အမရဘဏ်နှင့်ပတ်သက်၍ ရှင်းလင်းချက် ဘာသာရေး၊ လူမှုရေးအစွန်းရောက်အဖွဲ့အစည်းတစ်ခုအား ထောက်ပံ့သောငွေများသည် ပုဂ္ဂလိက ဘဏ်အချို့နှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ၂၀၁၆ ခုနှစ်၊ ဇူလိုင်လဆန်းတွင် သတင်းများထွက်ပေါ် ခဲ့ပါသည်။ သို့ဖြစ်၍ ပုဂ္ဂလိကဘဏ်များတွင် ဘာသာရေး/လူမှုရေးအဖွဲ့အစည်းများ အပ်နှံထားငွေ များကို ဗဟိုဘဏ်မှတစ်ဆင့် ဤဝန်ကြီးဌာနက စုံစမ်းမေးမြန်းခဲ့ပါသည်။ ဤဝန်ကြီးဌာနသို့ ပြန်ကြား ခဲ့သည့်အချက်အလက်များအရ သတင်းရရှိသည့် ငွေပမာဏနှင့်ကွဲလွဲမှုများ ရှိနေခဲ့ပါသည်။ ၂၀၁၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့၊ ဆန္ဒပြပွဲနှင့်ပတ်သက်၍ သတင်းထောက်များက ဆန္ဒပြပွဲ ဖြစ်မြောက်အောင် စီစဉ်သူများထံသို့ ငွေကြေးထောက်ပံ့မှု အကြောင်းအရာအား မေးမြန်းရာတွင် အမရဘဏ်ကို ဥပမာပြု၍ ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဤဝန်ကြီးဌာနအနေဖြင့် ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ၏ ဘဏ်အသီးသီးတွင် အပ်နှံငွေများနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်သို့ မေလ ၂ ရက်နေ့တွင် မေးမြန်းခဲ့ရာ ယနေ့အချိန်ထိ သတင်းအချက်အလက်ပြန်ကြားမှု မရရှိသေးပါ။ သတင်းထောက်များအား ဖြေကြားရာတွင် စိတ်ဆန္ဒစောစွာဖြင့် အမရဘဏ်အမည်ကို ဥပမာပေး ပြောကြားခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်၍ ဘဏ်တာဝန်ရှိသူများထံသို့ ၂၅-၅-၂၀၁၇ ရက်နေ့တွင် တောင်းပန် ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်။ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန http://ift.tt/2rTPgGK
Source : http://ift.tt/2rTPgGK
via IFTTT
No comments:
Post a Comment