Thursday, June 1, 2017

Kumudra

ချီလီသဲကန္တာရမှာ ကမ္ဘာ့အကြီးဆုံးတယ်လီစကုပ်ကြီး စတင်တည်ဆောက် မေ ၂၇ – ချီလီနိုင်ငံမှာ အလွန်အမင်းကြီးမားတဲ့ဥရောပတယ်လီစကုပ်ကြီး( ELT) တည်ဆောက်မှုကို သောကြာနေ့ က စတင်ခဲ့ပြီး သည်ဆောက်လုပ်မှုပြီးဆုံးသွားပြီဆိုတာနဲ့ သည်တယ်လီစကုပ်ဟာ ကမ္ဘာပေါ်မှာအကြီးဆုံး တယ်လီစကုပ်ကြီးတစ်ခုဖြစ်လာမှာဖြစ်ပြီး သည်နေ့ခေတ်အသုံးပြုနေတဲ့ ကောင်းကင်ကြည့်တယ်လီစကုပ်တွေ ထက် ငါးဆပိုပြီးကြီးမားမှာဖြစ်ပါတယ်။ ELT ရဲ့အရွယ်အစားကြောင့် စကြဝဠာနဲ့ပတ်သက်ပြီး လူတွေနားလည်သဘောပေါက်မှုကိုပြောင်းလဲပေးနိုင်မယ့် အလားအလာရှိတယ်လို့ ဒါကို တီထွင်သူတွေကပြောပါတယ်။ သည်တယ်လီစကုပ်ရဲ့အဓိကမှန်သားပြင်ဟာ အချင်း ၃၉မီတာ (၄၃ ကိုက်)ခန့် ရှိမယ်လို့ သိရပါတယ်။ အတ္တာကာမာသဲကန္တာရအလယ်က မီတာသုံးထောင်အမြင့်ရှိတဲ့တောင်ပေါ်မှာ ထားမယ့်သည်တယ်လီစကုပ်ကို ၂၀၂၄ မှ စတင်အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ အခြားစွမ်းဆောင်ရည်တွေထဲမှာ ဂြိုဟ်တွေ၊ လှည့်ပတ်နေတဲ့ကြယ်တွေကိုလေ့လာနေတဲ့ သုတေသီတွေရဲ့ စူးစမ်းလေ့လာမှုတွေကိုလည်း မွမ်းမံပေးသွားမှာဖြစ်ပြီး ပိုပြီးသေးငယ်တဲ့ဂြိုဟ်တွေကိုရှာဖွေပေးနိုင်စွမ်းနဲ့ ပိုပြီးကြီးမားတဲ့ဂြိုဟ်တွေကို ပုံရိပ်ဖမ်းယူပေးကာသက်ရှိတွေ ရှိမရှိကိုသိရှိဖို့အတွက် အဓိကလုပ်ဆောင်မှုဖြစ်တဲ့ သည်ဂြိုဟ်တွေရဲ့လေထုကိုလည်း ခွဲခြားသွားနိုင်တော့မှာဖြစ်ပါတယ်။ ချိုလေးငယ် ref:Reuters. May 26, 2017
Source : http://ift.tt/2spmzk9
via IFTTT

No comments:

Post a Comment