ထိုင်းဆေးရုံ ဗုံးဖောက်တိုက်ခိုက်မှုခွဲမှု ၂၄ ဦး ဒဏ်ရာရ ထိုင်းနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတဲ့ ၃ နှစ်ပြည့်တဲ့ ဒီနေ့မှာ ဘန်ကောက်မြို့က ပရာမောင်းကွတ်ကလောင်ဆေးရုံမှာ ဗုံးပေါက်ကွဲပြီး လူ ၂၄ ယောက် ဒဏ်ရာရသွားပါတယ်။ အဲဒီဆေးရုံဟာ စစ်သားတွေနဲ့ သူတို့မိသားစုဝင်တွေ၊ စစ်တပ်က အငြိမ်းစားတွေကြား ရေပန်းစားတဲ့ ဆေးရုံဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ ဗုံးထဲကဖန်ကွဲစတွေနဲ့ ဒဏ်ရာရတာလို့ စစ်ဘက်ဆိုင်ရာအမျိုးသား လုံခြုံရေးဌာနကပြောပါတယ်။ ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ လက်သည်မပေါ်သေးပေမယ့်၊ စစ်အုပ်ချုပ်ရေးကို မကြိုက်တဲ့အတိုက် အခံတွေရဲ့လုပ်ရပ်ဖြစ်နိုင်သလို၊ နိုင်ငံတောင်ပိုင်းဒေသက မွတ်စလင်ခွဲထွက်ရေးအဖွဲ့တွေရဲ့ လက်ချက်လည်း ဖြစ်နိုင်တယ်လို့ သံသယရှိနေပါတယ်။ ဖောက်ခွဲမှုနဲ့ပတ်သက်လို့ ကင်မရာမှတ်တမ်းတွေ စစ်ဆေးနေတယ်လို့လည်း ရဲအရာရှိက ပြောပါတယ်။
Source : http://ift.tt/2qOQRxt
via IFTTT
No comments:
Post a Comment