Friday, May 26, 2017


၀န်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ်ပြော နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်လာလျှင် ဗဟိုဘဏ်သည် မည်သည့်အဖွဲ့ အစည်းနှင့်မဆို ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် က ပြောသည်။ အစွန်းရောက် အမျိုးသား ရေးလှုပ်ရှားသူများ၏ ဘဏ်ငွေ စာရင်းများတောင်းခံရာတွင် ဗဟို ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက ပူးပေါင်းဆောင်ရွက်မှုအားနည်း သည်ဆိုသော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးက မေလ ၂၄ ရက်တွင် မီဒီယာများအား ပြော ကြားခဲ့သည့် မှတ်ချက်စကားနှင့် ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ်က ပြန်လည်မှတ်ချက် စကားပြောကြားခြင်းဖြစ်သည်။ ‘‘ဘဏ်တွေမှာ အပ်နှံထား တဲ့ ငွေစာရင်းတွေနဲ့ ပတ်သက်လာရင် သတ်မှတ်ချက်တွေရှိပါတယ်။ ငွေရေးကြေးရေးဥပဒေမှာ ဘယ်လိုငွေစာရင်းတွေ တောင်းရင်ပေးရတယ်။ ဘယ်လိုငွေစာရင်းတွေက တောင်းလို့မရဘူးဆိုတာ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗဟိုဘဏ်က နိုင်ငံတော်အတွက် လိုအပ်လာတဲ့ ကိစ္စရပ်တွေဖြစ် ပေါ်လာတိုင်း၊ တောင်းဆိုလာတိုင်း ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာဌာနတွေနဲ့ အကုန်လုံးပူးပေါင်းပြီးဆောင်ရွက်တာရှိပါတယ်’’ ဟု ဦးဝင်းသော်က ဆိုသည်။ ဗဟိုဘဏ်သည် ငွေကြေး ခဝါချမှုနှင့် ပတ်သက်သည့် အမှု များအတွက် ပြည်ထဲရေးဝန်ကြီး ဌာနက တောင်းဆိုမှုကိုလည်း ပူး ပေါင်းဆောင်ရွက်ပြီး ဘဏ်ငွေ စာရင်းများပေးခဲ့သည်ဟု ၎င်းက ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ပုဂ္ဂ လိကဘဏ်များသည် နေ့စဉ် ငွေ စာရင်းများကို ဗဟိုဘဏ်သို့ ပေး ပို့ရပြီး လစဉ်စာရင်းချုပ်များလည်း ပေးရသည်ဟု ၎င်းကဆိုသည်။ ထို့ကြောင့် ပုဂ္ဂလိကဘဏ်များ သည် ငွေစာရင်းများ ပယ်ဖျက်၊ ဖျောက်ဖျက်ခြင်းလုပ်၍ မရ ကြောင်းနှင့် ထိုသို့မလုပ်ရန် ညွှန် ကြားချက်ထုတ်၍လည်း စာရင်း ပယ်ဖျက်ခြင်းကို တားမြစ်ထား ကြောင်းဦးဝင်းသော်က ဆိုသည်။ ထို့ကြောင့် လက်ရှိအသုံးပြုနေ သည့် ဘဏ်နည်းပညာစနစ်နှင့် ဥပဒေအရ ငွေစာရင်းများကို ပယ် ဖျက်ခြင်းပြုလုပ်၍ မရကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနနှင့် အမရဘဏ် ကြား အချေအတင်ဖြစ်နေသည် ကို ကြားသိရပြီးအခြားဘဏ်များ ကို ဘဏ်ငွေစာရင်းတောင်းခံ သည်ကိို မကြားရသေးကြောင်း မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင် များအသင်းဒုတိယဥက္ကဋ္ဌဦးစိန် မောင်က ပြောသည်။ ‘‘ဘဏ်က တောင်းရင်ပေး ကိုပေးရမယ်။ ဗဟိုဘဏ်ရဲ့ စည်း မျဉ်းစည်းကမ်းဥပဒေအရ ပေးရ မှာပါပဲ။ အစိုးရဌာနတိုင်းတော့ ပေးရမှာ မဟုတ်ဘူး။ တရားရေး၊ ရဲဌာနတောင်းလို့ရတယ်။ ဗဟို ဘဏ်က တစ်ဆင့်တောင်းရင် ပေးရမယ်။ ဓာတ်သိတဲ့ဘဏ်ကို တိုက်ရိုက်တောင်းတာဖြစ်မယ်’’ ဟု ၎င်းက ဆက်လက်ပြောကြား သည်။ အစွန်းရောက်ဘာသာရေး အဖွဲ့အစည်းများကို ကူညီ ထောက်ပံ့ငွေ ကျပ်သန်းငါး ထောင်ခန့်ရှိသည်ဟု သိရသော် လည်း ဘဏ်များက အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှုမရှိခြင်း ကြောင့် သိန်းသုံးထောင်ကိုသာ ဖော်ထုတ်နိုင်သေးကြောင်း သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးသူရဦး အောင်ကိုက မေလ ၂၄ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ၌ ပြောကြားခဲ့သည်။ ယင်းငွေကြေးများကို မည်သည့်နေရာကရ၍ မည်သူက ထောက်ပံ့ထားသနည်းဟု သိလို၍ ၂၀၁၆ က ဗဟိုဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများ၏ အပ်နှံငွေစာရင်းကို ဆောလျင်စွာစိစစ်ပြီး ပြန်ကြားပေးရန် ဗဟိုဘဏ်ထံမေတ္တာရပ်ခံတောင်းဆိုခဲ့သော်လည်း အချိန်နောက်ကျမှ ပြန်ကြားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Source : http://ift.tt/2qpNOtx
via IFTTT

No comments:

Post a Comment