မြန်မာ့လက်ရွေးစင်အသင်းအား ပြန်လည်ဖွဲ့စည်း ================================ ရန်ကုန် မေ ၃ဝ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် မကာအိုအသင်းနှင့်ယှဉ်ပြိုင်ရမည့်အာရှဖလားခြေစစ်ပွဲနှင့် စင်ကာပူခြေစမ်းခရီးစဉ်အတွက် ကစားသမား ၂၃ ဦးရွေးချယ်လိုက်ပြီဖြစ်သည်။ ယခုပြန်လည် ရွေးချယ်လိုက်သည့် လက်ရွေးစင်အသင်းတွင် လက်ရွေးစင်အသင်းနှင့် ကာလအတန်ကြာဝေးကွာနေသည့် ကျော်ဇင်ထက်(ဂိုး)နှင့် မင်းမင်းသူတို့ ပါဝင်လာသည်။ မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုး-သီဟစည်သူ(ရှမ်း)၊ ကျော်ဇင်ထက်(ရန်ကုန်)၊ ပြည့်ဖြိုးအောင်(Southern)၊ နောက်တန်း- နန္ဒကျော်၊ ကျော်ဇင်လွင်(မကွေး)၊ ဇော်မင်းထွန်း၊ ဒေးဗစ်ဒန်း(ရန်ကုန်)၊ ထိုက်ထိုက်အောင်၊ ဝင်းမင်းထွဋ်(ရှမ်း)၊ သောင်လျပ်ထျန်(ချင်း)၊ သိန်းသန်းဝင်း(ရတနာပုံ)၊ အလယ်တန်း-ရန်အောင်ကျော်(ရန်ကုန်)၊ ရန်နိုင်ဦး၊ တင်ဝင်းအောင်(ရှမ်း)၊ မောင်မောင်လွင်(ဟံသာဝတီ)၊ စည်သူအောင်၊ မျိုးကိုထွန်း(ရတနာပုံ)၊ ဆောင်လမန်(ချင်း)၊ မင်းမင်းသူ(ဧရာဝတီ)၊ ဇင်ဖြိုးအောင်(ဇွဲကပင်)၊ ရှေ့တန်း- အောင်သူ(ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်)၊ သန်းပိုင်(ချင်း)တို့ပါဝင်ကြသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန် ၃ ရက်အတွင်း စတင်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာအသင်းသည် အာရှဖလားခြေစစ်ပွဲအဖြစ် ဇွန် ၁၃ ရက်တွင် မကာအိုအသင်းနှင့်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန် ၃ ရက်တွင် စခန်းဝင်လေ့ကျင့်မှု စတင်မည်ဖြစ်ပြီး ဇွန် ၄ ရက်တွင် စင်ကာပူနိုင်ငံ၌ခြေစမ်းပွဲများကစားရန် ထွက်ခွာမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန် ၆ ရက် တွင် စင်ကာပူလက်ရွေးစင်အသင်း၊ ဇွန် ၉ ရက်တွင် စင်ကာပူကလပ် နီဂါတာအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (ချစ်ကိုကို)
Source : http://ift.tt/2rjAU2e
via IFTTT
No comments:
Post a Comment