၂၀၁၇ ခုနှစ် ဧပြီလကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၂၇၀ တွင်ဒေါ်လာ ၇၁၀၀၇ သန်းကျော်ရရှိထားပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတို့၌ အများဆုံးမြှုပ်နှံထား ပုံ - ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုများသည့် သီလဝါစက်မှုဇုန်၏ တစ်နေရာကို ၂၀၁၆ ခုနှစ် နှစ်ကုန်ခန့်က တွေ့ရစဉ် ၂၀၁၇ ခုနှစ် ဧပြီလကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၂၇၀ တွင်ဒေါ်လာ ၇၁၀၀၇ သန်းကျော်ရရှိထားပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတို့၌ အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံမှ စီမံကိန်း ၁၇၈ ခုမှ ဒေါ်လာ ၁၈ ၅၇၂ သန်းကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူနိုင်ငံမှ စီမံကိန်း ၂၃၉ ခုမှ ဒေါ်လာ ၁၆၉၅၇ သန်းကျော်ဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကာ ထိုင်းနိုင်ငံမှ စီမံကိန်း ၁၀၆ ခုမှဒေါ်လာ ၁၀၉၂၃ သန်းကျော်ဖြင့် တတိယအများဆုံး လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ထို့ပြင် ဟောင်ကောင်မှ စီမံကိန်း ၁၄၆ မှဒေါ်လာ ၇၅၉၉ သန်းကျော်၊ ယူကေမှ စီမံကိန်း ၈၆ ခုမှ ဒေါ်လာ ၄၂၁၁ သန်းကျော် ရင်းနှီးမြှုပ်နှံထားသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကျော် ရရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံများမှာ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ ယူကေ၊ ဟောင်ကောင်၊ မလေးရှား၊ နယ်သာလန်၊ ဂျပန်၊ ပြင်သစ်၊ ယူအက်စ်အေ၊ ကနေဒါ၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊ ဆွစ်ဇာလန်နှင့် ဂျာမနီအပါအဝင် နိုင်ငံပေါင်း ၄၉ နိုင်ငံရှိကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများကြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရန် ဆွေးနွေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားနှင့် နိုင်ငံသား (ဖက်စပ်) ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ Writer: မြတ်စုနိုင်
Source : http://ift.tt/2rn6VJ6
via IFTTT
No comments:
Post a Comment