Wednesday, May 31, 2017

လူပြောများနေတဲ့ ကလေးလမ်းလျှောက်တဲ့ဗီဒီိယိုရဲ့ လျှို့ဝှက်ချက်

လူပြောများနေတဲ့ ကလေးလမ်းလျှောက်တဲ့ဗီဒီယိုရဲ့ လျှို့ဝှက်ချက် ဘရားဇီးနိုင်ငံက ဆေးရုံတစ်ခုမှာ ဝမ်းဆွဲလက်သည်ရဲ့ လက်ထဲကနေ ရှေ့ကို တစ်လှမ်းချင်းတိုးကာ တိုးကာ လမ်းလျှောက် သွားတဲ့ မွေးကင်းစကလေးငယ်ရဲ့ ဗွီဒီယိုဖိုင်ဟာ ကြည့်ရှုသူ သန်း 75 သန်းကျော်အထိ ရခဲ့ပါတယ်။ အဆိုပါ ဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်နဲ့ အငြင်းပွားမှုတွေလည်း ရှိလာခဲ့ပြီးနောက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦး ရဲ့ ရှင်းလင်းချက်ကလည်း စိတ်ဝင်စားဖွယ်ရာ ကောင်းပါတယ်။ နယူးဇီလန်နိုင်ငံ Auckland မှာ တာဝန်ထမ်းဆောင်နေတဲ့ ကလေးအထူးကုဆရာဝန် Anne Tait ရဲ့ ပြောကြားချက်မှာ တော့ ဒီဖြစ်ရပ်ဟာ ထူးထူးဆန်းဆန်း အဖြစ်အပျက်မဟုတ်ပဲ၊ သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်ကြောင်း ဆိုပါတယ်။ သူမက ” ဒါကို Stepping reflex လို့ ခေါ်ပါတယ် … အလွယ်ပြောရရင် ကြွက်သားစနစ်ရဲ့ အလိုအလျှောက် တုန့်ပြန်ခြင်းပေါ့ … ဒါက ကြွက်သားနဲ့ ဖွဲ့စည်းထားတဲ့ သက်ရှိတိုင်း ဖြစ်တတ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒေါက်တာ Anne က ဆက်လက်ပြီး ” ကျွန်မကတော့ ဒီလိုအဖြစ်အပျက်မျိုး ခဏခဏ မြင်နေကျပါ … ဒီထက် ထူးဆန်းတဲ့ အမြင်မျိုးတောင် မြင်ခဲ့ရသေးတယ် .. အဲဒီ ကလေးကတော့ မိခင်ဝမ်းဗိုက်ပေါ်အထိကို တွားသွားပြီး တက်သွားတာပါ .. “လို့ ပြောခဲ့ပါတယ်။ ယခုဗွီဒီယိုထဲမှာ ဝမ်းဆွဲသူနာပြုဆရာမဟာ ခွဲစိတ်ခန်းအဝတ်အစားပြည့် ဝတ်ဆင်ထားပြီး ဘက်ဘက်လက်က ကလေးကို ထိန်းမက်ထားတာကို တွေ့ရပါတယ်။ ကလေး လမ်းလျှောက်တာကို တွေ့တော့ သူမက ” အို ဘုရားသခင် ဒီကောင်မလေး လမ်းလျှောက်တယ်ဟေ့ … ချစ်စရာလေး “လို့ ဘရားဇီးဘာသာနဲ့ အော်ခဲ့ပါတယ်။ Stepping reflex အဖြစ်အပျက်ဟာ မွေးကင်းစ ကလေးမှာ 10 ယောက်မှာ တစ်ယောက် ဖြစ်တတ်တယ်လို့ ဆေး ဘက်ဆိုင်ရာ မှတ်တမ်းကလည်း ဆိုပါတယ်။ ချိုင်းအုံကနေ မချီခံထားရတဲ့ ကလေးဆယ်ယောက်မှာ တစ်ယောက်ကတော့ ဒီလို Stepping reflex (အလိုလျှောက်တုန့်ပြန်လမ်းလျှောက်ခြင်း) ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကိုလမ်းလျှောက် ခြင်းလို့ သတ်မှတ်လို့ မရဘူးလို့လည်း ရှင်းပြထားပါတယ်။ ဗွီဒီယိုထဲမှာ ပါဝင်တဲ့ သူနာပြုဆရာမကတော့ ” သူ့ကို ရေးချိုးပေးမလို့ပါဘဲ သူက လမ်းဆက်လျှောက်တယ်လေ …. (နေရာကို တိုင်းထွာပြလျှက်) ဒီလောက်ကနေ ဒီလောက်အထိ လျှောက်ခဲ့တာပါ တော်တော်လေးကို သိသာပါတယ် .. “လို့ ပြောဆိုခဲ့ပါတယ်။ နတ်စည်တော် (Shwemom) source : thesun.co.uk
Source : http://ift.tt/2qAVApo
via IFTTT

No comments:

Post a Comment