Wednesday, May 31, 2017

DVB TV News

အာဖဂန်နစ္စတန်တွင် ဗုံးကွဲမှုကြောင့် ၈၀ ခန့် သေဆုံး၊ ရာချီ ဒဏ်ရာရ (ရုပ်သံ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးမြို့က သံတမန်ရပ်ကွက်မှာ ဒီကနေ့ အင်အားပြင်းတဲ့ ကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၈၀ လောက်သေဆုံးပြီး ၃၅၀ လောက်ဒဏ်ရာရသွားပါတယ်။ ဂျာမန်သံရုံးအနီး ဇန်ဘတ်ရင်ပြင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူ အများစုဟာ အရပ်သားတွေဖြစ်ဖွယ်ရှိတယ်လို့ ဘီဘီစီ ကမာ္ဘ့သတင်းမှာဖော်ပြပါတယ်။ ပေါက်ကွဲမှု ပမာဏကြီးမားလို့ လူအတော်များများ သေဆုံးပြီး ဒဏ်ရာရသူ များတယ်လို့ အရာရှိတွေက ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့နေရာက သံရုံးတွေ အစိုးရရုံးတွေ ရှိတဲ့နေရာဖြစ်ပြီး ဘယ်နေရာကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ရဲတွေက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဖြစ်တဲ့နေရာနဲ့ မီတာရာချီ ဝေးတဲ့နေရာက အိမ်တွေမှာလည်း ပြတင်းပေါက်မှန်တွေကွဲ၊ တံခါးတွေ ပွင့်ထွက်ပျက်စီးခဲ့ပါတယ်။ ဒီဗုံးခွဲမှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။
Source : http://ift.tt/2rDDa7P
via IFTTT

No comments:

Post a Comment