Thursday, May 4, 2017

Kumudra

“ရေဆင်းမှာ ဆိုင်ကယ်ဆီးလာတဲ့ ရဲမေနှစ်ဦး ဆယ်ဘီးကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိရာ နှစ်ဦးစလုံးသေဆုံး” နေပြည်တော် မတ် ၄။ ။ နေပြည်တော်ဇေယျာသီရိ မြို့နယ် အတွင်းက ရွှေတွင်းကုန်း မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေ တပ်သား နှစ်ဦး ရုံးထုတ်အစောင့်လိုက်ပြီး အပြန်မှာ တစ်ဘက်ယာဥ်ကျောမှ ဆယ်ဘီးကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိပြီး နှစ်ဦးလုံံး သေးဆုံးခဲ့တယ်လို့ ရေဆင်းရဲစခန်းမှ သိရပါတယ်။ “တာဝန်ထမ်းဆောင်ပြီး တရားရုံးထုတ်ရာ အပြန်၊ ဥတ္တရ ခရိုင်တရားရုံးမှ ရွေတွင်းကုန်းမြို့မရဲစခန်းကို ပြန်လာရာမှာ တိုက်မိတာ ဖြစ်ပါတယ်။” လို့ ရေဆင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ရန်ကုန်- မန္တလေး ေလမ်းဟောင်း ရေဆင်း စျေးအနီး၊ နိုင်းနိုင်းခန်းမရှေ့ မှာ မျက်နှာချင်းဆိုင် တိုက်မိရာမှာ ဆိုင်ကယ်မောင်းနှင်လာသူ ရဲမေနှစ်ဦး အနက်မှ တစ်ဦးက ပွဲချင်းပြီး သေဆုံးခဲ့ပြီး တစ်ဦးကတော့ ကုတင်(၁ဝဝဝ) ဆေးရုံပို့ရာ လမ်း တစ်ဝက်မှာသေဆုံး သွားခဲ့တာ ဖြစ်ပါတယ်။ ဆယ်ဘီးကားမှာ မန္တလေး- ရန်ကုန် အတိုင်း မောင်းနှင်လာပြီး ရဲမေနှစ်ဦးက ရန်ကုန်-မန္တလေးဘက်ကို မောင်းနှင်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ယခု တာဝန်ထမ်းဆောင်ရင်း ယာဥ်တိုက်မှုကြောင့် သေဆုံးသွားတဲ့ ရဲမေနှစ်ဦးမှာ ရဲတပ်သား ဖြစ်ပြီး လုပ်သက်အားဖြင့် တစ်နှစ်ခန့်အချိန်သာ ကြာမြင့်သေးတယ်လို့လည်း သိရပါတယ်။ သေဆုံးသူရဲမေနှစ်ဦးမှာ တစ်ဦးက ပျဥ်းမနားကျည်ထောင်ကန်ဇာတိဖြစ်ပြီး၊ကျန်တဲ့ တစ်ယောက်မှာ မန္တးေလးမြို့မှ တာဝန်လာရောက်ထမ်းဆောင်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ “ဖြစ်စဥ်နဲ့ ပတ်သက်ပြီးတော့ ယာဥ်ထိန်းရဲတွေ ရောက်ပြီး စစ်ဆေးနေပါတယ်။ ပြစ်မှု ဘယ်လောက်နဲ့ အမှုဖွင့်မလဲဆိုတာတော့ မသိရသေးပါဘူး” လို့ရေဆင်းရဲခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ မိုးမိုး photo မူရင်းပိုင်ရှင်ကို creditပေးပါတယ်
Source : http://ift.tt/2qEfKer
via IFTTT

No comments:

Post a Comment