"အာနန်ကော်မရှင်နဲ့ ဒီချုပ် ပါတီ ထိပ်ပိုင်းခေါင်းဆောင်များတွေ့ဆုံ" ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်)ထိပ်ပိုင်းပုဂ္ဂိုလ် တွေဟာ ရန်ကုန်မြို့မှာ ရှိတဲ့ ဒီချုပ်ပါတီ ရုံးချုပ်မှာ ဒီနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ် ။ ဒီတွေ့ဆုံမှုမှာ ကော်မရှင်ဘက်က အဖွဲ့ဝင် ၇ ဦးနဲ့ ဒီချုပ်ပါတီနာယက ဦးတင်ဦး အပါအဝင် ပါတီထိပ်ပိုင်းပုဂ္ဂိုလ် ၇ ဦးတို့ ပါဝင်ခဲ့ကြပြီး ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ဒီလိုတွေ့ဆုံရတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကအခုလိုပြောပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့နောက်ဆုံးအပြီးသတ်အစီရင်ခံစာကိုလာမယ့်သြဂုတ်လမှာအစိုးရထံတင်ပြသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။ အဲဒီကော်မရှင်အနေနဲ့ဒီချုပ်ပါတီနဲ့တွေ့ဆုံတာအပြင်ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ ၊တပ်မတော်တို့နဲ့လည်းတွေ့ဆုံသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။ ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်
Source : http://ift.tt/2puxFri
via IFTTT
No comments:
Post a Comment