သူတော်ကောင်းယောင်ဆောင်ပြီး ကြိမ်ဖန်များစွာ မုဒိမ်းကျင့်ခဲ့သူ၏ လိင်အင်္ဂါကို အိန္ဒိယ အမျိုးသမီး ဓားဖြင့်ဖြတ် ဒေလီ၊ မေ ၂၁ အိန္ဒိယနိုင်ငံတောင်ပိုင်း ကာရာလာပြည်နယ်ရှိ အသက် ၂၃ နှစ်အရွယ် အမျိုး မီးတစ်ဦးကို နှစ်များစွာ မုဒိမ်းပြုကျင့်ခဲ့သည့် ဟိန္ဒူဘာသာရေးဆရာတစ်ဦး၏ လိင်အင်္ဂါကို ယင်းအမျိုးသမီးက ဖြတ်တောက်ပစ်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ အိန္ဒိယ ရဲတပ်ဖွဲ့၏ အဆိုအရ မုဒိမ်းကျင့်သူဟု သံသယရှိသည့် ဂန်ရှာဟာနာ သီယာဘာဒါဆိုသူ ဟိန္ဒူဘာသာရေး ဆရာတစ်ဦးသည် အဆိုပါ အမျိုးသမီး၏ ဖခင်ဖြစ်သူ နာမကျန်းဖြစ်နေသည့်အတွက် ဘာသာရေး ထုံးတမ်းစဉ်လာအရ ဆုတောင်းမှုများ ပြုလုပ်ပေးရန် နေအိမ်သို့ လာရောက်ခဲ့ကြောင်း၊ ယင်းအမျိုးသမီး၏ မိခင်ဖြစ်သူက မိသားစုတွင်း ကံတရားနိမ့်ကျနေမှုများနှင့် အညံ့များကို ဘာသာရေးဆရာ အနေနှင့် ပျောက်ကင်းအောင် လုပ်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ခဲ့ကြောင်း သိရသည်။ သို့သော် အသက် ၂၃ နှစ်အရွယ် သမီးဖြစ်သူက အဆိုပါ ဘာသာရေးဆရာသည် အခွင့်အရေးရလျှင် ရသလို ၎င်းအား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောကြားသည်။ ပြီးခဲ့သည့် သောကြာနေ့တွင်မူ အမျိုးသမီးငယ်က ၎င်းအား မုဒိမ်းကျင့်ရန် ထပ်မံကြိုးပမ်းလာသည့် ဘာသာရေးဆရာအား ဓားဖြင့်ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မုဒိမ်းကျင့်သူဟု စွပ်စွဲခံရသည့် အသက် ၅၄ နှစ်အရွယ် ယင်းအမျိုးသားမှာ သိရုဗန်နာသာပူရန် ဆေးကောလိပ်သို့ အရေးပေါ်သွားရောက်ကာ ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ ဆေးရုံမှ တာဝန်ရှိသူများက ကြေညာချက်ထ ုတ်ပြန်ရာတွင် ကိုလမ်မြို့တွင် နေထိုင်သည့် ဘာသာရေးဆရာသည် စနေနေ့ နံနက်အစောပိုင်းတွင် ဆေးရုံသို့ ရောက်ရှိလာကြောင်း၊ သူ၏လိင်အင်္ဂါမှာ ၉၀ ရာခိုင်နှုန်းခန့် ဖြတ်တောက်ခံလိုက်ရသောကြောင့် မူလအတိုင်း ပြန်ဆက်ပေးရန် နည်းလမ်းမရှိကြောင်း ဖော်ပြခဲ့သည်။ ‘ဆေးရုံမှ ဝါရင့်ပလတ်စတစ်ဆာဂျင်များသည် သွေးထွက်လွန်မှုကို အမြန်ဆုံး ရပ်ဆိုင်းစေရန်နှင့် ဆီးပုံမှန်သွားနိုင်စေရန် ခွဲစိတ်ကုသပေးခဲ့ရသည်’ ဟု ဆေးရုံ၏ ကြေညာချက်က ဖော်ပြသည်။ Times of India သတင်းစာ ဖော်ပြချက်အရ အကြိမ်များစွာ မုဒိမ်းကျင့်ခံခဲ့ရသည် ဆိုသော အဆိုပါ အမျိုးသမီးငယ်၏ ဖခင်ဖြစ်သူမှာ နှစ်များစွာ နာတာရှည်ရောဂါ ခံစားနေခဲ့ရပြီး အိပ်ရာထဲမှ မထနိုင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။ ဒုတိယရဲမင်းကြီး အာရူဘီခရစ်ရှ်နာ၏ အဆိုအရ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ် အနေနှင့် မည်သည့်ရာဇဝတ်မှုမျိုးနှင့်မှ အရေးယူခံရဖွယ် မရှိဟု ပြောကြားထားသည်။ ကာရာလာပြည်နယ် ဝန်ကြီးချုပ် ပင်နရာရီဗီဂျာယန်ကမူ အဆိုပါ အမျိုးသမီးငယ်၏ လုပ်ရပ်သည် သတ္တိပြည့်ဝသည့် လုပ်ရပ်ဖြစ်သည်ဟု ချီးမွမ်းပြောဆိုသည်။ အိန္ဒိယနိုင်ငံတွင် ၂၀၁၂ ခုနှစ်က ဒေလီရှိ ဘတ်စကားတစ်စီးပေါ်၌ ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ပြီးနောက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တိုက်ခိုက်မှုနှုန်းများ မြင့်တက်လျက်ရှိသည်
Source : https://goo.gl/lKgSUR
via IFTTT
No comments:
Post a Comment