Thursday, June 1, 2017

7Day News Journal

လယ်ယာထွက်ကုန်များကို ကြိုတင်ဝင်ငွေခွန် ကောက်ခံမှုအပေါ် ဝေဖန် လယ်ယာထွက်သီးနှံ များရောင်းချမှု ကျပ်ငါးသိန်းအ ထက်ဆိုပါက ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကောက်ခံမည့်အစီအ စဉ်အပေါ် တောင်သူလယ်သမား များနှင့် မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်မှ တာဝန်ရှိသူများက ဝေဖန်နေကြသည်။ လယ်သမားများသည် သီးနှံ ပေါ်ချိန်တွင် စျေးနှုန်းကျဆင်း သည့် စိန်ခေါ်မှု၊စျေးကွက်ခိုင်မာမှု မရှိသည့် စိန်ခေါ်မှုများကြောင့် ဝန်ထုပ်ဝန်ပိုးများ ကြုံတွေ့နေရ ချိန်၌ အခွန်ကောက်ခံသည့် အစီ အစဉ်ကို မပြုလုပ်သင့်ကြောင်း ၎င်းတို့က ပြောသည်။ ‘‘ပွင့်ပွင့်လင်းလင်းပြောရ မယ်ဆိုရင် လယ်သမားတွေထံက အခွန်ကောက်ခံမှုကို လုံးဝသ ဘောမတူပါဘူး’’ ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်ကျော်က ပြောသည်။ စပါးတစ်ရာရရှိရန် အချိန် ကြာမြင့်စွာရင်းနှီးလုပ်ကိုင်ခဲ့ရပြီး သီးနှံရောင်းချချိန်တွင် ကြိုတင် ဝင်ငွေခွန် ပေးရခြင်းသည် လယ်သ မား တစ်ဦးအတွက် ဝမ်းနည်းစရာ ဖြစ်သည်ဟု ကျောင်းကုန်းမြို့ နယ်မှ လယ်သမားဦးပြူးက ဆို သည်။ လယ်ယာလုပ်ငန်းလုပ်ကိုင် ရန် အရင်းအနှီးနှင့်လယ်ယာလုပ် သားရရှိရန်မှာ တောင်သူလယ်သ မားများအတွက် နှစ်စဉ်ရုန်းကန်နေရကြောင်း ဦးပြူးကဆိုသည်။ လယ်တစ်ဧကအတွက် ထွန်ယက်စိုက်ပျိုးရေးစရိတ်၊ အလုပ်သမားခ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးကဲ့သို့ သွင်းအားစု ကုန်ကျစရိတ်နှင့် ရိတ်သိမ်းချိန်တွင် ကုန်ကျစရိတ် စုစုပေါင်းသည် ကျပ်နှစ်သိန်းမှ သုံးသိန်းကြားရှိသဖြင့် ရောင်းချချိန်တွင် ကျပ် ငါးသိန်းကျော်ပါက အခွန်ကောက်ခံမှုသည် လယ်သမား များလယ်ယာလုပ်ငန်းခွင်ကို စွန့် လွှတ်ရန် တွန်းအားတစ်ခု ဖြစ်လာ မည်ကို လွတ်လပ်သောတောင် သူလယ်သမားအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်ကပြောသည်။ ‘‘စိုက်ပျိုးစရိတ်ချေးငွေအလုံ အလောက်မရဘဲ ရုန်းကန်နေရတဲ့ လယ်သမားတွေဆီကို အခွန်ထပ် ကောက်မယ့်ကိစ္စ အစိုးရအနေဖြင့် အသေအချာစဉ်းစားသင့်တယ်’’ ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်း ရေးမှူး ဦးရဲမင်းအောင်ကအကြံပြုသည်။ လယ်သမားများက မျိုးစပါး၊မြေဆီ၊ မြေသြဇာစျေးကြီးနေသည့် အခြေအနေမျိုးကို အစိုးရက ပံံ့ပိုးပြီး လယ်ယာထွက်သီးနှံများကို စျေးနှုန်း သတ်မှတ်ရောင်းချနိုင် ရန် ဆောင်ရွက်မည်ဆိုလျှင် လယ် သမားများအနေဖြင့် အခွန်ကျေ ပွန်အောင် ထမ်းဆောင်နိုင်သည် ဟု ရန်ကုန်တိုင်းထန်းတပင် မြို့နယ်ညွန့်ပေါင်းကျေးရွာအုပ်စုမှ ကြို့ပင်ဝိုင်းကျေးရွာ လယ်သမား ဦးအောင်မြင့်သိန်းက ပြောကြားသည်။ ‘‘ကျွန်တော်တို့ကနိုင်ငံတော် ကို တာဝန်ကျေစပါးသွင်းရတဲ့ ခေတ်ကလည်း အဲဒီလိုလုပ်ရတာ ပဲ။ တာဝန်ကျေစပါးကလယ်သ မားတွေက ကြိုတင်ငွေထုတ် တယ်။ ပြီးရင်အစိုးရသတ်မှတ် စျေးနဲ့ပြန် ဝယ်တယ်ဆိုလည်း သတ် မှတ်စပါး တင်းရေပြည့် အောင်ပေးရတာပဲလေ’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ထို့အပြင် ကုန်သည်၊စက်ပိုင် များထံမှ တစ်ဆင့် ကြိုတင်ဝင်ငွေ ခွန်ပေးရမည့်အစီအစဉ်ကိုလည်း မနှစ်သက်ကြောင်း ကုန်သည်၊ စက်ပိုင်များနှင့် စျေးနှုန်းညှိနှိုင်း၍ အခွန်ရှောင်မှုများ ဖြစ်လာနိုင် ကြောင်း ဦးအောင်မြင့်သိန်းက ပြောသည်။ လယ်ယာထွက်သီးနှံများ ရောင်းချမှု ကျပ်ငါးသိန်းနှင့်အ ထက်ဆိုပါက ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုလယ်သမားများထံမှ ဝယ်ယူသည့်ကုန်သည် စက်ပိုင် များက ကောက်ယူရန်၊ ကြိုတင် ဝင်ငွေခွန် ဖြတ်ထားရန် ပျက်ကွက်ပါက အရေးယူခံရမည်ဟု ဧပြီ ၁ ရက်ကထုတ်ပြန်သည့် အမိန့် ကြော်ငြာစာ၌ ဖော်ပြထားသည်။ သို့သော်လက်ရှိတွင် ဖရဲ၊ သ ခွားစသည့် သစ်သီးဝလံများကို တရုတ်နိုင်ငံသို့မူဆယ်မှ တစ်ဆင့် တင်ပို့ရာ၌ တောင်သူ များထံမှ ကြို တင်ဝင်ငွွေခွန် ၂ ရာခိုင်နှုန်းကို ကောက်ခံလျက်ရှိသည်။ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန် ကြီးဌာနက ယခု ကဲ့သို့ အမိန့်ကြော်ငြာစာ ထပ်မံ ထုတ်ပြန်ခြင်းသည် အခြားလယ် ယာသီးနှံများ ရောင်းဝယ်မှုတွင် လည်း ကြိုတင်ဝင်ငွေခွန်ကောက် ခံရရှိရန်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်း သီးဟင်းရွက် တင်ပို့ရောင်းချသူ များအသင်း အတွင်းရေးမှူး ဦး ကျော်သူက ပြောသည်။ ‘‘ကျွန်တော်တို့ကိုကြိုတင် ဝင်ငွေခွန်ကကောက်နေတာကြာ ပြီ။ အဲဒါကိုပယ်ဖျက်ပေးဖို့ပြော တော့ အစိုးရဘက်က အသင်းအ ဖွဲ့တွေနဲ့ဆွေးနွေးတယ်။ ပယ်ဖျက်ပေးရမလားလို့။ ဒါပေမဲ့ ပဲ၊နှမ်းအ သင်းကကျတော့ ဒီ ၂ရာခိုင်နှုန်း ကို မပယ်ဖျက်စေချင်ဘူး။ သူတို့ ကကျတော့ လေရောင်း၊ လေဝယ် ဆိုတော့ လိမ်လည်တဲ့ပြဿနာ တွေရှိတယ်။ ဒီလိုကြိုတင်ဝင်ငွေ ခွန်ကောက်ရင် အဲဒီပြဿနာတွေ နည်းတော့ မပယ်ဖျက်ဖို့ပြော တော့ အခုလိုစာထပ်ထွက်တာ ပေါ’့’ ဟု ဦးကျော်သူကပြောသည်။ ဖရဲ၊သခွားများကိုတရုတ်နိုင် ငံသို့တင်ပို့ရာတွင် ပွဲရုံများကကြို တင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို တောင်သူများထံမှ ဖြတ်တောက် နေသည်မှာ ယခင်ခေတ်အဆက် ဆက်ကတည်းကဖြစ်ပြီး တောင် သူများအတွက် နစ်နာမှုများရှိနေ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊သခွားစိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများ အစုအဖွဲ့ဒုတိ ယဥက္ကဋ္ဌဦးသစ္စာက ပြောကြား သည်။ အခွန် ၂ရာခိုင်နှုန်းကိုပွဲရုံများ က ဖြတ်တောက်ပြီး အစိုးရသို့ တစ်ဆင့် အခွန်ဆောင်သော ကြောင့် တောင်သူများအတွက်မူ အခွန်ဆောင်ကြောင်း အထောက် အထားမရရှိ သဖြင့် နစ်နာကြောင်း ၎င်းကပြောသည်။ အခွန်ဆောင် ပြီးကြောင်း အထောက်အထားမ ရှိ၍ တစ်စုံတစ်ရာ ဝယ်ယူမည်ဆိုပါက ငွေဖြူမပြနိုင်မှု ကြုံရ ကြောင်း ၎င်းကပြောသည်။ ‘‘တောင်သူတွေကမိုးလေဝ သအပေါ်မှာ မှီခိုပြီးလုပ်ကိုင်နေရ တာ။ မိုးလေဝသကမမှန်တဲ့အချိန် မှာ နူရာဝဲစွဲတဲ့အလုပ်မျိုးမလုပ် သင့်ဘူးထင်တယ်’’ ဟု ကြိုတင် ဝင်ငွေခွန်ကောက်ခံမည့်အပေါ် ဦးသစ္စာက မှတ်ချက်ပြုသည်။ အ စိုးရအနေဖြင့် တောင်သူလယ်သ မားများကို ထိရောက်သည့် ထောက်ပံံ့ကူညီမှုများပြုလုပ်ပြီးမှ အခွန်ကောက်ခံသင့်ကြောင်း ၎င်း ကပြောသည်။ လက်ရှိတွင် စိုက် ပျိုးရေးသွင်းအားစု စျေးနှုန်းများ သည်အိမ်နီးချင်းနိုင်ငံများထက် နှစ်ဆခန့် မြင့်တက်ခြင်းကို အစိုးရ ကဖြေ ရှင်းပေးရန်လိုကြောင်း ၎င်း ကဆို သည်။
Source : http://ift.tt/2spFA5Y
via IFTTT

No comments:

Post a Comment