Tuesday, May 30, 2017

7Day News Journal

အစိုးရလုပ်ပိုင်ခွင့်ကို အမတ်များ သဲကွဲစွာသိရန်လိုဟု ဦးဝင်းမြင့်သတိပေး လွှတ်တော်ကိုယ် စားလှယ်များသည် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်၊ တိုင်းဒေသ ကြီးအစိုးရများ၏ လုပ်ပိုင်ခွင့်ကို သဲကွဲစွာ သိရန်လိုကြောင်း ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးပြောကြားသည်။ မေလ ၂၉ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေး၌ တောင်တွင်းကြီးမဲဆန္ဒ နယ်မှ ဦးမင်းသိန်းက တောင်တွင်း ကြီးမြို့လယ်ကောင်တည့်တည့်ရှိ နယူးဒေး စက်သုံးဆီအရောင်းဆိုင် ကို မြို့ပြင်ရှိ သင့်လျော်သည့်နေ ရာသို့ ပြောင်းရွှေ့ပေးရန် အစီ အစဉ်ရှိ၊ မရှိ မေးမြန်းရာ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ပြန်လည်ညှိနှိုင်း၍ လွှတ် တော်သို့ စာဖြင့်ဖြေဆိုမည်ဟု ပြောကြားအပြီးတွင် ဦးဝင်းမြင့်က သတိပေးခဲ့ခြင်းဖြစ်သည်။ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ ဆောင်ရွက်သည့် ကိစ္စရပ်များကို ပြည်သူ့လွှတ် တော်တွင် မေးမြန်းခွင့်ရှိသော် လည်း ယင်းမေးခွန်းများနှင့်ပတ် သက်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက သက်ဆိုင် ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရက ပေးပို့သည့် ဖြေကြား ချက်များကိုသာ လွှတ်တော်သို့ လာရောက်ဖြေဆိုခြင်းဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း သိစေလို ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်ကိုယ်စားလှယ်များ အား ပြောသည်။ ဆက်လက်၍ ဦးဝင်းမြင့်က လွှတ်တော်ကိုယ်စားလှယ်အနေ ဖြင့် လွှတ်တော်ဥပဒေ၊ နည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်အရ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အာ ဏာပိုင်အဖွဲ့များနှင့် ညှိနှိုင်းပူး ပေါင်း ဆောင်ရွက်ခွင့်ရှိကြောင်း ပြောကြားသည်။ အလားတူ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်က ကျိုက် မရောမြို့ အာဇာနည်ကျောက် တိုင်တည်ရှိရာ ပန်းခြံအတွင်းရှိ ရာဇာမင်း စက်သုံးဆီအရောင်း ဆိုင်နှင့် သမဝါယမဆိုင်ခန်းများ ဖယ်ရှားပေးရေးမေးခွန်းကို ဒုဝန် ကြီး ဒေါက်တာထွန်းနိုင်က ပြည် နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရန် ဖြေကြားပြီး နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အောက်ပါအတိုင်း ထပ်မံသတိပေးခဲ့သည်။ ‘‘ကျွန်တော်တို့ ကိုယ်စား လှယ်တွေ လုပ်တာကိုင်တာ အဲဒီ လို သိသာမြင်သာအောင် လမ်း ကြောင်းတည့်ဖို့ လိုတယ်။ လမ်း ကြောင်းမတည့်ရင် ဂျာအေးသူ့ အမေရိုက်နေမှာပဲ။ ဟိုဘက်နဲ့ ဒီဘက်နဲ့ အပေါ်နဲ့အောက်နဲ့။ အဲဒီ လိုမဖြစ်အောင် ကျွန်တော်တို့ ကိုယ်စားလှယ်တွေ နည်းနည်း လေးတော့ သတိထားပြီး အလုပ် လုပ်ပေးပါ’’ဟု ဦးဝင်းမြင့်က လွှတ်တော်သို့ပြောသည်။ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့များဖြင့် ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ရ မည့်ကိစ္စရပ်များကို တိုင်းဒေသ ကြီး၊ ပြည်နယ်၌သာ ဖြေရှင်း ဆောင်ရွက်သင့်ကြောင်းနှင့် ယင်းကဲ့သို့မဟုတ်ပါက လွှတ်တော်၏ အချိန်ကို ဆုံးရှုံးစေကြောင်း ပုလဲ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စန်းလှိုင်က လည်း ယင်းဖြစ်ရပ်များအပေါ် မှတ်ချက်ပြု ပြောကြားသည်။
Source : http://ift.tt/2rfYxJl
via IFTTT

No comments:

Post a Comment