မြန်မာ ယူ၂၂ နှင့် မလေးရှား ယူ၂၂ အသင်းတို့ ဇူလိုင်(၁၃)ရက်နေ့တွင် ခြေစမ်းမည် မြန်မာ့ လက်ရွေးစင် ယူ ၂၂ အသင်းသည် ၂၀၁၇ ခုနှစ် မလေးရှား ဆီးဂိမ်းစ် ပြိုင်ပွဲအကြို ပြင်ဆင်မှု အနေဖြင့် မလေးရှားယူ ၂၂ အသင်းနှင့် လာမည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ခြေစမ်းပွဲကစားမည် ဖြစ်ကြောင်းသိရသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဖွဲ့စည်းထားသော မြန်မာ့ လက်ရွေးစင် ယူ၂၂ အသင်းတွင် လူငယ်ကစားသမားများအပြင် လက်ရွေးစင် အသင်းကြီးမှ အသက်မီသည့် လူငယ်ကစားသမား များကို ဖြည့်ဆည်း၍ ဖွဲ့စည်းသွားရန် စီစဉ်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဂတ်ဆီဇီမှ တာဝန်ယူသွားမည် ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်းအဓိက ပြိုင်ပွဲများအဖြစ် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် အာရှ ယူ၂၃ ချန်ပီယံရှစ် ပြိုင်ပွဲတို့ကို ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး လာမည့် ဇွန်လ ၅ ရက်နေ့မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ၂၂ အသင်းကို ဆီးဂိမ်းတွင် အောင်မြင်မှုရရှိရေး အတွက် ခြေစမ်းပွဲများနှင့် နိုင်ငံတကာ ပြိုင်ပွဲများကစားရန် စီစဉ်ထားပြီးမလေးရှားဆီးဂိမ်းစ် မတိုင်မီ နိုင်ငံတကာပွဲ အနည်းဆုံး (၈)ပွဲ ကစားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲများမှာ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် KBZ BANK CUP 2017 ပွဲစဉ်များဖြစ်သည့် ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ ဂျပန်တက္ကသိုလ်များ လက်ရွေးစင် အသင်းတို့ ပွဲစဉ်များ၊ အာရှ ယူ၂၃ ခြေစစ်ပွဲစဉ်များ ဖြစ်သည့် သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်း အသင်းတို့နှင့် ပွဲစဉ်များ၊ မလေးရှား ယူ ၂၂ အသင်းနှင့် ခြေစမ်းပွဲ၊အင်တာမီလန် လူငယ်အသင်းနှင့် ခြေစမ်းပွဲ၊ မွန်ဂိုလီယား နှင့် ခြေစမ်းပွဲတို့ ဖြစ်ကြောင်း သိရသည်။
Source : http://ift.tt/2r4l11F
via IFTTT
No comments:
Post a Comment