"အမျိုးသားကျန်းမာရေး စီမံကိန်းအရ အစိုးရက ဘာတွေလုပ်ပေးတော့မလဲ" လာမယ့် စက်တင်ဘာလကစပြီး ရန်ကုန်မြို့ရဲ့ မြို့နယ်(၁၀)မြို့နယ်ကို ဦးစားပေးအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုလုပ်ဆောင်တော့မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ အမျိုးသား ကျန်းမာရေး စီမံကိန်းအရ တစ်နိုင်လုံးမှာရှိတဲ့မြို့နယ်(၃၂၉)မြို့နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီနှစ်ကစလို့ အကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။ အခုလုပ်ဆောင်မယ် ့ဦးစားပေးမြို့နယ်တွေကတော့ တောင်ဒဂုံမြို့နယ်၊မြောက်ဒဂုံ မြို့နယ်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံ၊ဆိပ်ကြီး ခနောင်တို၊ကွမ်းခြံကုန်းနဲ့ဒလမြို့နယ်တွေပဲဖြစ်ပါတယ်။ ဒီမြို့နယ်တွေမှာ ကျေးလက်ကျန်းမာရေးဌာန(၁)ခု၊ ဌာနခွဲ(၄)ခုကို အသစ်တည်ဆောက်ပေးမယ်လို့ သိရပါတယ်။ ဆေးရုံ ငါးခု Self Centerအခု(၂၀)ပြုပြင်သွားဖို့ရှိတယ် ဆေးရုံတွေမှာ လိုအပ်တဲ့ဆေး၀ါးတွေဖြည့်ပေးဖို့လဲ အဆင်သင့်ဖြစ်နေပါပြီ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ၀င်းလွင်က ပြောပါတယ်။ ဒီညီလာခံကိုကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနက တာ၀န်ရှိသူတွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအပြင်ပြည်သူတွေလဲ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဒီညီလာခံကရရှိလာတဲ့ဆွေးနွေးချက် ရလဒ်တွေကို National Health Plan( အမျိုးသား ကျန်းမာရေးစီမံကိန်း)ရေးဆွဲရာမှာထည့်သွင်းနိုင်ဖို့အတွက်ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနကိုတင်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်။ National Health Plan(အမျိုးသားကျန်းမာရေးစီမံကိန်း)ဟာ ၂၀၁၇ခုနှစ်ကနေ ၂၀၂၁ခုနှစ်ထိ ငါးနှစ်တာစီမံကိန်းဖြစ်ပါတယ်။ ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး
Source : http://ift.tt/2qYv1aP
via IFTTT
No comments:
Post a Comment