မူးယစ်မှောင်ခိုအဖွဲ့နှင့် ထိုင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်၊ ၉ဦးအသေမိ ဧရာဝတီ 15 May 2017 ထိုင်း- မြန်မာနယ်စပ် ရွှေတြိဂံဒေသ၌ မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့နဲ့ ထိုင်းနယ်ခြားစောင့် တပ်အကြား ပစ်ခတ်မှု ဖြစ်ပွားရာ မူးယစ်မှောင်ခို ၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့စနေနေ့က နယ်စပ်ဖြတ်ကျော်လာတဲ့ မူးယစ်ဆေးဝါးဖွဲ့နဲ့ ထိုင်းနယ်ခြားစောင့်တပ်ဟာ မြန်မာ နယ်စပ်နဲ့ ၂ကီလို မီတာ အကွာမှာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ လက်နက်ချခိုင်းသော်လည်း ပြန် လည်ပစ်ခတ်တဲ့အတွက် ၁၀မိနစ်ခန့်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဆိုပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်သူတို့ဘက်မှ ၉ဦးသေဆုံးသလို၊ မက်သာဖက်တမင်း ဆေးပြား ၇သိန်းနဲ့ ချေမှုန်းရေးရိုင်ဖယ်တွေကိုလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ ယင်း မူးယစ်မှောင်ခိုအဖွဲ့မှာ ၁၅ဦးခန့် ပါဝင်ပြီး၊ သေဆုံးသူတွေဟာ လားဟူလူမျိုးများဖြစ်ကြောင်း မူးယစ်ဆေးဝါးရောင်း ဝယ်သူ ကျနွိုင်အဖွဲ့မှ ဖြစ်ကြောင်းဆိုသော် အတည်ပြုခြင်းမရှိသေးပါဘူး။
Source : https://goo.gl/T4UsR8
via IFTTT
No comments:
Post a Comment