မြကျွန်းသာ အပန်းဖြေဥယျာဉ်နှင့် ပတ်သက်၍ Master Plan ရေး ဆွဲနေပြီး လက်ရှိ ဆောက်လုပ်ထားသော အဆောက်အအုံ များကို ပြန်လည်ပြင်ဆင် တည်ဆောက်စေမည် --- --- --- မြကျွန်းသာ အပန်းဖြေဥယျာဉ်နှင့် ပတ်သက်၍ Master Plan ရေး ဆွဲနေပြီး လက်ရှိ ဆောက်လုပ်ထားသော အဆောက်အအုံ များကို ပြန်လည်ပြင်ဆင် တည်ဆောက်စေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး မြို့တော်၀န် ဦးမောင်မောင်စိုးက မေလ ၂၂ ရက် တိုင်း လွှတ်တော် အစည်းအ၀ေးတွင် ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအ၀ေး၌ ဆိပ်ကြီး ခနောင်တိုမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မြကျွန်းသာ အပန်းဖြေဥယျာဉ်တွင် ပုဂ္ဂလိက ကုမ္ပဏီများက ဆောက်လုပ်ထားသော စီးပွားဖြစ် အဆောက် အအုံများသည် စာချုပ်ပါ သတ်မှတ်ချက်နှင့်ကျော် လွန်၍ အထပ်ကျော် လွန် ဆောက်လုပ်ခြင်း၊ ကန်ရေပြင်နှင့် နီးစပ်စွာ ဆောက်လုပ်နေခြင်း များနှင့် ပတ်သက်၍ မေးမြန်းခဲ့မှုကို မြို့တော်၀န်က ပြန်လည်ဖြေကြား ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အအုံ ဆောက်လုပ်ခြင်းများနှင့် ပတ်သက်၍ ၂၀၁၇ ဇန်န၀ါရီက ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစည်းအ၀ေးတွင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီက Master Plan တစ်ခု ရေးဆွဲ၍ ပြန်လည်ပြင်ဆင် တည်ဆောက်စေရန် ဆုံးဖြတ် ခဲ့ကြောင်း မြို့တော်၀န် ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။ လက်ရှိ ဆောက်လုပ်ထားသော အဆောက်အအုံများသည် ကန်ရေပြင်နှင့် ပေ ၃၀ ခန့်ကွာရ မည်ဆိုသည့်အချက်ကို ကျော်လွန်၍ အချို့သည် ရေစပ်အထိကပ်ကာ ဆောက်လုပ်မှုများရှိနေပြီး စည်းကမ်းချက်များနှင့် လွဲချော်နေခြင်း နှင့် ပတ်သက်၍ ဒေါ်စန္ဒာမင်း၏ မေးမြန်းမှုကိုလည်း မြို့တော်၀န်က ‘‘ပေ ၃၀ က အနည်းဆုံးတော့ ကွာရပါလိမ့်မယ်။ ဖျက်လည်း ဖျက်ရပါလိမ့်မယ်။ ကြိုပြီးတော့ ပြောတာပါ။ ခွင့်လည်း ခွင့်မပေးပါဘူး။ နောက်တစ်ခုက အရှေ့နဲ့ အနောက်လည်း ပြောင်းရပါလိမ့်မယ်’’ဟု ဖြေကြားခဲ့သည်။ ထို့အတူ လက်ရှိအချိန်ထိ လုပ်ငန်းစတင်မှု မရှိသေးသည့် ကုမ္ပဏီများကို ပြန်လည် ရုပ်သိမ်းမည်မဟုတ်ဘဲ ရေးဆွဲထားသည့် MasterPlan အတိုင်း လိုက်နာနိုင်မည်ဆိုပါက လုပ်ငန်းလုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီသည် မြကျွန်းသာ ဥယျာဉ်အတွက် Master Plan ကို စတင် ရေးဆွဲနေပြီး၊ Master Plan ရေးဆွဲပြီးလျှင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြကာ အတည်ပြုချက်ရရှိပါက လွှတ်တော် ကိုယ်စားလှယ်များအား ပြောပြမည်ဟု လည်း ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။ ယခင်အစိုးရ လက်ထက် ၂၀၁၃ ဧပြီ ၁၀ ရက်တွင် စာချုပ်ချုပ်ဆို၍ နှစ် (၆၀) သက်တမ်းဖြင့် တစ်လလျှင် မြေတစ်ဧက ကျပ် ၁၀ သိန်းနှုန်းဖြင့် မြေအငှားချထား ပေးခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစတင်နေသော လုပ်ငန်း အများစုသည် စည်ပင်၏ မူလခွင့်ပြုချက် ပုံစံဖြင့် ကွဲလွဲကာ တည်ဆောက်နေခြင်း ကြောင့်ဟု ဆိုကာ ၂၀၁၆ မတ်လကစ၍ ဆောက်လုပ်ဆဲ လုပ်ငန်းများ ရပ်ဆိုင်းရန် တရား၀င်အသိပေး ညွှန်ကြားထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဇော်မင်းထွန်း The Ladies News http://ift.tt/2qJMuFd
Source : http://ift.tt/2qJMuFd
via IFTTT
No comments:
Post a Comment