Saturday, May 20, 2017


မဒေးကျွန်း တရုတ်ရေနံပိုက်လိုင်း မှ ရေနံစိမ်း တစ်တန်ပို့လွှတ်တိုင်း မြန်မာနိုင်ငံမှ ဖြတ်သန်းခ တစ်ဒေါ်လာရရှိမည် နိုင်ငံတကာ ဈေးကွက်မှ ရေနံစိမ်းများကို မဒေးကျွန်းမှ မေလ ၂ ရက် တွင် စတင်ပို့လွှတ်ခဲ့ရာ ရေနံပိုက်လိုင်းမှ ရေနံစိမ်းတစ်တန် ပို့လွှတ် တိုင်း မြန်မာနိုင်ငံမှ ဖြတ်သန်းခ တစ်ဒေါ်လာ ရရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အခြေစိုက် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ နိုင်ငံတကာဈေးကွက်မှ ရေနံစိမ်းများကို မဒေးကျွန်းမှ မေလ ၂ ရက် တွင် စတင်ပို့လွှတ်ခဲ့ရာ မြန်မာ-တရုတ် ရေနံပိုက်လိုင်း စီမံကိန်း နမ့်ခမ်းတိုင်းတာရေး စခန်းသို့ မေလ ၁၉ ရက်နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ ရေနံပိုက်လိုင်း စီမံကိန်း အောင်မြင်စွာ လည်ပတ်နိုင်ရန် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှ နို၀င်ဘာလ ၃၀ ရက်အထိ ပိုက်လိုင်းတွင် ရေဖြင့် စမ်းသပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။ မြန်မာ-တရုတ် ရေနံ ပိုက်လိုင်း စီမံကိန်း စတင် လည်ပတ်ခဲ့ပြီးနောက် နှစ်နိုင်ငံ သဘောတူ စာချုပ် အရ ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ နှစ်စဉ် ရေနံစိမ်းတန်ချိန် ၂၂ သန်း ပို့လွှတ်မည်ဖြစ်သည်။ ၎င်းအနက် ရေနံစိမ်း တန်ချိန်ပေါင်း သိန်း ၂၀ ကို မြန်မာနိုင်ငံ၏ စွမ်းအင် လိုအပ်ချက်အတွက် ဖြည့်ဆည်း ပေးမည်ဖြစ်ရာ ဒေသစီးပွားရေး ဖွံ ့ဖြိုး တိုးတက်မှု အတွက်လည်း အထောက်အကူ ပြုနိုင်မည်ဖြစ်ပြီး၊ ရေနံပိုက်လိုင်းမှ ရေနံစိမ်း တစ်တန် ပို့လွှတ်တိုင်း မြန်မာနိုင်ငံမှ ဖြတ်သန်းခ တစ်ဒေါ်လာ ရရှိနိုင်မည် ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ရေနံနှင့် သဘာ၀ ဓာတ်ငွေ ့စီမံကိန်းမှ ရရှိနိုင်သည့် အကျိုးအမြတ်မှာ နိုင်ငံတော် အခွန်၀င်ငွေ နှစ်စဉ် Rightway fee ကန်ဒေါ်လာ ၁၃.၈၁ သန်း ဖြစ်ပြီး၊ စီမံကိန်း၏ အစုရှယ်ယာ၀င် အနေဖြင့် ရင်းနှီးမြှုပ်နှံမှုမှ အမြတ်၀င်ငွေ ၊ Training ရန်ပုံငွေ နှင့် လူမှုစီးပွား ပံ့ပိုးငွေ တို ့ကိုလည်း နှစ် ၃၀ ကြာ ခံစားနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာ-တရုတ် သဘာ၀ ဓာတ်ငွေ ့ပိုက်လိုင်း စတင် လည်ပတ်ချိန်မှ ယခုချိန် အထိ ကျောက်ဖြူ ၊ ရေနံချောင်း ၊ တောင်သာ နှင့် မန္တလေး off-take station ၄ ခုဖြင့် မြန်မာ ပြည်တွင်း အတွက် သဘာ၀ ဓာတ်ငွေ ့ကုဗမီတာ ၁.၆ ဘီလီယံ (ကုဗပေသန်း ၅၆၅၀၄)ကျော် ပို ့လွှတ်ခဲ့သည်။ မြန်မာ-တရုတ် ရေနံပိုက်လိုင်း ပို ့ဆောင်ရေး သဘောတူ စာချုပ်ကို ယခု ၂၀၁၇ ခုနှစ် ဧပြီလ ၁၀ ရက်တွင် နှစ်နိုင်ငံ တရား၀င် စာချုပ် ချုပ်ဆိုခဲ့ပြီး စီမံကိန်း စတင် လည်ပတ်ခဲ့ကာ နိုင်ငံတကာ ဈေးကွက်မှ ရေနံစိမ်းကို မဒေးကျွန်း ဆိပ်ကမ်းတွင် လွှဲပြောင်းခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာ-တရုတ် ရေနံ နှင့် သဘာ၀ဓာတ်ငွေ ့ပိုက်လိုင်း စီမံကိန်းတွင် သဘာ၀ ဓာတ်ငွေ ့ပိုက်လိုင်း နှင့် ရေနံပိုက်လိုင်း ပါ၀င်ပြီး ၂၀၁၀ ခုနှစ် ဇွန်လမှ စတင် တည်ဆောက်ခဲ့ကြောင်း ၊ မြန်မာ-တရုတ် ရေနံပိုက် လိုင်းကို မြန်မာ့ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်း ( MOGE ) နှင့် တရုတ် CNPC တို ့မှ အကျိုးတူ ရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၁၄ ခုနှစ် မေလ ၃၀ ရက်တွင် စီမံကိန်း တည်ဆောက်ခြင်း လုပ်ငန်း ပြီးစီးခဲ့ကြောင်း သိရသည်။ ဇော်မင်းထွန်း The Ladies News http://ift.tt/2pVFWEY
Source : http://ift.tt/2pVFWEY
via IFTTT

No comments:

Post a Comment