Friday, June 2, 2017

7Day News Journal

ဒေါ်လာသန်း ၁၀၀ စီမံကိန်းတွင် မန္တလေး-ညောင်ဦးရေလမ်းကြောင်းကို အဓိကထား ဆောင်ရွက်မည် ကမ္ဘာ့ဘဏ်ချေးငွေ ကန်ဒေါ်လာသန်း ၁၀၀ ဖြင့်လုပ် ဆောင်သော ဧရာ၀တီမြစ်၀ှမ်း ဘက်စုံစီမံခန့်ခွဲရေးစီမံကိန်းတွင် မန္တလေး-ညောင်ဦးရေလမ်း ကြောင်းကို အဓိကထားဆောင် ရွက်မည်ဟု မန္တလေးတိုင်းလျှပ် စစ်၊ စွမ်းအင်နှင့် ဆောက်လုပ် ရေး၀န်ကြီး ဦးဇာနည်အောင်က ပြောသည်။ အဆိုပါ စီမံကိန်းကို ၂၀၁၅ ဇန်န၀ါရီက စတင်လုပ်ဆောင်ခဲ့ ကာ ငါးနှစ်စီမံကိန်းအဖြစ် လုပ် ဆောင်နေခြင်းဖြစ်သည်။ ‘‘ခရီး သည်တင်သင်္ဘောတွေ၊ ကုန် တင်ယာဉ်သင်္ဘောတွေ ကောင်း မွန်စွာ သွားလာနိုင်ဖို့အဆင့်မြှင့် တင်လုပ်ဆောင်နေခြင်း ဖြစ်ပါ တယ်။ မန္တလေး-ညောင်ဦးက က နဦး ရေကြောင်းကျပ်တဲ့နေရာ တွေမှာ တိုးချဲ့ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နောက်ပြီး ညောင်ဦး -ရန်ကုန်လမ်းကြောင်းကို လုပ် ဆောင်သွားပါမယ်’’ ဦးဇာနည် အောင်ကပြောသည်။ လက်ရှိ မန္တလေး-ညောင် ဦးရေလမ်းကြောင်းတွင် ရေလွှဲ များတည်ဆောက်ခြင်း၊ သဲနုန်း များ တူးဖော်ခြင်းတို့ လုပ်ဆောင် နေပြီး မန္တလေးဆိပ်ကမ်းရှိ ရေ လမ်းကြောင်းများ၌လည်း သောင် တူးဖော်ခြင်း၊ မြစ်ရေတိုင်းတာ ခြင်းလုပ်ငန်းများနှင့် သုတေသန လုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်သည်။ အဆိုပါလုပ်ငန်းများ ပြီးစီး ပါက ညောင်ဦး-ရန်ကုန်ရေလမ်း ကြောင်းများကို အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်သည်။ စီမံကိန်းများကို ပြည် ထောင်စုအစိုးရအဖွဲ့က တာ၀န်ယူလုပ်ဆောင်နေ၍ စီမံကိန်းတွင် မိုးလေ၀သနှင့် သက်ဆိုင်သော လုပ်ငန်းများ၌ ပါ၀င်မည် ဖြစ် ကြောင်း မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ၀န် ကြီးဌာနမှ သိရသည်။ စီမံကိန်းတွင် ကမ်းပြိုကာ ကွယ်ခြင်းလုပ်ငန်းများပါ၀င်မည် မဟုတ်ဘဲ အဆိုပါလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် သာ လုပ်ဆောင်မည်ဟုဆိုသည်။ ဧရာ၀တီမြစ်ရေကို နှစ်စဉ် နို၀င်ဘာ ၁၅ မှ မေလ၁၅ ရက် အထိ ရေနည်းကာလအဖြစ် ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သတ်မှတ်ထားပြီး နွေရာသီရေကျချိန် တွင် သောင်များထွန်းကာ ရေ ယာဉ်များ သောင်တင်ခြင်း၊ ရေ လမ်းကြောင်းများ ပျက်စီးခြင်းတို့ ကြောင့် ဌာနက ရေစူးကန် သတ် မှတ်ချက်များ နှစ်စဉ်ထုတ်ပြန် ရသည်။
Source : http://ift.tt/2sme9Lu
via IFTTT

No comments:

Post a Comment