတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်တွေ ထံကသိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အချက်အချာကျတဲ့စီးပွားရေး ဇုန်ဖြစ်လာဖို့ ရည်မှန်းထားတဲ့အဲသည် အထူးစီးပွားရေးစီမံကိန်းထဲမှာ တော့ ဓာတ်ငွေ့ထွက်စေပြီး လေထုညစ်ညမ်းစေမယ့် စက်ရုံအလုပ်ရုံ မျိုးတွေကို ထည့်သွင်းထားခြင်းမရှိဘူးလို့သိရပါတယ်။ အဲသည်စီမံကိန်းကို စတင်အကောင်အထည်ဖော်တဲ့အခါမှာလည်း အများပြည်သူ အပန်းဖြေနိုင်တဲ့နေရာတွေ၊ ဈေးဝယ်စင်တာတွေ၊ ဟိုတယ်ဇုန်တွေကိုတော့ ထည့်သွင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ Author – ချမ်းသာ
Source : http://ift.tt/2rmZ5z8
via IFTTT
No comments:
Post a Comment