မင်္ဂလာတောင်ညွန့် ရုန်းရင်းဆန်ခတ်မှု ရုံးထုတ် ~~~~~~~~~~~~ ■ မင်္ဂလာတောင်ညွန့်မြိုနယ်မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ ပတ်သက်ပြီး ဝရမ်းထုတ်ခံထားရသူ တဦးဖြစ်တဲ့ ကိုမြတ်ဘုန်းမိုရ် ဆိုသူဟာ ဒီကနေ့မနက်ပိုင်းက မင်္ဂလာတောင်ညွန့် မြို့နယ်ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။ ကိုမြတ်ဘုန်းမိုရ်နဲ့ သူ့အရင် ဖမ်းဆီးထားသူ ၄ ဦး အပါအဝင် စုစုပေါင်း ၅ ဦးကို မင်္ဂလာ တောင်ညွန့် မြို့နယ်တရားရုံးမှာ ဒီကနေ့ရုံးထုတ်ခဲ့ပါတယ်။ မေလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ ပတ်သက်လို့ သူတို့ ၅ ဦးနဲ့ ဆရာတော် ဦးသုစိတ္တ၊ ဦးပညာဝံသ အပါအဝင် စုစုပေါင်း ၇ ဦး ကို ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅/ဂ နဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်ရဲစခန်းက တရားစွဲဆိုထားတာပါ။ လက်ရှိမှာ လူ ၅ ဦးကို ဖမ်းဆီးထားပြီဖြစ်ပြီး ဆရာတော် ဦးသုစိတ္တနဲ့ ဦးပညာဝံသတို့ကိုတော့ ဖမ်းဆီးထားတာ မရှိသေးပါဘူး။ ဒီကနေ့ တရားရုံးချိန်းကို အမျိုးသားရေးလှုပ်ရှားသူ တွေ လာရောက်ခဲ့ကြပြီး NLD အစိုးရ ကျဆုံးပါစေ၊ မတရားဥပဒေ ကျဆုံးပါစေ စသဖြင့် ကြွေးကြော်ခဲ့ကြပါတယ်။
Source : http://ift.tt/2q3x4Nm
via IFTTT
No comments:
Post a Comment