ရန်ကုန်မြစ်ကြောင်း ထိန်းသိမ်းမှုကို ဇွန်လတွင် ပြုလုပ်မည် မြန်မာနိုင်ငံ၏ ကုန်စည်စီးဆင်းမှုတွင် ကုန်ကျစရိတ်နှင့် Logistics ကို လျော့ကျစေပြီး ကုန်စည် စီးဆင်းမှုများ မြန်ဆန်စေရန် ရန်ကုန်မြစ်ကြောင်း ထိန်းသိမ်းမှုုကို လာမည့် ဇွန်လအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း မေလ ၂၀ ရက်နေ့တွင်ပြုလုပ်သော ဒုသမ္မတနှင့် လုပ်ငန်းရှင်များ ဆဌမအကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက “ကျနော်တို့ ဆိပ်ကမ်းက သင်္ဘောငယ်လေးတွေသာ သွားလာတင်ချ နိုင်တဲ့အတွက် အခု ကုန်စည်စီးဆင်းမှုမှာ အခက်အခဲ ဖြစ်နေပါတယ်။ တနေ့ သုံးခေါက်လောက်ပဲ လုပ်နိုင်သေးတယ်။ ညဘက် အခြေအနေ တွေ ဘယ်လိုဆောင်ရွက်နိုင်မလဲ။ ဒါကြောင့် ရန်ကုန်မြစ်ကြောင်းကို ထိန်းချုပ်ဖို့ ပြင်ဆင်နေပါတယ်။ အစိုးရနဲ့ မြစ်ကြောင်း ကို အခု ဘယ်လိုသွားတယ် ဆိုတာ ထိန်းတဲ့ အခြေအနေ မရှိပါဘူး။ အဲဒါကြောင့် ဇွန်လမှာ စပြေးဆွဲမယ့် water taxi စတာနဲ့ မြစ်ကြောင်း တခုလုံးကို အဆင့်မြင့်ဆုံး နည်းပညာနဲ့ ထိန်းသိမ်းမှာ ဖြစ်ပါတယ်။ လုံခြုံရေးပါ ထိန်းသိမ်းမှာ ဖြစ်ပါတယ်။ မှောင်ခိုဝင်ထွက်နေတဲ့ သင်္ဘောတွေကိုပါ ဒီမြစ်ကြောင်းကနေ ထိန်းသိမ်းသွားမှာ ဖြစ်တာကြောင့် အဆင့်မြင့် နည်းပညာတွေနဲ့ ပြင်ဆင်နေပါတယ်’’ဟု ပြောသည်။ ယင်းကဲ့သို့ အခြေအနေတွင် ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ ကုန်းတွင်းဆိပ်ကမ်းများကို လုပ်ငန်းရှင် များကိုလည်း လုပ်ကိုင်ခွင့် ပေးရန် စီစဉ်နေပြီး Logistics ဈေးနူန်းများကျသွားစေရန် တိုင်းဒေသကြီး အစိုးရဘက်က စတင်ပြင်ဆင်နေခြင်းဖြစ်သော်လည်း ထိန်းသိမ်းမည့် အခြေအနေ အသေးစိတ်ကိုမှု မသိရှိရသေးပါ။ လက်ရှိ မြန်မာနိုင်ငံ၏ ကုန်စည်စီးဆင်းမှုတွင် ကုန်ကျစရိတ်နှင့် Logistics ကို လျော့ကျစေရန် အဓိကအချက်မှာ လေယာဉ်ဆီမှ စ၍ ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် လောင်စာဆီများ ဈေးနူန်းကြီးမြင့်နေခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကာ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ ဝင်ရောက် ယဉ်ပြိုင်နိုင်ရန် စီစဉ်လိုက်သောကြောင့် ပြည်တွင်း လောင်စာဆီဈေးနူန်းများ အနည်းငယ် လျော့ကျခဲ့သည်။ သို့သော် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် အခြားလောင်စာဆီ ဈေးနူန်းများမှာ လက်ရှိ နိုင်ငံတကာ ဈေးနူန်းနှင့် နိူ်င်းယှဉ်လျှင် နိုင်သည့် အခြေနေ မရောက်ရှိသေးကြောင်း သိရသည်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျနော်တို့ ရန်ကုန်မှာ လေယာဉ်လုပ်ငန်းက စလို့ အခြား၊ အခြားသော ကုန်စည် စီးဆင်းမှုတွေနဲ့ အခြားကုန်ကျစရိတ်တွေမှာ လောင်စာဆီတွေက အဓိကကျတဲ့နေရာမှာရှိနေပါတယ်။ ဒါကြောင့် ကျနော်တို့က ဒီထက်ဈေးနူန်းသက်သာစေဖို့အတွက် စီမံနိုင်ရန် ကြိုးပမ်းနေပါတယ်။ အဲဒါကတော့ ကုန်တန်ချိန်ကြီးကြီး သင်္ဘောကြီးတွေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သင်္ဘောကြီးတွေနဲ့ ပို့နိုင်ဖို့ စဉ်းစားနေပါတယ်။ ဒါကို လုပ်နိုင်ရန် Logistics ဈေးနူန်းက ကျသွားမှာ ဖြစ်ပါတယ်’’ဟု ပြောဆိုခဲ့သည်. ယင်းအခြေအနေများကို ဖြေရှင်းရန်မှာ ရေနက်သည့် နေရာများတွင် သင်္ဘောကြီးများမှ တဆင့် ကုန်းတွင်းသို့ ဝင်ရောက်နိုင်ရန်ပြီး ရန်ကုန်မြို့တွင်း ချပေးရန် ပြင်ဆင်လုပ်ဆောင်သွားမည် ဖြစ်ပြီး ယခုအချိန်တွင် လုပ်ဆောင်နိုင် လုပ်ငန်းရှင်များဘက်မှ Proposal များတောင်းခံနေကြောင်း၊ ကုန်တွင်းဆိပ်ကမ်းများကို ရန်ကုန်တိုင်းဒေသကြီးအဖွဲ့မှ နေရာသတ်မှတ်ပြီး လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ အစိုးရသစ်တက်ရောက်လာချိန်တွင် ကုန်စည်စီးဆင်းမှု Logistics ဈေးနူန်းမှာ ၃၀ ရာခိုင်နူန်းခန့် ရှိနေကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံက သိရသည်။
Source : https://goo.gl/i7unST
via IFTTT
No comments:
Post a Comment