ပြည်သူ့ဥယျာဉ်ကို ဗဟိုအစိုးရညွှန်ကြားချက်အရ ငှားရမ်းခဲ့ခြင်းဟု ဦးဌေးအောင် ပြန်ဖြေရှင်း "ရန်ကုန်ပန်းခြံငှားရမ်းခ အရှုပ်တော်ပုံကို လွှတ်တော်လေ့လာနေ"ဟူသည့် သတင်းဆောင်းပါးနှင့် ပတ်သက်ပြီး ရွှေတိဂုံဘုရားအနောက်ဘက်မုဒ်အနီး ပြည်သူ့ဥယျာဉ်အတွင်းရှိ မြေများကို သဘာဝကမ္ဘာ (Natural World) ကုမ္ပဏီသို့ ဗဟိုအစိုးရညွှန်ကြားချက်အရ ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟု ဆာကူရာ ဦးဌေးကအောင်က တုံ့ပြန်ပြောဆိုလိုက်သည်။ " ပြည်သူ့ဥယျာဉ်လိုဟာမျိုးဆိုတာ ဗဟိုအစိုးရရဲ့ညွှန်ကြားချက်အရ ငှားတာလို့ ကျွန်တော် သိရပါတယ်။ ဗဟိုအစိုးရရဲ့ညွှန်ကြားချက်အရ တိုင်းအစိုးရ ကနေပြီးတော့ လမ်းညွှန်ပြီးတော့ လုပ်ပေးရမယ့်တာဝန်ရှိပါတယ်။ ဒါကလည်း လုပ်ထုံးလုပ်နည်းအရ သူ့စည်းမျဉ်းစည်းကမ်းအတိုင်း ချုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ အဲ့လိုပဲ ချုပ်ပေးခြင်းဖြစ်ပါတယ်။ ဒါကိုပြောတဲ့ ရည်ရွယ်ချက်က ဒီလိုပြောခြင်းပဲဖြစ်ပါတယ် " ဟု ဦးဌေးအောင်က မီဒီယာများကို ပြောသည်။ " ရန်ကုန်ပန်းခြံငှားရမ်းခ အရှုပ်တော်ပုံကို လွှတ်တော်လေ့လာနေ " ဟူသည့်ခေါင်းစဉ်ဖြင့် မြန်မာနောင်းသတင်းဌာနက မေလတတိယပတ်အတွင်းက ရေးသားခဲ့သည့် သတင်းဆောင်းပါးအပေါ် ရန်ကုန်မြို့ရှိ M 3 Food Centre တွင် ယနေ့ (မေ ၂၉) သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မီဒီယာများသို့ ပြောခဲ့ခြင်းဖြစ်သည်။ မြန်မာနောင်း သတင်းဌာန၏ အဆိုပါ သတင်းဆောင်းပါးတွင် " တိုင်းဒေသကြီးအစိုးရက ငှားလိုက်ပါဆိုရင် စည်ပင်ကစာချုပ်ချုပ်ပေးလိုက်ရတာပဲ။ ပြည်သူ့ဥယျာဉ်ဆိုရင် ဘာထူးလို့လဲ။ ဝန်ကြီးချုပ်အမိန့်နဲ့ငှားတာပဲ "ဆိုသည့် စကားနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။ " ဦးမြင့်ဆွေ ဝန်ကြီးချုပ်လက်ထက်မှာ အပေါ်က လမ်းညွှန်ချက်နဲ့လုပ်တာ၊ ဦးမြင့်ဆွေသည် သူ့သဘောနဲ့ သူလုပ်တာ မဟုတ်ဘူး " ဟု ဦးဌေးအောင်က ပြောသည်။ အဆိုပါ ပန်းခြံများငှားရမ်းစဉ်က စည်ပင်ကော်မတီဝင်အဖြစ် ဦးဌေးအောင်က တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိတွင် စီးပွားရေးလုပ်ငန်းရှင်အဖြစ် လုပ်ကိုင်လျက်ရှိသည်။ ငှားရမ်းခွင့်ပြုမှုမှာ ရွှေတိဂုံဘုရား နောက်ဘက်မုဒ်အနီးရှိ ပြည်သူ့ဥယျာဉ် အတွင်းမှ မြေဧက ၈၀ ခန့်ကို ၂၀၁၁ ခုနှစ်လောက်က Natural World ကုမ္ပဏီသို့ တစ်ပေ ၆ ကျပ်နူန်းဖြင့် ၂၅ နှစ် ဖြစ်သည်။ အဆိုပါ ပန်းခြံငှားရမ်းခ သဘောတူညီချက်အတွက် နိုင်ငံတော်က ၁၄,၂၈၁ သန်း နှစ်စဉ် ဆုံးရှုံးနစ်နာရသည်ဟု ဧပြီလ ၅ ရက် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက တိုင်းဒေသကြီးလွတ်တော်သို့ ပေးပို့သည့် အစီရင်ခံစာတွင်ဖော်ပြထားကြောင်းလည်း ဆောင်းပါးတွင် ပါရှိသည်။ ဦးဌေးအောင်အနေနဲ့ ပြောဆိုခဲ့သည့်စကားတွင် လက်ရှိစည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့သည့်သူများနှင့် တာဝန်ထမ်း ဆောင်နေဆဲသူများကို မဟုတ်တာလုပ်ခဲ့သည်ဟု သဘောမျိုးမပါဝင်ခဲ့ဟု ဆိုသည်။ ထို့ပြင် သတင်းဆောင်းပါးတွင် ဖော်ပြချက်မှာ ၎င်းပြောဆိုသည့် စကားအပြည့်အစုံ မဟုတ်ဟု ဦးဌေးအောင်က ဆက်လက်ပြောဆိုသည်။
Source : http://ift.tt/2rD3SgQ
via IFTTT
No comments:
Post a Comment