ဆုငွေဒေါ်လာနှစ်သောင်းအထိ ချီီးမြှင်မည့် အာဆီယံ- အမေရိကန်ဆိုင်ရာ အမျိုးသမီးသိပ္ပံဆုအတွက် လျှောက်ထားနိုင် --- --- --- ဆုငွေဒေါ်လာနှစ်သောင်းအထိ ရရှိနိုင်မည့် ၂၀၁၇ အာဆီယံ- အမေရိကန် ဆိုင်ရာ အမျိုးသမီးသိပ္ပံဆု ချီးမြှင့်မည် ဖြစ်ပြီး လျှောက်ထားနိုင်ကြောင်း အမေရိကန်သံရုံး ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါ ၂၀၁၇ ခုနှစ် အာဆီယံ-အမေရိကန်ဆိုင်ရာ အမျိုးသမီးသိပ္ပံဆုအား အသုံးချ သိပ္ပံဘာသာရပ်နှင့် အသက်မွေးနေကြသည့် အမျိုးသမီး ပညာရှင်များ၏ အခန်းကဏ္ဍအတွက် အဓိကထား ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွက် ဆုအနေဖြင့် ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ အခြေခံ အဆောက်အအုံနှင့် လုပ်သား အင်အားစု ဘေးကင်းလုံခြုံရေးကို အဓိကထား ဆောင်ရွက်မှုနှင့်အတူ ကြံ့ကြံ့ခံသည့် မြို့ပြအစီအစဉ် တစ်ခုအပေါ် ထည့်သွင်း စဉ်းစားမှာ ဖြစ်ကြောင်း ဆိုထားသည်။ ဆုရရှိသူဟာ ဒေါ်လာ နှစ်သောင်း ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျင်းပမည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ အာဆီယံဝန်ကြီးများ အဆင့် အစည်းအဝေးပွဲတွင် အသိအမှတ်ပြု ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရသည်။ အဆိုပါဆုနှင့် ပတ်သက်ပြီး သိရှိလိုပါက https://goo.gl/0Bqrxd တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး လျှောက်ထားရန် အတွက် http://bit.ly/aseanapp ၌ ဝင်ရောက်ကြည့်ရှုကာ ၂၀၁၇ ဇွန် ၂၃ ရက် နောက်ဆုံးထားကာ အာဆီယံ-အမေရိကန်ဆိုင်ရာ အမျိုးသမီး သိပ္ပံဆုအတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။ စိုင်းဟန် The Ladies News
Source : https://goo.gl/0Bqrxd
via IFTTT
No comments:
Post a Comment