Monday, May 22, 2017

7Day TV

"အသားဈေးနှုန်းကျအောင် အစိုးရစီမံနေပြီ" ပြည်တွင်း ဈေးကွက်မှာ ရောင်းချနေတဲ့ အသားဈေးနှုန်းတွေတင်မကဘဲ စားသောက်ကုန် ဈေးနှုန်းတွေကို ကျဆင်းလာဖို့ အစိုးရအနေနဲ့ တဆင့်ချင်း ဆောင်ရွက်သွားဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာ အသားဈေးနှုန်းတွေကို ကျဆင်းအောင် ဆောင်ရွက်သွားမယ့် အခြေအနေနဲ့ ပတ်သက်ပြီး စီမံကိန်းနဲ့ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်၀င်းက ဆိုပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်မှာဆိုရင် အမဲသား တပိဿာ ဈေးနှုန်းက ကျပ် တစ်သောင်း တစ်ထောင်မှာ ရှိနေပြီး၊ ကြက်သား ဈေးနှုန်းက တပိသာ ကျပ် ၇ ထောင်မှာ ရှိနေတာပါ။ အဲဒီအခြေအနေကို အစိုးရက လျော့ချ နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။နောက်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ တိုင်းဒေသကြီး အစိုးရအနေနဲ့ ကြက်သား ဈေးနှုန်း ကျဆင်းရေး အတွက် ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ဆိုပါတယ်။ နောက်ပြီး အစိုးရအနေနဲ့ မွေးမြူရေး လုပ်ငန်းလုပ်ဆောင်တဲ့ သူတွေကိုလည်း ပြည်တွင်းတင်မက ပြည်ပအထိပါ တရား၀င် ရောင်း၀ယ်ခွင့် ပြုသွားမယ်လို့ ပြည်ထောင်စု ၀န်ကြီး ဦးကျော်၀င်းက ပြောကြားခဲ့ပါသေးတယ်။ အဲဒီထဲမှာ ခိုင်းနွား၊ ခိုင်းကျွဲမွေးမြူ ရေး ၊အသားစားနွား မွေးမြူ ရေးနဲ့ နို့စားနွား မွေးမြူ ရေး လုပ်ငန်းတွေကိုလည်း သင့်လျော်တဲ့ မြေနေရာတွေနဲ့ ငွေကြေး ပံ့ပိုးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ရုပ်သံ သတင်းထောက်- အလှလေးသူဇာ
Source : http://ift.tt/2rKr4pj
via IFTTT

No comments:

Post a Comment