YBS (၅၈) ခရီးသည် တင်ယာဉ် အတက်အဆင်းမှန် တံခါးကိုခွဲခဲ့သည့် အမျိုးသားလေး ဦးကို ခရီးသည်များက ၀ိုင်း၀န်း ဖမ်းဆီးပေးခဲ့ကြောင်း သတင်းရရှိ သည်။ အငှားယာဉ်စီးလာသည့် အမျိုးသားလေးဦးက ဇွန်လ ၁၁ ရက် နံနက်တွင် YBS ဂိတ်ထိုးရာ သခင်မြပန်းခြံရှေ့၌ မှန်ခွဲခြင်းဖြစ်ကြောင်း YBS ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးက ပြောသည်။ ‘‘ကျွန်တော်တို့ စီးလာတဲ့ ကားက ရွှေပုစွန်မီးပွိုင့်နားမှာရပ် နေတယ်။ မီးပွိုင့်က စိမ်းနေပေ မယ့် ဘုန်းကြီးတွေဆွမ်းခံကြွပြီး လမ်းကူးတော့ ကားတွေအကုန် လုံးရပ်ပြီး မသွားဘူး။ ဒါကို အငှား ပေါ်ကပါလာတဲ့ အမျိုးသားတွေ က နောက်ကနေဆဲတယ်။ သခင် မြပန်းခြံရှေ့ရောက်တော့ ကားရပ် ခိုင်းပြီး YBS (၅၈) ခရီးသည်တင် ကား ရှေ့အတက်ပေါက်ကမှန်ကို ခွဲတာပါ’’ဟု ၎င်းက ပြောသည်။ ကားမှန်ခွဲသည့် အမျိုးသား တစ်ဦးလက်ထဲတွင် ကားဘီးလဲ ရာ၌ အသုံးပြုသည့် ဘောက်စပန်နာဖြင့် ရှေ့အတက်အဆင်း ကားမှန်ကိုခွဲခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသူ တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း YBS (၅၈) ခရီးသည်တင်ယာဉ်လိုင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။ ‘‘ကျွန်တော်တို့ကားကို နောက်ကနေ လိုက်တိုက်တယ်လို့ ပြော ပါတယ်။ အဲဒီလိုဖြစ်လာပြီး သခင်မြပန်းခြံရောက်တော့မှ ကားမှန်ခွဲ တာပါ။ ခရီးသည်တွေထဲက မကျေနပ်တဲ့သူတွေက ၀ိုင်းပြီး သူတို့ကိုဖမ်းပေးပါတယ်။ အလုံ ရဲစခန်းမှာ အမှုဖွင့်ဖို့လုပ်နေပါ တယ်’’ဟု ၎င်းက ဆိုသည်။ ကားမှန်ခွဲခံရသည့် ကိစ္စနှင့် ပတ်သက်၍ YBS (၅၈) ခရီးသည် တင်ယာဉ်လိုင်းမှ တာ၀န်ရှိသူတစ် ဦးက တိုင်စာရေးသားနေပြီး အမှု ဖွင့်လှစ်စစ်ဆေးမည် ဖြစ်ကြောင်း အလုံမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်မင်းနိုင်က ပြောသည်။ Share
Source : http://ift.tt/2s1SrfS
via IFTTT
No comments:
Post a Comment