Saturday, May 27, 2017


ချေးငွေစာချုပ် ချုပ်ဆိုထားသော်လည်း လုပ်ငန်း အကောင်အထည်ဖော်မှု မရှိသေးသည့် စီမံကိန်းများရှိနေ --- --- --- နိုင်ငံများ နိုင်ငံတကာ အဖွဲ့အစည်းများအလိုက် ၂၀၁၅ ခုနှစ်တွင် ချေးငွေ စာချုပ် ချုပ်ဆိုထားသော်လည်း လုပ်ငန်း အကောင်အထည်ဖော်မှု မရှိသေးသည့် စီမံကိန်းများ တွေ့ရှိ၍ ထိထိရောက်ရောက် အလျင်အမြန် ဆောင်ရွက်ရန်နှင့် တာ၀န်ယူမှု တာ၀န်ခံမှုတို့ဖြင့် ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ငွေစာရင်း ပူးပေါင်း ကော်မတီက မေလ ၂၆ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအ၀ေးတွင် သဘောထားမှတ်ချက် ပေးခဲ့သည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင် ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထား အစီရင်ခံစာကို မေလ ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တင်သွင်းခဲ့ပြီး သဘောထားမှတ်ချက် ပေးခဲ့ခြင်းဖြစ် သည်။ ယခင်အစိုးရ လက်ထက် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အထိ ငါးနှစ်အ တွင်း ပြည်ပမှ ချေးငွေကျပ် ၁,၉၂၆ ဒသမ ၄၆၅ ဘီလီယံနှင့် ပြည်တွင်း ချေးယူငွေသည် ကျပ် ၇,၄၄၄ ဒသမ ၅၆၉ ဘီလီယံရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာ တွင် ဖော်ပြထားသည်။ ပြည်ပ ကြွေးမြီများတွင် တရုတ်နိုင်ငံမှ ချေးငွေသည် အများဆုံးဖြစ်ပြီး၊ ဒုတိယ အများဆုံးသည် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေဖြစ်ကြောင်း တရုတ်မှ ၄,၃၁၂ ဒသမ ၂၈၆ သန်းနှင့် ဂျပန်မှ ၁,၉၈၈ ဒသမ ၃၅၄ သန်းဖြစ်ကြောင်း သိရသည်။ ၂၀၁၆ မတ်လ ၃၁ ရက်အထိ ပြည်ပ ကြွေးမြီလက်ကျန် ကန်ဒေါ်လာ ၉,၅၃၀ ဒသမ ၂၅၂ သန်းကို ၀န်ကြီးဌာန အလိုက် ချေးယူခဲ့ရာတွင် လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနမှ ကန်ဒေါ်လာ ၃,၂၆၅ ဒသမ ၈၃၂ သန်းဖြင့် အများဆုံး ဖြစ်သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာနက ကန်ဒေါ်လာ ၂,၂၁၆ ဒသမ ၉၀၆ သန်းဖြင့် ဒုတိယ အများဆုံး ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။ နိုင်ငံတော်၏ ကြွေးမြီကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် နာယက မန်း၀င်းခိုင်သန်းက ဆွေးနွေးလိုသည့် ကိုယ်စား လှယ်များရှိပါက မေလ ၃၀ ရက် နောက်ဆုံးထားကာ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာထားသည်။ ဇော်မင်းထွန်း The Ladies News http://ift.tt/2r886vF
Source : http://ift.tt/2r886vF
via IFTTT

No comments:

Post a Comment