Tuesday, May 23, 2017

Kumudra

မော်လမြိုင်ကစားသောက်ဆိုင်ဖျက်ဆီးခံရတဲ့ ကိစ္စ အနုကြမ်းစီးခံရတာမဟုတ် ရန်ကုန်၊မေလ ၂၂။ ။ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်မှာရှိတဲ့ တော်၀င်ပန်းစားသောက်ဆိုင် ည၈ နာရီက အနုကြမ်းစီးခံရတာမဟုတ်ဘဲ မိသားစု ပိုင်ဆိုင်မှုနဲ့ပတ်သတ်ကာ အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ကာရံထားတဲ့ ခြံစည်းရိုးတွေကို ဖျက်ဆီးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ “ ဆိုင်ပိုင်ရှင်လင်မယားက တရား၀င်ကွာရှင်းထားတာမကြာသေးဘူးလို့သိရတယ်။ တရား၀င်ကွာရှင်း ထားပေမယ့် ပိုင်ဆိုင်တဲ့ ပစ္စည်း၊ဥစ္စာတွေက မခွဲရသေးဘူး။ယောက္ခမ(ဟောင်း) ကလည်း သမက်(ဟောင်း) ကို ဆိုင်ခန်းထဲ၀င်ခွင့်မပေးဘူး။ မိန်းမကလည်း ၀င်ခွင့်မပေးတဲ့အတွက် မိန်းမနဲ့ယောက္ခမ အပြင်သွားတဲ့အချိန်မှာ အမျိုးသားက ဆိုင်ခန်းထဲ၀င်ထိုင်တယ်။ မိန်းမနဲ့ယောက္ခမကပြန်လာတော့ ပြသာနာဖြစ်ကြပြီး ယောက္ခမနဲ့မိန်းမက ကာထားတဲ့ ခြံစည်းရိုးတွေကို ဖျက်ဆီးခဲ့တာဖြစ်ပါတယ်”လို့ ဇေယျာသီရိနယ်မြေရဲစခန်းက တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။ သူတို့ မိသားစုအတွင်းပြသာနာနဲ့ပတ်သက်ပြီး မော်လမြိုင်တရားရုံးမှာလည်း အမှုဖွင့်ထားတာတွေလည်း အများကြီးရှိပါတယ်လို့သူကဆက်ပြောပါတယ်။ အဆိုပါဖြစ်ရပ်ဟာမေလ ၂၁ ရက်နေ့ ည၈နာရီကဖြစ်ပွားခဲ့တာဖြစ်ပြီး တော်၀င်ပန်းစားသောက် ဆိုင် အနုကြမ်းစီးလုယက်ခံရတယ်လို့ ဖေ့ဘုတ်မှာသတင်းတွေ ပျံ့နှံ့ခဲ့ပြီး လူအများက ထိတ်လန့်ခဲ့ကြရပါတယ်။ တော်၀င်ပန်းစားသောက်ဆိုင်ခြံစည်းရိုး ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး ဆိုင်ရှင်အမျိုးသား ဦးပန်းဦး(ခ)သန်းဦးက ဇေယျာသီရိရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့လည်းသိရပါတယ်။ ဇေယျာသီရိနယ်မြေရဲစခနး်က ဦးပန်းဦး(ခ)သန်းဦးရဲ့ဇနီးနဲ့ယောက္ခမကို (ပ)၁၂၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၅၃နဲ့အမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါတယ်။ Author နှင်းနှင်း
Source : http://ift.tt/2rvHh5e
via IFTTT

No comments:

Post a Comment