သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲကနေ (၈) ချက်တောင်းဆို နေပြည်တော် မေ ၂၀ ရက် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲ ကို ယနေ့ (မေ ၂၀)ရက်နေ့ ရွှေနံ့သာရပ်ကွက်က ဘောလုံးကွင်းမှာ မြန်မာဗုဒ္ဓသာသနာ နိုးကြားရေး အသင်းမှ ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ပွဲပြီးတော့ တောင်းဆိုတဲ့ အချက်တွေရှိပါတယ်။ (၁) နိုင်ငံတော်သမ္မတ နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တို့က မျိုးချစ်တို့၏ ဆန္ဒထုတ် ဖော်မှုများအား အလေးထား ဖြေရှင်းပေးရမည်။ (၂) သူရဦးအောင်ကို၏ လုပ်ဆောင်ချက်များသည် အစ္စလာမ်ဘာသာဝင်များကို အလေးပေးနေ၍ အမြန်ဆုံး နှုတ်ထွက်ပေးရမည်။ (၃) ရဟန်းရှင်လူများအပေါ် ကာမရာဂ အရေးအသားများ ထုတ်ဖော်ရေးသားနေတဲ့ သူရဦးအောင်ကို၏ သမီးဖြစ်သူ မနှင်းစပယ်အောင်ကို အနေဖြင့် လူသိရှင်ကြား တောင်းပန်ရမည်။ (၄) မတရားသဖြင့် အကျဉ်းချ ခံထားရသည့် ဦးဝင်းကိုကိုလတ်တို့အား အမြန်ဆုံး လွှတ်ပေးရမည်။ (၅) ဦးဝီရသူအား တရားဟောခွင့် အမြန်ဆုံး ခွင့်ပြုပေးရမည်။ (၆) အမျိုးဘာသာ ကာကွယ်ရေး စီမံချက်များအား သာသနာရေးဝန်ကြီးမှ အမြန်ဆုံး အကောင်အထည် ဖော်ပေးရမည်။ (၇) တောင်းဆိုချက်များအပေါ် အစိုးရ၏ လုပ်ဆောင်ချက်များအား တစ်လအတွင်း စောင့်ကြည့် လေ့လာသွားမည်။ (၈) အလေးမထားဘူးဆိုပါက သပိတ်စခန်းများ ဖွင့်လှစ်ပြီး အရှိန်မြင့် ဆန္ဒပြ ထုတ်ဖော်သွားမည်။
Source : https://goo.gl/eisXXZ
via IFTTT
No comments:
Post a Comment