Monday, May 22, 2017

The Voice

ရုရှားနှင့် တရုတ် အာကာသစစ်ပွဲအတွက် ပြင်ဆင်ဟုဆို ဝါရှင်တန်၊ မေ ၂၁ ရုရှားနှင့် တရုတ်တို့သည် အာကာသစစ်ပွဲ ဆင်နွှဲရန် ကြိုတင်ပြင်ဆင်သည့် အနေနှင့် အာကာသအတွင်း ဂြိုဟ်တုဖျက်လက်နက်များကို တည်ဆောက်လျက် ရှိကြကြောင်း အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဌာနမှ ဒါရိုက်တာ ဒန်ကုတ်စ်ဟု ပြောကြားချက်ကို International Business Times သတင်းတွင် ဖော်ပြထားသည်။ ရုရှားနှင့် တရုတ်တို့သည် အမေရိကန်တို့၏ စစ်ရေး၊ ပြည်သူ့အရေး၊ စီးပွားရေး ကိစ္စရပ်အားလုံးတွင် ပြိုင်ဆိုင်သည့် အနေနှင့် လိုက်လံလုပ်ဆောင်လျက်ရှိပြီး၊ ယခုလည်း အာကာသထဲမှ ဂြိုဟ်တုများကို တိုက်ခိုက်ရေးနှင့် အနာဂတ် အာကာသစစ်ပွဲ ဆင်နွှဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း ကုတ်စ်သည် ဆီးနိတ်အထူးကော်မတီသို့ ထောက်လှမ်းရေးကိစ္စနှင့် ပတ်သက်ပြီး တင်ပြရာ၌ ထည့်သွင်းပြောကြားသွားကြောင်း ယင်းသတင်းက ဆိုသည်။ ရုရှားရော တရုတ်ပါ ASAT ဟုခေါ်သည့် ဂြိုဟ်တုဖျက်လက်နက်များကို တည်ဆောက်ကာ အမေရိကန်တို့၏ စစ်ရေးစွမ်းရည်ကို ဖျက်ဆီးနိုင်အောင် ကြိုးပမ်းနေကြကြောင်း ကုတ်စ်က ထည့်သွင်းပြောကြားသွားသည်။ နှစ်နိုင်ငံ အာကာသအတွင်း ထားမည့် ASAT လက်နက်များသည် လာမည့် နှစ်အနည်းငယ်အတွင်း ပြီးစီးကာ အသင့်အနေအထား ဖြစ်နေလိမ့်မည်ဟုလည်း သူက ဆိုသည်။ ရုရှားစစ်တပ်သည် အာကာသထဲတွင် တန်ပြန်ဖျက်လက်နက်များကို တပ်ဆင်ထားခြင်းက အာကာသအတွင်း လွှတ်တင်ထားသည့် ဂြိုဟ်တုအားလုံးအတွက် အန္တရာယ် ဖြစ်နိုင်ကြောင်း၊ ရုရှားစခန်းများတွင် တပ်ဆင်ထားသည့် ဆင်ဆာစနစ်များကလည်း မည်သည့်နိုင်ငံက လွှတ်တင်ထားသည့် ဂြိုဟ်တုမဆို လုံခြုံမှု မရှိနိုင်ကြောင်း၊ အထူးသဖြင့် ရုရှားလေတပ်သည် အမေရိကန် ဂြိုဟ်တုများနှင့် လေယာဉ်များကို လေဆာလက်နက်များဖြင့် ပစ်ခတ်နှိမ်နင်းရန် ဗျူဟာမြောက် ပြင်ဆင်နေခြင်းမှာ သိသာထင်ရှားကြောင်း ကုတ်စ်က ပြောကြားသည်။ တရုတ်နှင့် ရုရှားတို့၏ ဂြိုဟ်တုဖျက်လက်နက်များ အကြောင်းကို ဝါရှင်တန်က ပြောကြားနေစဉ်မှာပင် အမေရိကန်ပြည်ထောင်စုက အာကာသအတွင်း စေလွှတ်ထားသည့် Boeing X-37B အာကာသယာဉ်ကြီးသည် မြေပြင်ကို ပြန်လည်ဆင်းသက်လာပြီ ဖြစ်သည်။ ယင်း X-37B ယာဉ်သည် အာကာသအတွင်း ရက်ပေါင်း ၇၀၀ နေထိုင်ခဲ့ပြီးနောက် အခြားသော ဂြိုဟ်တုနှင့် အာကာသယာဉ်များကို ထောက်လှမ်းခဲ့ရုံမက အချို့သော ဖျက်ဆီးမှုများကိုပါ လုပ်ဆောင်နိုင်ခဲ့ကြောင်း International Business Times တွင် ရေးသားထားသည်။
Source : https://goo.gl/tkzM3g
via IFTTT

No comments:

Post a Comment