ဆန္ဒထုတ်ဖော်ပွဲနှင့်စပ်လျဉ်း၍ အသိပေးခြင်း နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာဘောလုံးကွင်း၌ ၂၀-၅-၂၀၁၇ ရက်နေ့၊ နံနက် ၉ နာရီတွင် ကန့်သတ်အင်အား ၃၀၀ အပြင် တက်ရောက်လေ့လာသူများဖြင့် ပြုလုပ်ခဲ့သည့် ဆန္ဒဖော်ထုတ်ပွဲအား မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်း(ရန်ကုန်)၏ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာအချို့တွင် အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်ခဲ့သော ဆန္ဒထုတ်ဖော်သူများအတွက် လူပုဂ္ဂိုလ်တစ်ဦးလျှင် ၇၀၀ဝိ/-၊ ၁၀၀၀ဝိ/-၊ ၂၀၀၀ဝိ/- နှင့် ၃၀၀၀ဝိ/-ကျပ်နှုန်းတို့ဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ပြရေးသားလျက်ရှိကြပါသည်။ ဆန္ဒထုတ်ဖော်ပွဲပြီးနောက် ဆန္ဒထုတ်ဖော်သူအချို့မှ ထောက်ပံ့ကြေးများမရရှိကြောင်း၊ အပြန် ခရီးအတွက် အခက်အခဲများစွာကြုံတွေ့ရကြောင်း၊ ၎င်းဆန္ဒထုတ်ဖော်ပွဲအတွက် ငွေကျပ်သိန်း ၈၀၀ဝ ခန့် သုံးစွဲခဲ့ကြောင်း စသည်ဖြင့် လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြနေသည်ကို တွေ့ရှိရပါသည်။ ၎င်းအပြင် ဆန္ဒထုတ်ဖော်ပွဲအတွက် ငွေကျပ်သိန်း ၈၀၀ဝ ကျော်အား သုံးစွဲထားကြောင်း၊ ကုန်ကျ စရိတ်များခန့်မှန်းတွက်ချက်ထားသော အသုံးစာရင်းအားလည်း လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြထားပါသည်။ အဆိုပါငွေများအား ဘယ်ကရပါသနည်း၊ ဘယ်အဖွဲ့အစည်းကထောက်ပံ့ပါသနည်း၊ ၎င်းငွေ များကို မည်သူများကိုင်တွယ်၍ မည်သို့စီမံသုံးစွဲပါသနည်း၊ ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်သူများထဲမှ ထောက်ပံ့ကြေးမရရှိသူများ၊ နေရပ်ပြန်ရန် ငွေကြေးအခက်အခဲရှိသူများအနေဖြင့် မိမိနစ်နာခဲ့မှုများကို အသိပေးလိုပါက ဤဝန်ကြီးဌာနသို့ အကြောင်းကြားနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။ http://ift.tt/2qJPl16
Source : http://ift.tt/2qJPl16
via IFTTT
No comments:
Post a Comment