Friday, June 2, 2017

7Day News Journal

ကွန်ဆိုင်းမန့်စနစ် ကားများကို စလစ်အစား ငွေပေးသွင်းပြီး မှတ်ပုံတင်ခွင့်ပြု ဇွန်လကုန်အထိ ရောင်း ချနိုင်ခြင်းမရှိပါက မူလနိုင်ငံသို့ ပြန်ပို့ရမည့် အပ်ကုန်စနစ် ကွန် ဆိုင်းမန့်ဖြင့် တင်သွင်းလာသည့် ကားများကို ဇွန်လ ၁ ရက်ကစ တင်၍ အောက်တိုဘာအထိ စလစ်ကပ်စရာမလိုဘဲ လိုင်စင် ၀င်ခွင့်ပြုခဲ့သည်။ ကွန်ဆိုင်းမန့် ကားများအ တွက် စလစ်အစား ကျပ်သိန်း၃၀၊ သိန်း ၆၀ အသီးသီးငွေပေးသွင်းပါ က နယ်လိုင်စင်ဖြင့် မှတ်ပုံတင်ခွင့် ပြုခြင်းကို စတင်ခွင့်ပြုခြင်း ဖြစ်သည်။ ၁၉၉၅ မှ ၂၀၀၀ မော်ဒယ် အထိကို ကျပ်သိန်း ၃၀၊ ၂၀၀၀ မော်ဒယ်မှ ၂၀၀၅ မော်ဒယ်အထိ ကို ကျပ်သိန်း ၆၀ ပေးသွင်း၍ နယ်လိုင်စင်ဖြင့် ခွင့်ပြုခြင်းဖြစ်သည်။ ယင်းကားအားလုံးကို လာ မည့် အောက်တိုဘာ ၃၁ ရက် အထိ ရောင်းချခြင်း၊ မှတ်ပုံတင် ခြင်းများ ဆောင်ရွက်နိုင်ခြင်းမရှိ ပါက နိုင်ငံတော်ပိုင်အဖြစ် သိမ်း ဆည်းမည်ဟု စီးပွားရေးနှင့် ကူး သန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြော ကြားသည်။ တစ်နိုင်ငံလုံးတွင် ကွန်ဆိုင်း မန့်စနစ်ဖြင့် တင်သွင်းထားပြီး မှတ်ပုံတင်ရန် ကျန်ရှိနေသော ယာဉ်အစီးရေ ၁,၅၀၀ ကျော်ရှိနေ ၍ ငါးလအတွင်း အပြီးသတ်မှတ် ပုံတင်ရတော့မည်ဖြစ်သည်။ မူလက အစီးရေ ၆,၀၀၀ ကျော်ဟုဆို၍ မော်တော်ယာဉ် တင်သွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်းနှင့် စီးပွား ကူးသန်းမှ တာ၀န်ရှိသူများကွင်း ဆင်းစစ်ဆေးရာတွင် အစီးရေ ၁,၅၀၀ ခန့်သာ ကျန်ရှိကြောင်း KL Seven မန်နေဂျင်းဒါရိုက်တာ ကိုကြည်သာဟန်က ပြောသည်။ ‘‘ဒီကားတွေက ရောင်းမ ထွက်လို့ ကျန်ခဲ့တဲ့ကားတွေ အ များဆုံးပဲ။ တချို့ကားအရောင်း စင်တာတွေက ရှယ်ယာပြန် ရောင်းဖျက်သိမ်းတာတွေလည်း ရှိတယ်။ ရှိုးရွန်းတွေက ကားတွေ ကျန်ခဲ့တာ အင်ဂျင်ပါ၀ါကြီးပြီး လူမကြိုက်တဲ့ ကားတွေ များ တယ်’’ ဟု ကိုကြည်သာဟန်က ပြောသည်။ ယခုအစီအစဉ်သည် လက် ရှိကားဈေးကွက်အပေါ် ကြီးကြီး မားမားသက်ရောက်မှု မရှိနိုင် ကြောင်း မော်တော်ယာဉ် တင် သွင်းရောင်းချသူများက သုံးသပ် သည်။
Source : http://ift.tt/2rsjwbZ
via IFTTT

No comments:

Post a Comment