Tuesday, May 16, 2017


အငြိမ်းစားဝန်ထမ်းလစာ မိုဘိုင်းလ်ဖုန်းဖြင့် ထုတ်နိုင် ရန်ကုန်၊ မေ ၁၅ အငြိမ်းစားဝန်ထမ်းလစာများကို ဘဏ်သို့ သွားရောက်စရာ မလိုဘဲ မိမိ မိုဘိုင်းလ်ဖုန်းဖြင့် ငွေသား ထုတ်ယူနိုင်ကြောင်း Myanmar Mobile Money (MMM) ထံမှ သိရသည်။ ယင်းဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် အငြိမ်းစား ဝန်ထမ်းများ အနေနှင့် သက်ဆိုင်ရာဘဏ်၌ မိုဘိုင်းလ် ဝန်ဆောင်မှုစနစ်ကို ချိတ်ဆက်ထားရန် လိုအပ်မည်ဖြစ်ပြီး မိမိနှင့်နီးစပ်ရာ Myanmar Mobile Money အေးဂျင့်ဆိုင်များတွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း MMM မှ အထွေထွေ မန်နေဂျာ ဦးရဲထွဋ်မင်းက ပြောကြားသည်။ ယင်းဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် MECTel ဆင်းမ်ကတ်များဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ငွေထုတ်ယူရာတွင် ဝန်ဆောင်ခ ကျပ်ငါးရာ ကောက်ခံမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ မိုဘိုင်းလ်ဖုန်းဖြင့် ငွေထုတ်ယူနိုင်သည့် Mobile Payment ဝန်ဆောင်မှုလုပ်ငန်းကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ အင်းဝ ဘဏ်နှင့် Myanmanr Mobile Money (MMM) တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် Myanmar Mobile Money က တစ်နိုင်ငံလုံးတွင် အေးဂျင့်ပေါင်း သုံးထောင်ကျော်အထိ ရှိနေပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
Source : http://ift.tt/2pQKw2a
via IFTTT

No comments:

Post a Comment