Tuesday, May 23, 2017


တာလေချောင်းတွင် တရားမဝင် ရွှေတူးဖော်နေမှု လွှတ်တော်၌ တင်ပြမည် ကျိုင်းတုံ၊ မေ ၂၃ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် တာလေမြို့ရှိ တာလေချောင်း တစ်လျှောက်တွင် ရွှေဖောင်များဖြင့် တရားမဝင် ရွှေတူးဖော်နေခြင်းကို အရေးယူ ဖြေရှင်းပေးရန် ဇွန်လ ၆ ရက်နေ့၌ ကျင်းပမည့် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း တာချီလိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောကြားသည်။ “ချောင်းတစ်လျှောက်မှာက ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ ရွှေဖောင်တွေ အပါအဝင် ဒေသအသီးသီးကနေ လာရောက်လုပ်ကိုင်နေသူတွေရဲ့ ရွှေဖောင် ၁၀၀ ကျော် ရှိနေတယ်။ စွန့်ပစ်မြေစာတွေကြောင့် ချောင်းက ကောသွားတော့မယ်။ ဒါတွေကို အရေးယူ ဆောင်ရွက်ပေးမှာလား၊ တရားဝင်နည်းလမ်းနဲ့ လုပ်ကိုင်ခွင့်ပြုမှာလား ဆိုတာကို တင်ပြဆွေးနွေးမယ်” ဟု ၎င်းက ဆိုသည်။ တာလေမြို့အနီးဝန်းကျင်ရှိ တောင်ကုန်းများနှင့် ချောင်းတစ်လျှောက်တွင် ၂၀၁၀ ပြည့်နှစ် ဝန်းကျင်က စတင်၍ တရုတ်နိုင်ငံသားများ အပါအဝင် ရွှေတူးဖော်မှု လာရောက်လုပ်ကိုင်သူများစွာ ရှိပြီး တောင်ကုန်းများတွင် စက်ယန္တယားများဖြင့် တူးဖော်ကာ စွန့်ပစ်မြေစာများကို ချောင်းအတွင်း စည်းကမ်းမဲ့စွန့်ပစ်နေကြောင်း၊ ဒေသခံများ အနေနှင့်လည်း လယ်ယာမြေ လုပ်ကိုင်ခွင့်များ လျှောက်ထားပြီး ရွှေတူးဖော်မှု လုပ်ကိုင်နေကြောင်း ယင်းမြို့ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်က တာချီလိတ်ခရိုင် အတွင်းရှိ တာလေမြို့တွင် ရွှေတူးဖော်မှုလုပ်ငန်းများ စတင်ခွင့်ပြုခဲ့ရာ ကုမ္ပဏီ ၂၅ ခုကို ရွှေလုပ်ကွက်ပေါင်း ၄၃ ခု လုပ်ကိုင်ခွင့် ပြုထားကြောင်း ကျိုင်းတုံမြို့ အမှတ် (၂) သတ္တုလုပ်ငန်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာဝန်ခံရုံးထံမှ သိရသည်။
Source : https://goo.gl/KilmyP
via IFTTT

No comments:

Post a Comment